all about bleeding gums

All about bleeding gums

The Blossoms
The Blossoms 29 Jun 2024

Pinky Gums But No Bleedy Ones

ကိုယ့်မှာ သွားဖုံးသွေးယိုမှုတွေဖြစ်လို့ စိုးရိမ်နေမိပြီလား?? သွားဖုံးသွေးယိုတာက ဘာတွေကြောင့်ဖြစ်တတ်သလဲ??သွားဖုံးသွေးယိုတာတို့ သွားဖုံးရောင်တာတို့ လို့ ကြားလိုက်ရင် ကင်ဆာဖြစ်နိုင်တယ်လို့ တသမတ်တည်း မစဉ်းစားလိုက်ပါနဲ့ ။ တခြားဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်တဲ့ caseတွေ ရှိပါတယ်။ ဒါဆိုရင်တော့ရုပ်ချောချောလေးနဲ့အဆုံးထိဖတ်ကြည့်လိုက်ရအောင်🥰

Are you worrying about your gums bleeding?? What actually causes gum bleeding??Whenever you hear about gums bleeding and swelling, don’t always consider you have cancer. There are many other alternative causes of gum bleeding. So, if you want to know further about gums bleeding, let’s dive into this till the end.🥰

သွားဖုံးသွေးယိုခြင်းက:

👉သွားကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခြင်း

👉ခဏခဏသွားတိုက်ခြင်း

👉သွားကြားထိုးခြင်း

👉ဆေးလိပ်သောက်ခြင်း

👉ကွမ်းယာစားခြင်း

👉ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း ( ကိုယ်ဝန်ဆောင်စဉ်အတွင်း)

👉ဓာတုကုထုံးနှင့် အချို့သော ဆေးဝါးများသောက်သုံးခြင်းကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများ တို့ကြောင့် ဖြစ်နိုင်သလို ပိုမိုနက်နဲသော ကျန်းမာရေးဆိုင်ရာအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထိုအကြောင်းရင်းများထဲမှ အဖြစ်အများဆုံး အကြောင်းရင်းများကို အကျဥ်းချုပ်၍ ဖော်ပြလိုက်ပါတယ်။

၎င်းတို့တွင်

🌟Vitamin C ချို့တဲ့ခြင်း၊ Vitamin K ချို့တဲ့ခြင်း အစရှိသော အာဟာရဆိုင်ရာ အကြောင်းရင်းများ ပါရှိသလို Leukemia အစရှိသော သွေးနှင့်ပတ်သက်သော ရောဂါများလည်း ပါဝင်ပါတယ်။

Gums bleeding happens due to:

👉Brushing our teeth too hard

👉Brushing our teeth very often

👉Using toothpicks

👉Smoking

👉Chewing Betel

👉Hormones Changes ( during pregnancy)

👉Side effects of Chemotherapy and certain medications

👉Further deep and broad medical reasons.

Out of many reasons for gums bleeding, now we will focus on a few common ones of gums bleeding. It includes deficiency of

🌟Vitamin C, Vitamin K and further nutritional issues, leukemia and other blood diseases as well.

causes of bleeding gums

🌟Vitamin C ချို့တဲ့ခြင်း~

ဗီတာမင်စီ က သွားဖုံးကြွက်သားများနှင့် သွေးကြောများတွင် အဓိကပါဝင်သော ကိုလဂျင်(collagen)ထုတ်လုပ်မှုတွင်အရေးပါ ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ Vitamin C အလုံအလောက်မရရှိရင် Collagen အမြောက်အမြား ပျက်စီးဆုံးရှုံးမှုဖြစ်ပြီး သွေးယိုစိမ့်မှုများ ဖြစ်ပွားစေတဲ့အတွက်‌ Vitamin C ချို့တဲ့သူများတွင် သွားဖုံးများ ရောင်ရမ်း ပြီး သွေးယိုစိမ့်မှုများ ဖြစ်ပွားတာကို တွေ့ရတတ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ ( သံပရာ၊ စတော်ဘယ်ရီ၊ လိမ္မော်) စားသုံးပေးခြင်းဖြင့် vit C ချို့တဲ့မှုကို ကာကွယ်နိုင်ပါတယ်။

🌟Vitamin K ချို့တဲ့ခြင်း~

Vitamin K ချို့တဲ့မှုသည်လည်း သွားဖုံးတွင်သွေးယိုစိမ့်မှု ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်ကေ သည် သွေးကြောတွင်း သွေးခဲမှုဖြစ်စဥ်တွင် အရေးပါသောကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ထို့ကြောင့် ယင်း ဗီတာမင်ချို့တဲ့ပါက သွေးကြောများတွင် အနာတရဖြစ်ချိန်၌ ကောင်းမွန်စွာ သွေးခဲမှု မဖြစ်ပေါ်၍ သွေးများယိုနိုင်ပါတယ်။ ဗီတာမင်ကေ ကြွယ်ဝသော အစားအစာများ (ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းများ) စားသုံးပေးခြင်းဖြင့် vit k ချို့တဲ့မှုကို လျှော့ချနိုင်ပါတယ်။

🌟ကိုယ်ဝန်ဆောင်စဥ်သွားဖုံးသွေးယိုခြင်း~

ကိုယ်ဝန်ဆောင်စဥ်တွင် အီစထရိုဂျင် (estrogen) နှင့် ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်းများ မြင့်တက် ပြောင်းလဲလာသဖြင့် သွားဖုံးများဆီသို့ သွေးလည်ပတ်မှုများလာပါတယ်။ ထို့အပြင် သွားချေးများတွင် နေသော ဘက်တီးရီးယားပိုးများကို ခုခံတိုက်ခိုက်နိုင်စွမ်းကိုလည်း လျော့စေသည်ဟု ယူဆကြပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် သွားဖုံးရောင်ရမ်းခြင်း သွေးယိုခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သွားဖုံးသွေးယိုခြင်းကို ကာကွယ်နိုင်ရန် အိုမီဂါ-3 fatty အက်ဆစ် ကြွယ်ဝသော အစားအစာများ ( ဆာလ်မွန်ငါး ၊ သစ်ကြားသီး) ၊ Vit C , Vit D , Zinc ဓာတ်ကြွယ်ဝသော အစားအစာများ သုံးဆောင်ပေးနိုင်ပါတယ်။

🌟သံဓာတ်ချို့တဲ့မှု~

Iron(သံဓာတ်) သည် (Red blood cell)သွေးနီဆဲလ်များ နှင့် တခြားသွေးဆဲလ်များ(platelets စသည်) ထုတ်လုပ်မှုတွင် မပါမဖြစ် ပါဝင်ပါတယ်။ ထို့ကြောင့် သံဓာတ်ချို့တဲ့လျှင် သဘာဝ သွေးခဲမှုဖြစ်စဥ်(Clotting)ကို အနှောင့်အယှက်ပေးသည့်အပြင် သွားဖုံးများဆီသို့ သွေးရောက်ရှိမှုနည်းပြီး ပိုးမွှားများ အနာတရများကိုရရှိဖို့လည်း အားပေးသည့် အတွက်ကြောင့် သွားဖုံးရောင်ခြင်းကို တွေ့ရှိရတတ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ shellfish ၊ red meat တို့ကို စားသုံးပေးနိုင်ပါတယ်။

🌟Leukemia (လူကီးမီးယား)~

Leukemia သည် သွေးကင်ဆာတမျိုးဖြစ်သည်။ သွေးကင်ဆာဖြစ်လျှင် သွေးဆဲလ် အမျိုးအစားအားလုံးထုတ်လုပ်မှုများ မူမမှန်ဖြစ်ပြီး Platelets ဆဲလ်များ၊ သွေးနီဥများ ထုတ်လုပ်မှုကို နည်းပါးစေသဖြင့် သွားဖုံးသွေးယိုစိမ့်မှုကို အဆက်မပြတ် ဖြစ်စေနိုင်သည်။

ပဲပင်ပေါက် နှင့် အမျိုးမျိုးသော အသီးအရွက် ၊ အသီးအနှံ ၊ အစေ့အဆန်များ၊ အဆီဖယ်ထုတ်ပြီးသော နို့ထွက်ပစ္စည်းများ ၊ သံလွင်ဆီ နှင့် ရေ များများ သောက်သုံးပေးခြင်းကလည်း leukemia ဖြစ်ခြင်းကို တစ်ထောင့်‌တစ်နေရာမှ ကာကွယ်ပေးနိုင်ပါတယ်။

🌟Deficiency of Vitamin C~

Vitamin C plays an important role in producing collagen in gum muscles and blood vessels. That’s why, if our body doesn’t have sufficient amounts

Of Vitamin C, there will be a huge loss of collagen and thus resulting in bleeding. Therefore, gums swelling and bleeding is commonly seen in ones whose Vitamin C amount is insufficient. Eating foods which are rich in Vitamin C such as lemon, strawberry, orange can prevent deficiency of Vitamin C.

🌟Deficiency of Vitamin K~

Deficiency of Vitamin K can also cause bleeding in gums. Vitamin K is essential in blood clotting in blood vessels. Thus, if Vitamin K is insufficient, the blood cannot be clotted when the blood vessels are damaged. Foods which are rich in Vitamin K like kale, broccoli, dairy products can increase Vitamin K amount.

🌟Gum bleeding in pregnancy~

During pregnancy, due to the increase of estrogen and progesterone hormones, more blood starts to flow in the gum. Besides, some assume that it also makes the immune system weak and thus can’t fully defend against bacteria in tooth plaque. That’s why, gum inflammation and gum bleeding is quite common in pregnant women. During pregnancy, salmon fish, walnuts and food that are rich in Vitamin C, Vitamin D and omega-3 fatty acid are recommended to consume.

🌟Iron deficiency~

Iron is a must in producing red blood cells and other blood platelets. Therefore, deficiency of iron disturbs the natural occurring blood clotting and makes the blood not flow well to the gum creating bacteria and oral laceration resulting in gum swelling. To prevent it, one should eat spinach, sprouts, shellfish, and red meat.

🌟Leukemia~

Leukemia is a type of blood cancer. When someone is diagnosed with leukemia, the production of various types of blood cells becomes abnormal and produces less platelets and red blood cells which causes continuous gum bleeding as a result. Eating sprouts, a variety of vegetables, fruits, grains, fat free dairy products, olive oil and drinking more water somehow prevent suffering from leukemia.

✌️အဓိကအားဖြင့်ကတော့ခံတွင်းသန့်ရှင်းရေးကိုသေချာ လုပ်ပေးတာတို့၊ နူးညံ့တဲ့သွားတိုက်တံကိုအသုံးပြုတာတို့၊ ကိုယ့်ရဲ့ stress ကိုလျှော့ချပေးတာတို့၊ ဆေးလိပ်သောက်တာ ကွမ်းယာစားတာတွေကိုလျှော့ချနိုင်မယ်ဆိုရင်ကျန်းမာလှပတဲ့ Pinky Gums (အပန်းရောင် သွားဖုံး) ကို ပိုင်ဆိုင်နိုင်မှာအမှန်ပါဘဲ။

ဒါကြောင့်မို့သွားဖုံးရောင်တာတို့သွားဖုံးသွေးယိုတာတို့ ဖြစ်လာရင်လျစ်လျူရှုပြီး မနေပါနဲ့။ ဘာကြောင့်လဲဆိုတော့ သွားဖုံးရောင်ရမ်းခြင်း သွေးထွက်ခြင်းကခန္ဓာကိုယ်ထဲသို့ ရောဂါဝင်ရောက်မှုကို

အလွယ်တကူ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွားဖုံးရောင်ခြင်း(Gingivitis) သည် Periodontitisဟုခေါ်သော သွားစိုက်ရာအရိုးများနှင့်အရွတ်များရောင်ရမ်းသော ရောဂါ၏ လက္ခဏာတစ်ရပ်ပင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားဖုံးရောင်ရမ်းနာ ဖြစ်လျှင် သွားကျန်းမာရေး၊ သန့်ရှင်းရေးကို အထူးဂရုပြုရန်လိုအပ်သလို သွားဖုံးရောင်ရမ်းခြင်း၏ အကြောင်းရင်းကို ရှာဖွေကုသပေးရန် ကျွမ်းကျင်သောဆရာဝန်များနှင့်တိုင်ပင်ကုသရန်လည်း လိုအပ်ပါတယ်။

🥰 အားလုံးဘဲ ဆောင်ရန်ရှောင်ရန်တွေကို သိသွားပြီဆိုတော့ ကျန်းမာရေး ဗဟုသုတတွေအပြင် သန်မာလှပတဲ့ Pinky gums လေးတွေကို ပိုင်ဆိုင်သွားကြမယ်လို့ The Blossoms က‌နေမျှော်လင့်ပါတယ်💓

✌️Mainly, by ensuring good oral hygiene, using a softer toothbrush, reducing your stress, decreasing the amount of smoking and betel nut chewing, it’s no secret that you can maintain a set of beautiful healthy pinky gums.

Therefore, you shouldn’t ignore when issues such as gum inflammation and gum bleeding arise. As these issues can cause diseases to easily enter your body. Additionally, Gingivitis can be a symptom of Periodontitis, a disease in which bones supporting the teeth and ligaments around the dental implants are inflamed. So if your have gingivitis, it’s necessary to not only pay special attention to your dental health and dental hygiene, but also to consult with physicians to find out the causes of the disease.

🥰 Now that everyone knows the do’s and don’ts, The Blossoms hope that you will have the essential health knowledge as well as strong beautiful pinky gums. 💓