Meditating man

Exploring The Secrets of Meditation

The Blossoms
The Blossoms 10 Jul 2024

🧘~Exploring The Secrets of Meditation~🪷

တရားထိုင်ခြင်းဆိုတာက ဘာသာရေးအရဖြစ်စေ၊ စိတ်တည်ငြိမ်ဖို့အတွက်ဖြစ်စေ ကိုယ့်အာရုံကို တစ်နေရာတည်းတွင်စုစည်းထားစေခြင်းဘဲဖြစ်ပါတယ်။

Meditation ဆိုတာ လက်တင်ဘာသာစကား "Meditatum" မှဆင်းသက်လာပြီး စဉ်းစားတွေးခေါ်သုံးသပ်ခြင်းဟု အဓိပ္ပါယ်သက်ရောက်ပါတယ်။

တရားထိုင်ခြင်းကို အစောဆုံးအနေနဲ့ ၁၅၀၀ BC ၀န်းကျင်က ဟိန္ဒူဘာသာမှာတွေ့ရှိတယ်လို့ဆိုပါတယ်။

သတိကမ္မဌန်းထောက်ရှုခြင်းကတော့ ဗုဒ္ဓဘာသာကဆင်းသက်တယ်လို့ဆိုပါတယ်။

Meditation is the act of giving your attention to only one thing, either as a religious activity or as a way of becoming calm and relaxed. The word "Meditation" stems from the Latin term " meditatum" which means " to ponder". The earliest written records of meditation come from Hindu Vedas in India around 1500 BCE. The mindfulness meditation techniques are essentially derived from the Buddhist sati (usually translated as 'mindfulness' but also as for example bare attention or conscious attention).

types of meditation

တရားထိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာ၊စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အတွက် အလွန်ကောင်းတဲ့ အလေ့အကျင့်တစ်မျိုးဖြစ်တယ်။ယခုကတော့ လူကြိုက်များတဲ့ တရားထိုင်နည်းလေးမျိုးရဲ့ အကျိုးကျေးဇူးနဲ့ တရားထိုင်တဲ့ နည်းလမ်းများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

1. Mindfulness Meditation

ယခုလက်ရှိ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ခြင်းဖြစ်ပါတယ်။ ဝင်သက်ထွက်သက်ကိုသာ အာရုံစိုက်ပြီးသင့်ရဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့ ကိုယ်ခန္ဓာခံစားချက်တွေကို လက်ခံစောင့်ကြည့်ခြင်းဖြစ်ပါတယ်။ဒီနည်းကတော့ စိတ်ဖိစီးမှုကို လျော့ချပေးပြီး အာရုံစိုက်မှုကို တိုးတက်စေပါတယ်။

2. Transcendental Meditation

နေရာတစ်နေရာရာမှာ သက်သောင့်သက်သာထိုင်ပြီး မန္တန်တစ်ခုခုကို ၁၅မိနစ်ကနေ မိနစ်၂၀ အထိ ရွတ်ခြင်းဖြစ်တယ်။ တစ်နေ့ကို ၂ကြိမ်ပြုလုပ်နိုင်ပါတယ်။ ဒီအလေ့အကျင့်က စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေကာ စိတ်ကို အနက်ရှိုင်းဆုံး ပြေလျော့ပေးခြင်းဖြစ်ပါတယ်။

3. Loving-kindness Meditation

တစ်နေရာတွင် သက်တောင့်သက်သာ ထိုင်ကာ

"မင်းလဲပျော်ရွှင်ပါစေ၊ငါလဲ ပျော်ရွှင်ပါစေ" စတဲ့ စကားတွေကို ထပ်ခါထပ်ခါ ပြန်ပြောခြင်း ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို အတွက် အရင်အာရုံစိုက်ပြီးမှ အခြားသူများအတွက်စတင်တွေးပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် ချစ်ခင်ကြင်နာမှု ပိုမိုခံစားရစေပြီး အပြုသဘောဆောင်ကာ မိမိကိုယ်ကို ဝေဖန်မှုတွေလျော့ကျလာစေမှာဖြစ်ပါတယ်။

4. Yoga and Meditation

Yoga and meditation က ရုပ်ပိုင်းဆိင်ရာကိုယ်နေဟန်ထား ၊ အသက်ရှုခြင်းနှင့် တရားထိုင်ခြင်းတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။

ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်ပျော့ပျောင်းစေသလို ခွန်အားလဲတိုးတက်စေပြီး တရားထိုင်ခြင်းကတော့ စိတ်ကို အေးချမ်းစေပါတယ်။ ဒီနှစ်ခုကိုအတူတကွပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချပြီး စိတ်နဲ့ ခန္ဓာကိုယ် ချိတ်ဆက်မှုကို တိုးတက်လာစေနိုင်ပါတယ်။

Meditation is a powerful tool for enhancing mental,emotional, and physical well being. Here ,we explore four popular types of meditation, each with its unique approach and benefits.

1. Mindfulness Meditation

Focuses on being present. You observe your thoughts, feelings, and body sensations without judgment, often by focusing on your breath. It helps reduce stress and improve focus.

2. Transcendental meditation

Transcendental Meditation involves sitting comfortably and silently repeating a specific mantra for 15-20 minutes twice a day. This practice calms the mind, reduces stress, and promotes deep relaxation.

3. Loving-kindness Meditation

Loving-kindness Meditation involves sitting comfortably and silently repeating phrases like "May I be happy, may you be happy." You start by focusing on yourself and then think about others. This practice helps you feel more loving and kind, increasing positive feelings and reducing self-criticism.

4. Yoga and Meditation

They combine physical postures,breath control,and meditation. Yoga improves flexibility and strength, while meditation calms the mind. Together, they reduce stress and enhance mind-body connection.

benefits of meditating

🧘~တရားထိုင်ခြင်းကြောင့် ရရှိသော ခန္ဓာကိုယ်ဆိုင်ရာအကျိုးကျေးဇူးများ~🧘‍♀️

တရားထိုင်ခြင်းကနေ ကိုယ်ခန္ဓာအတွက်အကျိုးကျေးဇူးများဖြစ်စေကြောင်းကို သိပ္ပံနည်းကျတွေ့ရှိထားသော အထောက်အထားများစွာရှိပါတယ်။ သုတေသနများက တရားထိုင်ခြင်းသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းဖြစ်တဲ့ဆဲလ်များအထိပင် ထိရောက်နိုင်ကြောင်းပြသကြပါတယ်။ ထို့ကြောင့် တရားထိုင်ခြင်းကြောင့်ရလာတဲ့ ကိုယ်ခန္ဓာဆိုင်ရာ အကျိုးကျေးဇူးတချို့ကိုကြည့်ကြပါစို့။

၁။ "အိပ်စက်ခြင်းကို ကောင်းမွန်စေသည်။" 🌸

တရားထိုင်ခြင်းက ရောက်ယက်ခတ်နေသော သောကအတွေးများကို လျော့ပါးစေ သည့်အပြင် တက်ကြွစေသော Cortisol(ကိုတီစော) ဓာတ်များကို လျော့ကျစေခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေပါတယ်။ ထို့ကြောင့် ကြွက်သားတင်းအားများကို ဖြေလျှော့ကာ ပိုပြီးသက်တောင့်သက်သာဖြစ်သောအခြေအနေကိုရောက်စေပါတယ်။

၂။ "သွေးဖိအားကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းစေခြင်း။" 🌸

ဤအချက်နဲ့ပက်သက်ပြီး သုတေသနများစွာ ပြုလုပ်ရန်လိုအပ်သေးသော်လည်း ဆောင်ရွက်ပြီးသား သုတေသနများက တရားထိုင်ခြင်းသည် တခြားလူနေမှုပုံစံစရိုက် ပြောင်းလဲမှုများနဲ့အတူ သွေးပေါင်တက်ခြင်းကို လျှော့ချရာတွင်အထောက်အကူပြု ကြောင်း ပြသလျက်ရှိပါတယ်။ အမေရိကန်နှလုံးအဖွဲ့အစည်းကြီးကပြုလုပ်ခဲ့သောသုတေတနကလည်း တရားထိုင်သောသူများတွင် သွေးလွှတ်ကြောများ၏အထူလျော့နည်းလာပြီး တရားမထိုင်သူများတွင်မူ မည်သည့်ပြောင်းလဲမှုမှ မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

၃။ "အားအင်တိုးစေသည်။" 🌸

ဝေါတားလူးတက္ကသိုလ် (The University of Waterloo)၏၂၀၁၇တွင်ပြုလုပ်သော (သတိရှိမှု)Mindfulnessအကြောင်းလေ့လာမှုတွင် ပါဝင်သူ ၃၁ ယောက်ဟာ ၂၅ မိနစ်တရားထိုင်ပြီးနောက် အားအင်တွေတိုးလာကြောင်း ဖော်ပြထားပါတယ်။ ထို့ကြောင့် လုပ်ကိုင်နိုင်စွမ်းကို တိုးစေပါတယ်။

၄။ "ကိုယ်ခံအားကောင်းစေခြင်း" 🌸

တရားထိုင်ခြင်းသည် အတွင်းစိတ်ကို ငြိမ်းချမ်းစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ Psychosomatic Medicine အဖွဲ့၏ ၂၀၀၃ ခုနှစ်တွင်ထုတ်ဝေသောလေ့လာမှုအဆိုအရ တရားထိုင်ခြင်းဟာ ကိုယ်ခံအားစနစ်နှင့် ဦးနှောက်အပေါ် မှတ်သားရလောက်အောင်ကောင်းမွန်သောအကျိုးများရှိစေပါတယ်။ New York Times ၏ ၂၀၀၃ အစီရင်ခံစာတစ်စောင်တွင် တရားထိုင်သော ကင်ဆာရောဂါသည်များဟာ ခံစားမှုဆိုင်ရာ အတွေး အမြင်များ ပိုမိုကောင်းမွန်ကြောင်းတွေ့ရတယ်ဟုဆိုကြပါတယ်။ တရားထိုင်ခြင်းသည် ဦးနှောက်၏အနာအာရုံတုံ့ပြန်မှုကို ထိန်းချုပ်ခြင်းအားဖြင့် စိတ်ရှုပ်ထွေးမှုနှင့် နာတာရှည်နာကျင်မှု ခံစားသူများကို နာကျင်မှုဝေဒနာသက်သာစေသည်ဟု ဆိုကြပါတယ်။ Cytokines ဟုခေါ်သော ဓာတ်များကို လျှော့ချ၍ ယောင်ရမ်းခြင်းဖြစ်စဥ်များကို သက်သာစေသလို ခုခံအားစနစ်ကိုလည်းအားကောင်းစေပါတယ်။

၅။ "ဦးနှောက်အိုမင်းခြင်းကို နှေးစေခြင်း" 🌸

လေ့လာမှုများက တရားထိုင်ခြင်းသည် အသက်အရွယ်ကြီးရင့်လာခြင်းနှင့် ဆက်စပ်သော ဦးနှောက်ပျက်စီးမှုကို နှေးကွေးစေ၍ တရားထိုင်သူများကို ပိုမိုငယ်ရွယ်သောဦးနှောက်များဖြစ်စေသည် ဟုယူဆကြပါတယ်။ 2016 Luders et al. အဖွဲ့အစည်း ၏ လေ့လာမှု အဆိုအရ သီတင်းပတ်ပိုင်း၊ လပိုင်းမျှကြာအောင် ရေတိုတရားထိုင်ခြင်းသည်ပင်လျှင် ဦးနှောက်တစ်သျှူးများကို တိုးပွားလာစေကြောင်း ပြသခဲ့ပါတယ်။ ထို့ကြောင့် တရားထိုင်ခြင်းသည် ဦးနှောက်စွမ်းဆောင်ရည်တိုးပွားစေပြီး အာရုံစိိုက်နိုင်ချိန်ကို ကြာစေကြောင်း ယုံကြည်ရပါတယ်။ MRI ဖြင့် ဦးနှောက်ကို ပုံဖော်ရိုက်ကူးလေ့လာရာတွင်လည်း တရားထိုင်လေ့ရှိသူများ၏ ဦးနှောက်များတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများနှင့် များစွာသော ဦးနှောက်လုပ်ငန်းများတိုးတက်လာကြောင်းကို တွေ့ရပါတယ်။

၆။ "ဆေးဝါးအရက် မှီခိုသုံးစွဲမှုကိုဖြတ်တောက်ရာတွင်လည်း ကူညီပေးသည်။" 🌸

တရားထိုင်ရာတွင်လိုအပ်သော စိတ်ဓာတ်စည်းကမ်းရှိမှုသည်လည်း လူတွေကို စိတ်အာရုံစုစည်းရာ၌ ပံ့ပိုးပေး၍ စိတ်ဖိစီးမှု၊ ဆာလောင်မွတ်သိပ်မှုနှင့် စိတ်လှုံ့ဆော်မှုတို့ကို ထိန်းချုပ်ရာတွင်ကူညီပေးနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် တရားထိုင်ခြင်းသည် စိတ်ဖိစီးမှု ကိုင်တွယ်ရာ၌သော်လည်းကောင်း၊ အိပ်ရေးဝအောင်သော်လည်းကောင်း အထောက်အကူပြုသလို စိတ်ခံစားမှုကောင်းမွန်အောင်နှင့် ကောင်းမွန်ပျော်ရွှင်စွာနေထိုင်အောင်လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့နေ့စဥ်ဘဝတွင် တရားထိုင်ခြင်းအလေ့အထကို ပြုလုပ်သင့်ပါတယ်။

benefits of

🧘‍♀️ ~Effects of Meditation on the body~ 🧘

There are many science-based benefits as to how meditation can improve our physical wellbeing. Research shows that meditation has the ability to affect our body on a cellular level. So, let's look at some of the benefits of meditation on our physical body.

1. Improves sleep 🌸

Meditation helps slow down the mind by both counteracting reckless and anxious thoughts and decreasing the cortisol levels. Thus, it also releases muscle tension and allows you into a more restful state.

2. Lowers blood pressure and Improves heart health 🌸

Although there is a need to conduct more research on this, existing research shows that meditation practices can help decrease blood pressure along with other lifestyle modifications. Research done by The American Heart Association reported that participants who meditated throughout the study experienced a decrease in the thickness of their arterial walls, while those who did not meditate experienced no change to their arterial walls.

3. Increases Energy 🌸

In a study published by the University of Waterloo in a 2017 issue of Mindfulness, 31 participants had improved energy levels after meditating for 25 minutes. Hence, it improves productivity.

4. Enhance Immunity 🌸

Meditation promotes inner peace and thereby reducing stress. According to a 2003 study published in the Psychosomatic Medicine, meditation also has a demonstrably positive effect on the immune system and the brain. And a 2003 report in the New York Times show that cancer patients who meditated had better emotional outlooks. It is said that meditation also provides relief for patients who suffer from chronic pain and anxiety by controlling the brains response to pain. It improves the immune system and many inflammatory processes by decreasing cytokines.

5. Reduce Brain aging 🌸

A number of studies hypothesizes that meditation may slow down the deterioration of the brain associated with aging, resulting in meditators having younger brain. A 2016 study, Luders et al. also says that Meditation has been shown to induce increases in brain tissue, even after relatively short periods of time, such as weeks or months. Therefore meditation is believed to improve cognitive ability and increase attention span. Magnetic resonance imaging (MRI) has shown many positive brain changes and improved several brain functions in the brains of those who have been practicing meditation.

6. Relieve substance use dependencies 🌸

Mental discipline required for meditation may help people learn to redirect their attention and manage Impulses, cravings and stress.

In conclusion, meditation can help us manage stress and feel better. So we should make a regular habit of meditation in our day-to-day lives.

🧘~တရားထိုင်ခြင်းကြောင့်ရရှိသောစိတ်ပိုင်းဆိုင်ရာအကျိုး‌‌ကျေးဇူးများ~🧘‍♀️

တရားထိုင်ခြင်းက ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာ‌ရေးအတွက် အံ့ဩဖွယ်အကျိူး‌ကျေးဇူးများရှိကြောင်းသိပ္ပံနည်းကျသက်သေပြပါတယ်။ ဘာအကျိူး‌ကျေးဇူးတွေပေးလဲဆိုတာကြည့်ကြတာပေ့ါ။

1. စိတ်ဖိစီးမှုလျှော့ကျခြင်း

စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ပိုင်းဆိုင်ရာ ဖိစီးမှုများဟာ စိတ်ဖိစီးမှုဟော်မုန်း Cortisol ပမာဏကို တိုးလာစေပါတယ်။ ၎င်းသည် အိပ်ရေးပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုကို မြှင့်တင်ခြင်း၊ သွေးပေါင်ချိန်တိုးစေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အတွေးတိမ်ခြင်းစသည့် သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေပါတယ်။

လေ့လာမှုအရ Mindfulness Meditation (သတိကမ္မဌန်းထောက်ရှုခြင်း) ဟုခေါ်သောတရားထိုင်ခြင်းသည် စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသောတုံ့ပြန်မှုကိုလျော့နည်းစေကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင်တရားထိုင်ခြင်းဟာ Irritable bowel syndrome (အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ)၊ PTSD (ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ) နှင့် fibromyalgia (အကြောတက်ရောဂါ) အပါအဝင် စိတ်ဖိစီးမှုဆိုင်ရာရောဂါများ၏လက္ခဏာများကိုလျှော့ချပေးနိုင်ကြောင်းသုတေသနပြုချက်များအရသိရပါတယ်။

2. Anxiety ကို လျှော့ချပေးသည်

အရွယ်ရောက်ပြီးသူ 1,300 နီးပါးပါဝင်သောသုတေသနပြုချက်အရ တရားထိုင်ခြင်းက anxiety ကို လျော့ကျစေကြောင်းတွေ့ရှိရပါတယ်။ တရားထိုင်ခြင်းရဲ့အကျိုးဟာ Anxiety အမြင့်မားဆုံးရှိတဲ့လူတွေပေါ်မှာ အကြီးမားဆုံးသက်‌ရောက်မှုလဲရှိပါတယ်။

သတိကမ္မဌန်းထောက်ရှုခြင်းက သာမန် anxiety ရောဂါရှိသူတွေမှာ လက္ခဏာတွေကိုလျော့ပါးစေပြီး မိမိကိုယ်အ‌ပေါ်ထင်မြင်ချက်အပြင် စိတ်ဖိစီးမှုကိုတုံ့ပြန်မှုနှင့်ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကိုလဲကောင်းမွန်စေကြောင်းတွေ့ရပါတယ်။

ယောဂဟာလူတွေရဲ့ Anxiety ကို လျှော့ချရာမှာလဲ ကူညီပေးကြောင်းသက်သေပြနိုင်ပါတယ်။ ဒီအကျိုး‌ကျေးဇူးဟာယောဂတွင်ပါဝင်သော တရားထိုင်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုနှစ်ခုလုံးမှရရှိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

တရားထိုင်ခြင်းသည်လုပ်ငန်းခွင်ဆိုင်ရင် Anxiety ကိုထိန်းချုပ်ရာတွင်လဲအထောက်အကူပြုနိုင်ပါတယ်။ လေ့လာမှုအရ သတိကမ္မဌန်းထောက်ရှုခြင်း app ကို ၈ ပတ်ကြာအသုံးပြုသောဝန်ထမ်းများသည် စိတ်ချမ်းသာမှုကို ပိုမိုခံစားရပြီးစိတ်ပင်ပန်းမှုနှင့်အလုပ်ပင်ပန်းမှုတို့ကိုလျော့နည်းစေကြောင်းတွေ့ရှိခဲ့ပါတယ်။

3. စိတ်ခံစားမှုဆိုင်ရာကျန်းမာရေးကိုမြှင့်တင်ပေးခြင်း

တရားထိုင်ခြင်းကမိမိကိုယ်အ‌ပေါ်နှင့်ဘ၀အပေါ်ထင်မြင်ရှူမြင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှု 18 ခုအပေါ် ပြန်လည်သုံးသပ်မှုအရတရားထိုင်ခြင်းပါ၀င်‌သောကုထုံးတွေကို ခံယူသောသူတွေဟာစိတ်ကျရောဂါလက္ခဏာတွေကိုလျော့ပါးစေတယ်လို့ ဆိုပါတယ်။ တရားထိုင် လေ့ကျင့်ခန်းကိုပြီးမြောက်သူတွေဟာစိတ်မချမ်းသာစေတဲ့ ပုံတွေကို ကြည့်တဲ့အခါစိတ်ဆင်းရဲစေတဲ့ အတွေးအမြင်တွေနည်းပါးစေကြောင်းအခြားလေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင်စိတ်ဖိစီးမှုကိုတုံ့ပြန်တဲ့အနေနဲ့ထုတ်လွှတ်တဲ့ cytokines လို့ခေါ်တဲ့ကိုယ်တွင်းရောင်ရမ်းစေတဲ့chemical တွေကစိတ်ခံစားချက်ကိုဆိုးရွားစေပြီး စိတ်ဓာတ်ကျခြင်းကိုဖြစ်စေပါတယ်။ လေ့လာမှုများစွာကိုပြန်လည်သုံးသပ်ခြင်းအရ တရားထိုင်ခြင်းဟာကိုယ်တွင်းရောင်ရမ်းစေတဲ့ chemicals ကို လျှော့ချခြင်းဖြင့်စိတ်ဓာတ်ကျမှုကိုလဲ ကောင်းမွန်စေပါတယ်။

4. မိမိကိုယ်အပေါ်ပိုမိုသတိပြုလာတတ်ခြင်း

အချို့သောတရားထိုင်ခြင်းပုံစံများသည်မိမိကိုယ်ကိုပိုနားလည်လာစေရန်နှင့် ကောင်းမွန်သောသူတစ်ယောက်အဖြစ်တိုးတက်လာစေရန်ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့် self-inquiry meditation or "I am" meditation သည် မိမိအတွင်းစိတ်ကိုပိုမိုနားလည်သတိပြုခြင်းကိုအထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ အခြားတရားထိုင်ခြင်းပုံစံများက မိမိစိတ်ကိုညှိုးနွမ်းစေသော၊ အနှောက်အယှက်ဖြစ်စေသော အတွေးများကိုအသိအမှတ်ပြုရန် သင်ပေးပါတယ်။ သင့်အတွေးအ‌ခေါ်အလေ့အထများကိုပိုမိုသိရှိနားလည်လာသည်နှင့်အမျှပိုမိုအပြုသဘောဆောင်သော အတွေးအခေါ်များယူဆောင်လာမှာဖြစ်ပါတယ်။

အခြားလေ့လာမှုတွင် သတိကမ္မဌန်းထောက်ရှုခြင်း app ကို ၂ ပတ်ကြာအသုံးပြုခဲ့သောလူ ၁၅၃ ဦးဟာအထီးကျန်ဆန်‌တဲ့ခံစားချက်ကို လျော့ကျစေပြီးလူမှုဆက်ဆံရေးကိုအထောက်အကူပြုပါတယ်။ ဒါ့အပြင်တရားထိုင်ခြင်းမှရရှိ‌သောအတွေ့အကြုံဟာ ထိုးထွင်းဉာဏ်ဖြင့် ပြဿနာဖြေရှင်းခြင်းစွမ်းရည်ကိုမွေးမြူပေးပါတယ်။

5. ဝေဒနာခံစားမှုကို ထိန်းပေးခြင်း

ဝေဒနာခံစားနိုင်စွမ်းက သင့်စိတ်အခြေအနေနဲ့ ဆက်စပ်နေပြီး စိတ်ဖိစီးတဲ့ အခြေအနေတွေမှာ မြင့်တက်နိုင်ပါတယ်။

လေ့လာမှု ၃၈ ခုအရ သတိကမ္မဌန်းထောက်ရှုခြင်းက နာကျင်မှုကို လျှော့ချနိုင်ခြင်း၊ ဘ၀အရည်အသွေးကိုမြှင့်တင်ပေးပြီး နာတာရှည်ဝေဒနာရှိသူများတွင် စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို လျှော့ချနိုင်သည်ဟု သိရပါတယ်။

တရားထိုင်သူများနှင့် တရားမထိုင်‌သောသူများသည်တူညီသော ဝေဒနာကိုခံစားခဲ့ကြသော်လည်း တရားထိုင်သူများသည်ဝေဒနာကို ခံနိုင်ရည်စွမ်းပိုမိုပြသနိုင်ပြီး နာကျင်မှုကိုခံစားရမှုပိုနည်းကြောင့်သိရပါတယ်။

🧘~Effects of Meditation on our mind~🧘‍♀️

Meditation is scientifically proven to do wonders for our emotional well-being. Let's look at some of the benefits.

1. Stress reduction

Mental and physical stress can cause increased levels of the stress hormone cortisol. This produces many harmful effects of stress such as disrupting sleep, promoting depression and anxiety, increasing blood pressure, and contributing to fatigue and cloudy thinking.

A study found that a meditation style called "mindfulness meditation" reduced the response caused by stress.

Furthermore, research has shown that meditation may also improve symptoms of stress-related conditions, including irritable bowel syndrome, post-traumatic stress disorder, and fibromyalgia.

2. Reduces Anxiety

A research including nearly 1,300 adults found that meditation may decrease anxiety. This effect was strongest in those with the highest levels of anxiety.

Mindfulness meditation helps reduce anxiety symptoms in people with generalized anxiety disorder, along with increasing positive self-statements and improving stress reactivity and coping.

Yoga has been shown to help people reduce anxiety. This is likely due to benefits from both meditative practice and physical activity.

Meditation may also help control job-related anxiety. One study found that employees who used a mindfulness meditation app for 8 weeks experienced improved feelings of well-being and decreased distress and job strain.

3. Promotes emotional health

Meditation can lead to improved self-image and a more positive outlook on life.

A review of 18 studies showed that people receiving meditation therapies experienced reduced symptoms of depression.

Another study found that people who completed a meditation exercise experienced fewer negative thoughts in response to viewing negative images.

Furthermore, inflammatory chemicals called cytokines, which are released in response to stress, can affect mood, leading to depression. A review of several studies suggests meditation may also reduce depression by decreasing levels of these inflammatory chemicals.

4. Enhances self-awareness

Some forms of meditation may help you develop a stronger understanding of yourself, helping you grow into your best self.

For example, self-inquiry meditation or "I am" meditation aims to help you develop a greater understanding of your inner self.

Other forms teach you to recognize thoughts that may be harmful or self-defeating. The idea is that as you gain greater awareness of your thought habits, you can steer them toward more constructive patterns.

In another study, 153 adults who used a mindfulness meditation app for 2 weeks experienced reduced feelings of loneliness and increased social contact.

Additionally, experience in meditation may cultivate more creative problem-solving skills

5. Helps control pain

Your perception of pain is connected to your state of mind, and it can be elevated in stressful conditions.

One review of 38 studies concluded that mindfulness meditation could reduce pain, improve quality of life, and decrease symptoms of depression in people with chronic pain.

Meditators and non-meditators experienced the same causes of pain, but meditators showed a greater ability to cope with pain and even experienced a reduced sensation of pain.

benefits of meditating 2

🌸~တရားထိုင်ခြင်း၏ မှတ်ဉာဏ်၊အသိဉာဏ်‌ဆိုင်ရာ အကျိုးကျေးဇူးများ~🧠

တရားထိုင်ခြင်းသည် ဦးနှောက်၏ တည်ဆောက်ပုံကိုပြောင်းလဲပေးခြင်းဖြင့်မှတ်ဉာဏ်၊အသိဉာဏ်ကျန်းမာ‌ရေးကိုမြှင့်တင်ပေးနိုင်ပါသည်။ တရားထိုင်ခြင်းဖြင့် ဦးနှောက်ကို အသင့်တော်ဆုံးနည်းလမ်းဖြင့်အသစ်တဖန်ပြန်

ဖြစ်စေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊အသိဉာဏ်ပိုင်းဆိုင်ရာလုပ်ငန်း အတွက်အရေးကြီးတဲ့ဦးနှောက်ထဲကအစိတ်အပိုင်းတွေဖြစ်သည့်Parietal lobe and prefrontal cortex တွေကြား အချင်းချင်းအပြန်အလှန်ချိတ်ဆက်ပေးပီးဆက်သွယ်ပေးသည်။ ဒီအစိတ်အပိုင်းနှစ်ခုဟာအာရုံစူးစိုက်မှု၊ မှတ်ဉာဏ်အလုပ်လုပ်မှု၊ သတိရှိမှု၊ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်တွေးတောနိုင်မှု၊ သင်ယူမှုဆိုတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ပေးပြီးတချိန်တည်းမှာပဲ ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ သောကတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

တရားထိုင်ခြင်းဟာသိသာစွာပင် သတိရှိခြင်းသဘောသဘာ၀ဖြစ်တဲ့ ပစ္စပ္ပုန်တွင် ဖြစ်ပေါ်‌နေတဲ့အတွေး၊ ခံစားချက်၊ အာရုံခံစားမှုတွေအပေါ်စိတ်မရောက်ဘဲ၊မဝေဖန်နေ‌ဘဲ၊မျှော်လင့်ခြင်းမရှိဘဲသတိရှိခြင်း ကိုတိုးတက်စေသည်။တရားထိုင်ခြင်းဆိုတာ မိမိတို့ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်ပေးပြီး အာရုံကြော တည်ဆောက်ပုံတွေကိုတိုးတက်စေနိုင်တဲ့ လွယ်ကူသိမ်မွေ့တဲ့နည်းလမ်းလေးတစ်ခုဖြစ်ပါသည်။မိမိတို့ကို မှတ်ဉာဏ်ပျောက်ဆုံးမှုနည်းပါးပြီးစိတ်အတက်အကျမဖြစ်စေရန်လည်းကူညီပေးပါတယ်။

သုတေသနပြုချက်တွေအရ အချိန်အကြာကြီးတရားထိုင်လာသူများသည် တရားမထိုင်သောသူများထက် မှတ်ဉာဏ်၊အသိဉာဏ်များ ပိုမိုပေါ့ပါး ပြောင်းလွယ် ပြင်လွယ် ဖြစ်ပြီးအာရုံစူးစိုက်မှုပိုမိုအားကောင်းကြောင်းတွေ့ရသည်။ တရားထိုင်ခြင်းသည် မှတ်ဉာဏ်၊ အသိဉာဏ်အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိတဲ့အတွက် Parkinson's ရောဂါခံစားနေရသူများပင် သူတို့ရဲ့ လှုပ်ရှားမှုစွမ်းရည်တိုးတက်ရန်နဲ့ စိတ်ဖိစီးမှုလျှော့ချရန်တရားထိုင်ကြရသည်။

ADHDရှိသည့်သူများသည်လည်း တရားထိုင်ခြင်းဖြင့် အာရုံစူးစိုက်မှုကိုတိုးတက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကောင်း‌မွန်စွာလည်ပတ်စေနိုင်ပါတယ်။

🌸~Cognitive benefits of meditation~🧠

Meditation improves cognitive health by physically changing the structure of the brain. It also allows the brain to renew in the way of optimal processing, communication and connection between areas of the brain that play vital role for cognitive function- the parietal lobe and prefrontal cortex. These two brain regions work together which are responsible for attention, working memory, awareness, flexible thinking and learning while reducing fatigue, stress and anxiety.

It can apparently develop the mindfulness traits such as self-awareness on the present, of the thoughts, feelings and sensations without any judgement, filter and expectations. Meditation is a gentle technique through which we can calm our minds and enhance our neural architecture.

It can also help us have less memory loss and depression symptoms.

Research show that long-time meditators increase their cognitive flexibility and concentration compared with non-meditators. Since meditation can have very great impacts on cognitive health, people with Parkinson's are even encouraged to practice meditation in order to enhance their motor skills and relieve their stress.

Similarly, people with ADHD can also increase their concentration span and emotional regulation through meditation.

✨ စိတ်ပိုင်းဆိုင်ရာနှင့်ကိုယ်ရေးကိုယ်တာဆိုင်ရာတိုးတက်မှု ✨

တရားထိုင်ခြင်းကတော့စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာတိုးတက်မှုအတွက် အကျိုးကျေးဇူးများစွာကို ပေးဆောင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှု၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့မိမိကိုယ်ကို သတိရှိမှုတို့ကို မြှင့်တင်ခြင်းဖြင့်၊ တရားထိုင်ခြင်းသည် လူတစ်ဦးချင်းစီရဲ့ဘဝရှုပ်ထွေးမှုများကို လမ်းညွှန်ရန်နဲ့ ၎င်းတို့ရဲ့အမြင့်ဆုံးအလားအလာကို လိုက်စားရန် လိုအပ်သည့် ကိရိယာများကို ပေးဆောင်တယ်။ ထို့ပြင် တရားရှုမှတ်ခြင်းဖြင့် ရရှိသော ဘာသာရေးဆိုရာတွင်ထိုးထွင်းသိမြင်မှုသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာနှင့် ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်နှင့် ဆက်သွယ်မှုကို တိုးပွါးစေနိုင်ပါတယ်။လူများနေ့စဥ်ဘဝတွင် တရားရှုမှတ်ခြင်းကို ပေါင်းထည့်လာသည်နှင့်အမျှ တစ်ကိုယ်ရည်နှင့် စုပေါင်းတိုးတက်မှုအတွက် အလားအလာသည် အကန့်အသတ်မရှိဖြစ်လာနိုင်ပါတယ်။

✨ Spiritual And Personal Growth ✨

Meditation offers a wealth of benefits for both spiritual and personal growth. By enhancing mental clarity, emotional stability, and self-awareness, meditation provides individuals with the tools they need to navigate life’s complexities and pursue their highest potential. Moreover, the spiritual insights gained through meditation can foster a deeper sense of purpose and connection to the world around them. As more people incorporate meditation into their daily lives, the potential for personal and collective growth becomes boundless.

thank you

တရားထိုင်ခြင်းဟာကျန်းမာ‌ရေးတိုးတက်ဖို့အတွက်ဘာပစ္စည်းကိရိယာ၊ဘာကျွမ်းကျင်မှုမှမလိုဘဲဘယ်နေရာတွင်မဆို လူတိုင်းလုပ်နိုင်သောအရာဖြစ်ပါတယ်။ တရားထိုင်ဖို့ အချိန်ဘယ်လောက်ပေးလဲ အရေးမကြီးပါဘူး။ တစ်မိနစ် နေ့စဉ်ပုံမှန် တရားထိုင်တာက ကြာကြာနေမှတစ်ခါ အချိန်ကြာထိုင်တာထက် ပိုအကျိုးရှိပါတယ်လို့တောင်ယူဆကြပါတယ်။ တရားထိုင်နည်းပုံစံအမျိုးမျိုးလည်း ရှိသလိုတစ်ခုချင်းစီမှာလဲ သူတို့ရဲ့ အားသာချက်တွေနဲ့ ရှိပါတယ်။ သင့်လိုအပ်ချက်နှင့် ပန်းတိုင်နှင့်ကိုက်ညီတဲ့ တရားထိုင်နည်းကို စမ်းထိုင်ကြည့်မယ်ဆိုရင် အချိန်ခဏတာပဲဆိုရင်တောင် သင့်ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေမည့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်မှာအမှန်ပါပဲ။ 💖

Meditation is something everyone can do to improve their health. You can do it anywhere, without special equipment or skills and without consuming much of your time. It doesn't matter how much time you devote to meditation. Even a one minute meditation done regularly is more beneficial than a longer session sporadically.

There’s a great variety of styles too, each with their own strengths and benefits. Trying out a style of meditation suited to your needs and goals is a great way to improve your quality of life even if for only a few minutes.

# Related Posts

No related posts found.