deforestation
The Blossoms
The Blossoms 13 Jun 2024

အခုရက်ပိုင်းအပူချိန်တွေမြင့်တက်လာတာနဲ့အမျှ လူတွေလည်းအပူဒဏ်ကို အံတုပြီးနေနေကြတာ တွေ့ရှိရပါတယ်။ အပူချိန်မြင့်တက်လာတာက လူကြီးလူငယ် အသက်အရွယ်မရွေး

အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ အဲ့တော့ ဘာလို့ပူလဲဆိုတဲ့ အဖြေကိုလိုက်ရှာရပါတယ်။ အဖြေမရခင် သင့်ဘေးနားကသစ်ပင်တွေလျော့

နည်းလာသည်ကို သင်သတိထားမိပါသလား? သစ်တောတွေ လျော့နည်းလာတာကိုကော သတိထားမိပါသလား ?အဲ့တော့အဖြေကရှင်းရှင်းလေးပါ, သစ်တောပြုန်းတီးမှုလို့ ခေါ်တဲ့ Deforestation ကလည်း အပူချိန်မြင့်တက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

(English version)

As the temperature increases these days, all ages are suffering from the heat and trying their best to endure that. long with the heat, come the health risks for many young children and senior citizens. On account of this, they have to search for the reasons for the temperature rises. Before revealing the answers, have you ever realized the decreasing number of trees in your surroundings? Have you ever noticed the reduction of the forest? The solution for the heat issues is quite simple. It is one of the effects of deforestation.

Deforestation ရဲ့ အကျိုးသက်ရောက်မှုတွေကကော ဘာတွေဖြစ်နိုင်သလဲ

ပထမဆုံးအနေနဲ့ Deforestation ဖြစ်လာပြီဆိုတာနဲ့ မြေဆီလွှာတွေတိုက်စားခံရပါတယ်။ သစ်ပင်အများစုတွေရဲ့အမြစ်တွေက မြေဆီလွှာကနေအသက်ရှင်ရတာမလို့ သစ်ပင်တွေကြီးထွားစေတဲ့ အာဟာရပြည့်ဝတဲ့မြေဆီလွှာတွေ တိုက်စားခံရတဲ့အခါအပင်များရှင်သန်ကြီးထွားမှုကိုထိခိုက်စေပါသည်။ မြေဆီလွှာတိုက်စားခံရတာတွေကများသောအားဖြင့် မိုးကြီးလေကြီးတဲ့အချိန်တွေမှာအဖြစ်များပြီး စိုက်ပျိုးရေးထုတ်ကုန်တွေလျော့နည်းလာတာနဲ့အမျှ ရေကြီးတွေဖြစ်ပေါ်လာနိုင်ပါတယ်။

သင်တို့သိကြတဲ့အတိုင်း သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုစုပ်ယူပြီး Green House Effect တွေနဲ့ ကမ္ဘာမြေကြီး ထိခိုက်မှုမဖြစ်စေအောင် ကာကွယ်ပေးတယ်။ သိုပေမယ့် သစ်ပင်တွေလျော့နည်းလာတဲ့အခါ

လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်းစုပ်ယူမှုလျော့နည်းလာမဲ့အပြင် ကမ္ဘာကြီးပူနွေးလာမှုကလည်းမြင့်တက်လာပါမယ်။ ရာသီဥတုပြောင်းလဲလာသည့်နှင့်အမျှ ရာသီဥတုမမှန်တာဖြစ်လာနိုင်တဲ့အပြင် ဂေဟစနစ်လည်းဖောက်ပြန်လာနိုင်ပါတယ်။

ထို့အပြင် သစ်ပင်များသည် မိုးရေများကိုစုပ်ယူရုံသာမက မြေဆီလွှာကိုလည်းခိုင်ခံစေသည်။ သစ်ပင်ရှားလာမှုသည် ရေစီးသန်ခြင်းကိုဖြစ်ပေါ်စေပြီး အနီးအနားနေရာများကို ရေကြီးမှုအန္တရာယ် မြင့်တက်စေနိုင်သည်။ရေကြီးမှုကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း ပစ္စည်းများဆုံးရှုံးပျက်စီးခြင်းများဖြစ်စေနိုင်ပါ

သည်။

ကျန်းမားရေးရှူ့ထောင့်မှဆိုရင်လည်း သစ်ပင်ပြုန်းတီးမှုသည် လေကောင်းလေသန့်မရရုံသာမက လိုအပ်သော ဆေးဝါးများဆုံးရှုံးရသောကြောင့် လူနေမှုကျန်းမာရေးကိုအလွန်ပင် ထိခိုက်စေသည်။ ရာသီဥတုဖောက်ပြန်မှုတစ်ခုဖြစ်သည့် ရေကြီးခြင်းသည်လည်း သစ်တောဧကများဆုံးရှူံးစေသည့်အပြင် ကျန်းမာရေးအခြေအနေများကို လည်းဆိုးရွှားစေပါသည်။

သစ်တောများသည် ကောင်းမွန်သော မြေဆီလွှာများကို ထိန်းသိမ်းပေးခြင်းနှင့် သက်ရှိတို့အတွက် စားကျက်များပြုလုပ်ပေးရင်း အစားအစာများကိုထုတ်လုပ်ပေးသည်။

သို့ပေမယ့် သစ်တောဧရိယာဆုံးရှုံးမှုများကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုများကိုအဟန့်အတားဖြစ်စေနိုင်ပြီး နယ်ခံများအတွက်လည်း အစားအသောက်များပြတ်တောက်စေပြီး အစားအသောက် မသန့်ရှင်းမှုကိုလည်း ဖြစ်စေပါသည်။

သင်သတိထားမိပါသလား??သစ်တောဧရိယာ ဆုံးရှုံးမှုသည် အပင်များတိရစ္ဆာန်များ၏ အရေးကြီးသော စားကျက်များကို ပျက်စီးစေပြီး မျိုးစိတ်ကွဲပြားခြင်း ထောက်ပံ့မှုများကို လည်းကျဆုံးစေပါသည်။ စားကျက်များ ဆုံးရှုံးခြင်းသည် မျိုးစိတ်ကွဲပြားမှုကိုပျောက်ကွယ်စေနိုင်ပြီး မျိုးတုန်းမှုများဖြစ်စေနိုင်ပါသည်။

သစ်တောထဲတွင်နေထိုင်သော သက်ရှိများသည်လည်း ကျန်ရှိသောသစ်တောများတွင် နေထိုင်ရင်း အလွန်ပင် အခက်တွေ့နေကျပါသည်။ သေးငယ်သော စားကျက်များသည် သေးငယ်သော တိရစ္ဆာန်ဦးရေအနည်းငယ်အတွက်ကိုသာ အထောက်အပံ့ပြုစေနိုင်ပြီး မျိုးတုန်းမှု အန္တရာယ် မြင့်တက်စေနိုင်ပါသည် သစ်တောဧရိယာ ဆုံးရှုံးမှုသည် သက်ရှိများအတွက် မျိုးတုန်းမှုအန္တရာယ်ဖြစ်စေနိုင်ပါသည်။

သစ်တောဧကဆုံးရှုံးမှုသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မြင့်တက်စေနိုင်ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် သမုဒ္ဒရာထဲကိုအရည်ပျော်ခြင်းမှ တစ်ဆင့် ရေထဲတွင် အက်စစ်ပါဝင်မှုကို များပြားလာစေပြီး အက်စစ်ဓာတ်ရှိလာခြင်းကိုဖြစ်စေနိုင်သည်။ သမုဒ္ဒရာထဲတွင် အက်စစ်ဓာတ်များ မြင့်မားလာသော အခါပင်လယ်နေသတ္တဝါများသာမက ပင်လယ်ကမ်းခြေအနီးအဝိုက်တွင် နေထိုင်သောလူများကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါသည်။

(English version)

What could be the effects of deforestation?

Firstly when it comes to deforestation can lead to soil erosion. All plants depend on

soil to stay alive and get the nutrients needed to survive nevertheless deforestation leads to erosion of nutrient-rich topsoil. Soil erosion also occurs during extreme weather conditions or storms, reducing agricultural productivity and causing water pollution. Soil erosion can lead to loss of vegetation, floods, and landslides. Soil erosion can lead to loss of vegetation, floods, and landslides.

Secondly, trees absorb carbon dioxide, acting as a natural buffer against the greenhouse effect. However, as the amount of trees decreases, the higher the amount of carbon dioxide in the atmosphere. Deforestation releases stored carbon dioxide into the atmosphere, contributing to global warming with climate change disrupting weather patterns and the corruption of some ecosystems.

Additionally, trees not only absorb rainwater but also stabilize the soil. Without them,

increased flood risks and soil erosion would be unavoidable, leading to many undesirable losses in nearby areas. As a consequence, floods cause displacement, casualties, and physical damage.

As for the health condition of the population, deforestation impacts public health by reducing access to medicinal resources and cleaner air. Climate change exacerbates health risks, such as floods, associated with deforestation

Forests support food production by maintaining soil quality and providing habitats for species. Then, deforestation undermines agricultural productivity and disrupts local food systems, contributing to food insecurity

Do you realize?? Deforestation destroys critical habitats, reducing their capacity to support species diversity. As it turns out habitat loss leads to biodiversity loss and habitat fragmentation

In the bargain, forest-dwelling species struggle to survive in remaining forest patches. Smaller habitat areas support smaller populations, increasing vulnerability to extinction. On the other hand, deforestation drives wildlife extinction and endangers numerous species

Deforestation increases carbon dioxide levels in the atmosphere. More carbon dioxide dissolves into oceans, lowering pH levels and causing acidification. Ocean acidification threatens marine life and coastal communities.

May be a graphic of ‎2 people and ‎text that says '‎B THEBLOSSOMS THE @圖 شیه TAKE ACTIONS! @theblossoms100‎'‎‎

ဒါဆိုရင် သစ်တောဧရိယာဆုံးရှုံးမှုမဖြစ်အောင်ဘယ်လိုတွေလုပ်ဆောင်ရမလဲ ?

ရှင်းရှင်းလေးပါပဲ အပင်စိုက်ပါ သစ်ပင်တစ်ပင်ဆုံးရှုံးသွားရင် တစ်ပင်ပိုစိုက်ပါ ၊ ကိုယ်အနီးနားပတ်ဝန်းကျင်တွင်မှာအပင်စိုက်ပါ၊ သစ်ထုတ်လုပ်မှုလုပ်ငန်းကိုလည်းလျော့ချပြီး

သစ်တောမှ ထုတ်လုပ်သော ပစ္စည်းများ သုံးစွဲမှုကို လျော့ချပါ မိမိအနီးအနားမှာရှိတဲ့ သစ်တောများကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပါ။ ထို့အပြင် နိုင်ငံတော်မှသစ်တောများကိုခိုးယူခုတ်နေသော သူများအားလည်း သစ်တော ဥပဒေနှင့်အတူ အရေးယူဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ အရေးကြီးဆုံး တစ်ချက်အနေနဲ့ကတော့ သစ်တောများ၏ အသုံးဝင်ပုံများကိုလည်း ရပ်ရွာများတွင် ပြန်လည် ပညာပေးရမည်ဖြစ်သည် သစ်တောများအား ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားနေသော ပရဟိတအသင်းများတွင်လည်း ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

(English version)

Which actions should we take to reduce deforestation?

The solution is clear enough! Plant trees. One more plant loss, plants more trees in the surrounding. Reduce the logging operation and reduce the consumption of products from the forest. Maintain and protect the forest around you. Moreover, the government also should take action against those who illegally do logging operations along with the forest law. Besides, more importantly, re-educating the communities by hosting environmental seminars and supporting local organizations which try to maintain the forest.

May be a graphic of seedlings and text that says 'THE BLOSSOMS ととドで ORGANI FERTILIZER ORGANIC Fertiliar Ferskiser PLANTING METHODS @theblossoms100'သစ်ပင်တွေကိုကောဘယ်လိုမျိုးကျန်းကျန်းမာမာရှင်သန်ကြီးထွားနိုင်အောင်လုပ်ရမလဲ?

ပထမတစ်ချက်အနေနဲ့ကတော့ စိုက်ပျိုးရန်အတွက်နေရာဒေသမှန်ကန်ရမည့်အပြင် ကိုယ်စိုက်ပျိုးမည့်အပင်အတွက် ထည့်ရန်အိုးကလည်း အပင်ကြီးထွားရန်အတွက် အထိုက်အလျောက် အရွယ်အစားရှိရမည် အပင်ကြီးထွားမှုအတွက်အထောက်အကူပြုစေနိုင်သည့် နေရောင်ခြည်ကိုလည်း လုံလုံလောက်လောက်ပေးထားရမယ်။

ဒုတိယတစ်ချက်အနေနဲ့ကတော့ လုံလောက်တဲ့ရေနဲ့အစာပမာဏပေးခြင်းပဲဖြစ်ပါတယ်။ သစ်ပင်တွေကို လိုအပ်တဲ့အချိန်တွေမှာရေလောင်းပေးခြင်းသည်လည်း အခြေခံကျတဲ့စိုက်ပျိုးနည်းပဲဖြစ်ပါတယ်။ ထို့အပြင် ကော်ဖီစေ့, သစ်ရွက်သစ်ခြောက်, ကြက်ဥခွံ, ငှက်ပျော်သီးအခွံ အစရှိသည်တို့ကလည်း အပင်အတွက်အစာအဟာရဖြစ်စေနိုင်သော ဘေးထွက်ဆိုးကျိုးမရှိသည့် သဘာဝမြေသြဇာများဖြစ်ပါတယ်။ တိရစ္ဆာန်များမှ အညစ်အကျေးများ၊ငါးအူနှင့်ငါးရိုးများသည်လည်း သဘာဝမြေသြဇာဖြစ်စေနိုင်ပါသည်။ ပိုးသတ်ဆေးများ ဖြန်းပေးခြင်းသည် ပိုးမွှားအန္တရာယ်မှကာကွယ်ပေးနိုင်သော်လည်း မြေဆီလွှာအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထိုကြောင့် ပိုးသတ်ဆေးကို လိုသလောက်သာအသုံးပြုသင့်ပါသည်။ နောက်ဆုံးတစ်ချက်အနေနှင့် သစ်ပင်များကိုမကြာခဏ စစ်ဆေးခြင်းများပြုလုပ်သင့်ပါသည်။

(English version)

How to grow burly and healthy plants?

First and foremost, create the right environmental conditions, the pot must be big enough and provide the right amount of sunlight.

Secondly, providing enough water and food for the growth of plants and watering the plants only as often as needed is the basic cultivation. Moreover, coffee grounds, leaves, egg shells and banana peels are good organic fertilizers with no side effects. Either animal manure or fish fertilizer made from fish guts and bones can also be organic fertilizers. Although spraying pesticides can also protect against pests, it can be harmful to the soil

Last but not least, it is essential to check the plants often and use pesticides to keep pests away.