did

Dissociative Identity Disorder (DID)

Administration Department
Administration Department 06 Mar 2025

Blossoms တိုမှာလည်း ကိုယ့်ရဲ့ Trauma ကိုယ်စီရှိကြမှာပါ။ ငယ်ဘ၀ရဲ့ trauma တွေနဲ့ အရွယ်ရောက်လာတဲ့အခါ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေက လူတစ်ယောက်ရဲ့ ဘဝအပေါ် ဘယ်လောက်ထိ သက်ရောက်နိုင်ပါသလဲ။ 1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ Fight Club ရုပ်ရှင်မှာဆိုရင် ယိုယွင်းနေတဲ့ မိသားစုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာလည်း ခက်ခဲမှုတွေပြည့်နှက်နေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ထဲမှာ စိတ်ပင်ပန်းမှု၊ အိပ်မရခြင်းတွေနဲ့ ရင်ဆိုင်နေရတဲ့ narrator ဇာတ်ကောင် (Edward Norton) က Tyler Durden ဆိုတဲ့လူ (Brad Pitt) နဲ့ တွေ့တော့ Fight Clubကို ဖွဲစည်းပြီး society ကို ဆန့်ကျင်ဖို ကြိုးစားကြပါတော့တယ်။ Spoiler alert တကယ်တော့ Tyler Durden ဟာ အပြင်မှာ တကယ်မရှိဘဲ narrator ရဲ့ imaginary alter ego သက်သက်ပါပဲ။ ဒီရုပ်ရှင်ထဲက narrator ခံစားနေရတဲ့ရောဂါကို Dissociative Identity Disorder (DID) လို ခေါ်ပါတယ်။

ဒါဆို DID ဟာ ဘာကြောင့်ဖြစ်ရတာလဲ။

DID ဟာ မွေးရာပါဖြစ်တဲ့ရောဂါမဟုတ်ပါဘူး။ ပြင်းထန်တဲ့ Trauma စိတ်ဒဏ်ရာကို ကြုံ‌တွေ့ရတဲ့အခါ အထူးသဖြင့် ငယ်စဉ်ကလေးဘ၀တုန်းက childhood trauma ကိုရှောင်လွှဖိုအတွက် ပင်ကိုယ်စရိုက်အမျိုးမျိုးဖန်တီးလိုက်တာပါ။ DID ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း၃ခုက

  1. childhood Trauma

ကလေးဘ၀မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ကြုံတွေ့ရပါက စိတ်ဝေဒနာကနေ လွတ်မြောက်ရန် နည်းလမ်းတခုအနေနဲ့ စိတ်ကိုယ်ခွဲတွေ ခွဲထုတ်လိုက်တာပါ

  1. မျက်မြင်ကိုယ်တွေ့ရတဲ့ Trauma

တခါတလေမှာ မတော်တဆမှု၊ အကြမ်းဖက်မှု၊ ချစ်ရတဲ့သူဆုံးရှုးရတာမျိုးလို ၀မ်းနည်းထိခိုက်စရာ အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ကြုံရခြင်းကို DID အတွက် လမ်းစတစ်ခုဖြစ်ပါတယ်။

  1. Trauma ကိုရေရှည်ထိတွေ့မှု

အိမ်တွင်းအကြမ်းဖက်မှု အနိုင်ကျင့်မှု၊ စစ်ပွဲ စတဲ့ အန္တရာယ်များပြီး စိတ်ဖိစီးရတဲ့ ပတ်၀န်းကျင် မှာ အချိန်ကြာ ထိတွေ့နေရခြင်းကြောင့်လဲ ဖြစ်တတ်ပါတယ်။

DID ရောဂါ ရှိမရှိဘယ်လိုလက္ခဏာတွေကို သတိထားရမလဲဆိုတော့

အပြုအမူ၊ မှတ်ဉာဏ် နဲ့ မိမိကိုယ်ကို အပေါ် ထားရှိတဲ့ တွေးခေါ်ပုံ အမြင်တွေ မတူ‌တော့တဲ့ စိတ်နေသဘောထားများရှိတတ်ပါတယ်။

အလုပ်နဲ့စိတ်ပိုင်းဆိုင်ရာ stress ကို မကိုယ်တွယ်နိုင်ခြင်း။ မှတ်ဉာဏ်မေ့တာဖြစ်တတ်ပြီး အချိန်ပိုင်းတစ်ခု၊ အဖြစ်အပျက်တစ်ခု၊ လူတချို၊ မိမိကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတောင် မေ့လျော့တတ်ပါတယ်။ ကိုယ့်‌ပတ်၀န်းကျင်က လူ နဲ့ အရာ၀တ္ထုတွေကို ပုံရိပ်ယောင်လိုတွေးမြင်ခြင်း။ Depression, anxiety, ကိုယ့်ကိုယ်ကိုနာကျင်ဒဏ်ခတ်တာ၊ အဆုံးစီရင်တာတွေအထိပါ ဖြစ်တတ်လိုအထူးသတိထားပေးရပါတယ်။

ဒါဆိုရင် DID ကို ဘယ်လိုကုသရမလဲ။

DID ကိုတကယ်တော့ပျောက်ကင်းအောင်ကုသနည်းမရှိပါဘူး ဒါပေမဲ့သူ့လက္ခဏာ‌ တွေ လျော့ကျအောင် ဘယ်လိုကုသပေးရမလဲဆိုတာ ပြောပြမယ်နော်

Psychotherapy လိုခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာတဲ့ကုထုံးကတော့ ထိရောက်သက်သာပါတယ်။ ဒီကုထုံးရဲ့ အဓိကဦးတည်ချက်ကတော့ ပင်ကိုယ်စရိုက်အမျိုးမျိုးကွဲနေတာကို စုစည်း‌ထားတဲ့စိတ်နေသဘောထား တစ်ခုဖြစ်လာအောင် ကူညီပေးတာပါ။ အခုလိုပြုလုပ်တာ မလွယ်ကူပေမဲ့ DID ခံစားရသူရဲပ လူနေမှုဘ၀ သိသိသာသာတိုးတက်လာမှာဖြစ်ပါတယ်။

ဆေးဝါးနဲ့ကုတာကတော့ ဦးစားပေးကုသရေးအနေနဲ့ မသုံးပေမဲ့ anxiety, depression၊ အိပ်မရတာ နဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာတေအတွက် ထောက်ပံ့ကူညီပေးပါတယ်။

DID ဟာလူသိမများတဲ့စိတ်ရောဂါဖြစ်လို ဒီရောဂါနဲ့ပက်သက်ပြီး လူတွေမှားတွေးလေ့ရှိတဲ့ အယူအသန်တွေရှိကြပါတယ်။ ဘယ်လိုအယူတွေလဲဆိုတော့

  1. DID ရှိသူဟာ အန္တရာယ်များတယ် ရက်စက်ကြမ်းကြုပ်ကြတယ်

ဒါဟာမှားပါတယ်။ DID ရှိသူဟာ ပုံမှန်လူထက် ပိုပြီး ရက်စက်ကြမ်းကြုပ်တာမျိုးမဟုတ်ပါဘူး။ ဇာတ်ကားတွေထဲမှာလို မကောင်းဆိုးဝါးကြီးလဲ မဟုတ်ပါ။ DID ရဲ့ရင်းမြင်းက အများအားဖြင့် ပြင်းထန်တဲ့ childhood tr‌auma ကြောင့်မိုလို သူတိုကိုယ်တိုင်ကတောင် ပြန်ပြီး Re-traumatized ဖြစ်နိုင်ချေရှိပြီး victim ပဲပြန်ဖြစ်နိုင်ချေရှိပါတယ်။

  1. ကိုယ်ခွဲတွေက စိတ်ကူးယဉ်တွေပဲမဟုတ်လား

ဒါဟာမှားပါတယ်။ ကိုယ်ခွဲတွေမှာ လုံး၀မတူတဲ့ identity တွေရှိနေနိုင်ပါတယ်။ ဉပမာ နာမည်၊ sexuality, memory, စွမ်းရည်၊ အမြင် စတာတွေလုံး၀မတူတာ မျိူးဖြစ်နိုင်ပါတယ်။

  1. DID ရှိသူဂာ သူ့ကိုယ်ခွဲဘယ်လိုပုံရှိလဲ ရွေးချယ်နိုင်တယ်။

ဒါလည်းမှားပါတယ်။ ကိုယ်ခွဲဖြစ်လာတဲ့ဖြစ်စဉ်က မသိစိတ်ကကြောင့်မလို သူတိုကိုယ်တိုင်ထိန်းချုပ်မရပါဘူး။ ဒါပေမဲ့ ကိုယ်ခွဲရဲ့ဖြစ်တည်မှုကို အနည်းငယ်ပဲဖြစ်ဖြစ် သိတာမျိုးတော့ရှိနိုင်ပျါယ်။ ဉပမာ အသံကိုပြန်ကြားရတာမျိုး၊ ကိုယ်ခွဲပြုလုပ်ခဲ့တဲ့ဟာတေကို သိပေမဲ့ လွယ်လွယ်နဲ့ လျစ်လျူရှုမိတတ်ကြပါတယ်။

  1. မူးယစ်ဆေးက DID ဖြစ်စေတယ်။

မှားပါတယ်။ မူးယစ်ဆေးစွဲခြင်းက did မဖြစ်စေပါဘူး။ ဒါပေမဲ့ သူတိုရောဂါလက္ခဏာတွေကို လျော့နည်းစေဖို trauma အဖြစ်ပျက်ကိုမေ့စေဖို သုံးတာမျိုးရှိနိုင်ပါတယ်။

  1. DID ရှိသူက သူ့ တခြားကိုယ်ခွဲကို လိုချင်သလို ခေါ်ထုတ်နိုင်တယ်။ ဖျောက်ပစ်လိုရတယ်။

မမှန်ပါဘူး။ မသိစိတ်ကဖြစ်တာကြောင့် လိုချင်တဲ့အချိန်မှာ ခေါ်လိုက်တာမျိုး မလုပ်နိုင်ပါဘူး။ ခုနက‌ပြောတဲ့အတိုင်းပဲ ဆေးဝါးနဲ့တောင် DID ကိုပျောက်ကင်းအောင် မလုပ်နိုင်ပါဘူး။ လက္ခဏာ တွေကိုပဲ လျော့ကျ စေတာပါ။ ပညာရှင်တွေရဲ့ကုသမှု‌အောက်မှာသာ DID ခံစားရသူဟာ ပုံမှန်ပြန်ဖြစ်လာနိုင်ပြီး ပျော်ရွှင်တဲ့ဘ၀ကိုခံစားနိုင်ပါတယ်။

  1. နောက်ဆုံးအနေနဲ့ DID ရှိသူက ဟန်ဆောင်ကြတာ၊ အာရုံစိုက်မှုလိုချင်ရုံသက်သက်ပဲ။

ဒါဟာမဟုတ်ပါဘူး။ DID တကယ်ရှိရင် ဟန်ဆောင်တာမဟုတ်ပါဘူး။ ပြင်းထန် trauma ကရတဲ့စိတ်ရောဂါက လူတွေ ပုံမှန်အားဖြင့် ဟန်ဆောင်ကြတဲ့အရာမဟုတ်ပါဘူး။ ဟန်ဆောင်ခဲ့ရင်တောင် အရမ်းရှုပ်ထွေးလာတာမိုလို ရမှာမဟုတ်ပါဘူး။ ဟန်ဆောင်ရင်လည်း DID တကယ်မရှိဘဲ attention လိုချင်ရုံသက်သက်ပါပဲ။

အခုလိုပြောလိုက်တဲ့ တရားသေအယူတွေကို ‌‌လျော့ကျစေရန်၊လူအများ DID နဲ့ပက်သက်ပြီး အခုပွင့်လင်းမြင်သာမှုရှိလာ‌ အောင်လို အခုကြည့်ရှူနေသူကလည်း ပါ၀င်ကူညီပေးနိုင်ပါတယ်။

DID နဲ့ပက်သက်ပြီး သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တိုနဲ့ ဆွေးနွေးလျှင် သူတိုရဲ့အမြင်မှားကို အမှန်ပြင်‌ပေးဖို၊ ခံစားနေရသူအပေါ် ကြောက်ကန်ကန်လုပ်တာ၊ ခွဲခြားနှိမ်ချတာတွေ မပြုရအောင် တိုက်တွန်ပေးဖို လိုအပ်ပါတယ်။ DID အထူးပြုလှုပ်ရှားတဲ့ အဖွဲအစည်းတွေမှာလဲ ပါ၀င်အားဖြည့်‌ ပေးနိုင်ပါတယ်။ လူမှုပတ်၀န်းကျင်အပေါ် သက်ရောက်ဖိုနဲ့ အသိုင်းအဝိုင်းကြား အမြင်မှားတွေ ပပျောက်အောင် DID အသိပညာပေးနေ့ အဖြစ် နှစ်စဉ် march လ၅ရက်နေ့တိုင်း ကျင်းပလေ့ရှိပါတယ်။

ကျွန်တော်တိုအားလုံးမှာလည်း Fight Club ထဲက narrator လို လက်တွေ့ဘဝထဲက ပြေးထွက်ချင်တဲ့ အခိုက်အတန့်လေးတွေ ရှိကြမှာပါ။ စိတ်ပင်ပန်းမှု ဟာ အစွန်းရောက်လာရင် ကိုယ့်ကိုယ်ကိုရော ကိုယ့်ဘေးနားကလူတွေကိုပါ ထိခိုက်စေနိုင်တာအမှန်ပါပဲ။ အထူးသဖြင့်DIDလို ရောဂါမျိုးဟာ ကုသဖိုမလွယ်တာမို ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်‌‌ ပေးဖို The blossoms တိုမှ တိုက်တွန်းချင်ပါတယ်။

ကြည့်ရှုပေးကြတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ 🌸