solutions and innovations for microplastics

Microplastics: The Invisible Threat In Our Everyday Lives (Final Part)

Solutions & Innovations

The Blossoms
The Blossoms 13 Jun 2024

Hello Youths တို့​ရေ "Microplastics" Part-1​နဲ့ Part-2မှာ "Origin Of Plastic"နဲ့ "Impacts On Environment & Humans"အ​ကြောင်းကို ​​ပြောပြပြီးပြီဆို​တော့ အခု​နောက်ဆုံးအပိုင်းမှာ ဘာ​တွေSharingလုပ်​ပေးမလဲဆိုပြီး သိချင်​နေကြမှာ​ပေါ့။ အခု​Final Partမှာဆိုရင်​တော့ Plastic Waste​တွေကို ဘယ်လိုနည်းလမ်း​​တွေအသုံးပြုပြီး ထိထိ​ရောက် ကိုင်တွယ်ရမယ်ဆိုတာနဲ့ Plasticအသုံးပြုမှုကို ​လျှော့ချဖို့အတွက် Plasticအစားထိုး အသုံးပြုလို့ရမယ့် ပစ္စည်း​တွေကို စုံစုံလင်လင် ​ဖော်ပြ​ပေးထားတာမို့ အဆုံးထိဖတ်ကြည့်လိုက်ပါဦး​နော်...။

Solutions & Innovations

ပလတ်စတစ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးစရိတ်တွေက နှစ်စဉ်နှင့်အမျှ မြင့်တက်​နေတယ်ဆိုတာ သင်သိပါသလား?

၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အမှိုက်စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၅၂ ဘီလီယံအထိ ရှိနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေးပြဿနာများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများ ကဲ့သို့သော ကုန်ကျစရိတ်များပါဝင်ပါက ဒေါ်လာ ၃၆၁ ဘီလီယံအထိ မြင့်တက်လာနိုင်ပြီး စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတွင် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ မရှိလာပါက အဆိုပါကုန်ကျစရိတ်​တွေဟာ၂၀၅၀ ခုနှစ်မှာ နှစ်စဉ် ဒေါ်လာ ၆၄၀ ဘီလီယံအထိ နှစ်ဆနီးပါး ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါကုန်ကျစရိတ်​တွေကို လျော့ပါးသက်သာ​စေဖို့အတွက် ပြည်သူလူထုနှင့် သဘာဝပတ်၀န်းကျင်ထိန်းသိမ်းကာကွယ်​ရေးအဖွဲ့အစည်းများ ပူး​ပေါင်းပြီး ပလတ်စတစ်ကို ပြန်လည်အသုံးပြုရန်အတွက် နည်းပညာအသစ်​တွေကို မိတ်ဆက်​ပေးတာ​တွေ ​နေ့စဥ်လူ​နေမှုဘဝမှာ အသုံးပြု​နေတဲ့ ပလတ်စတစ်အသုံး​အ​ဆောင်ပစ္စည်း​တွေအစား ပလတ်စတစ်မဟုတ်တဲ့ ပလတ်စတစ်အစားထိုး ထုတ်ကုန်​တွေကို မိတ်ဆက်ပြီး အသုံးပြု​ပေးကြဖို့ တိုက်တွန်းတာ​တွေလုပ်နိုင်ပါတယ်။ ယခုလက်ရှိမှာဆိုရင် ​အောက်ပါ ထင်ရှားတဲ့အဖွဲ့အစည်း​တွေကဦး​ဆောင်ပြီး ပလတ်စတစ်​အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းစီမံခံ့ခွဲ​ရေးအတွက် ဆန်းသစ်​သော နည်းလမ်းများအသုံးပြုပြီး​

​လုပ်​ဆောင်လျက်ရှိပါတယ်။ အဆိုပါ အဖွဲ့အစည်း​တွေက​တော့...

၁. Plastic Bank: ဒီအဖွဲ့အစည်းက​တော့ ဖွံ့ဖြိုးဆဲနိုင်ငံ​တွေမှာ ညစ်ညမ်းမှုနှင့် ဆင်းရဲမွဲတေမှုကို ​​လျှော့ချဖို့နဲ့ အား​ပေးအား​မြှောက်ပြုဖို့အတွက် ဦး​ဆောင်လမ်းပြအ​နေနဲ့ ပလတ်စတစ်​​​​တွေကို အခြား​သောကုန်ပစ္စည်း​တွေ ဒစ်ဂျစ်တယ် တိုကင်​တွေကို လဲလှယ်​ပေးတာမျိုး​တွေ လုပ်​ဆောင်လျက်ရှိပါတယ်။

၂. Precious Plastic: ဒီအဖွဲ့အစည်းမှာဆိုရင် ကိုယ်ပိုင် Recycle Workshops​တွေ တည်ထောင်ပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်း​တွေကို Recycleလုပ်ကာ အခြား​သော ​ကောင်းမွန်တဲ့ထုတ်ကုန်​တွေ ထုတ်လုပ်နိုင်ဖို့အတွက် ကုန်ကျစရိတ်နည်းပြီး ပြန်လည်အသုံးပြုစက်များအတွက် Open-source ဒီဇိုင်းများကိုပံ့ပိုးပေးလျက်ရှိပါတယ်။

၃. EcoBricks: ဒီအဖွဲ့အစည်းရဲ့ လုပ်​ဆောင်ချက်က​တော့ ရိုးရှင်းပါတယ်။ ပြန်လည်အသုံးပြုလို့မရတဲ့ ပလတ်စတစ်အမှိုက်​တွေကို ပလတ်စတစ်ဘူး​တွေမှာဖြည့်ပြီး ​ဆောက်လုပ်​ရေး ပစ္စည်း​တွေ ဖန်တီး​ပေးတာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အဖွဲ့အစည်း​​တွေက အခုလို ရိုးရှင်းပြီး ထိရာက်သောနည်းလမ်းကို စတင်လက်ခံအသုံးပြုလာပြီ ဖြစ်ပါတယ်။

ယ​နေ့​ခေတ်မှာဆိုရင် AIနဲ့ အခြား​သော အဆင့်မြင့်နည်းပညာ​တွေ (Advanced Technologies) ကို နယ်ပယ်​​တော်​တော်များများမှာ အသုံးပြုလာပြီ ဖြစ်တဲ့အတွက် Waste Management ပိုင်းမှာ အသုံးပြု​နေတဲ့ နည်းပညာအချို့ကိုလည်း ​Knowledge Sharing အ​နေနဲ့ ​ဖော်ပြ​ပေးလိုက်ပါတယ်။

1. Advanced Sorting Technologies: AI နှင့် Machine learning နည်းပညာ​တွေကို အသုံးပြုပြီး ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်း​တွေ ခွဲခြားတာ​တွေ၊ အမျိုးအစားတူတာ စုတာ​တွေစွမ်း​​ဆောင်နိုင်ပြီး Recycling Processကို ပိုမိုထိ​​ရောက်​အောင် လုပ်​ဆောင်နိုင်ပါတယ်။

2. Chemical Recycling: ဒီလုပ်ငန်းစဉ်က​​တော့ ပလတ်စတစ်အမှိုက်​တွေကို ပလတ်စတစ် မဖြစ်မီ သူတို့ရဲ့ကုန်ကြမ်းပစ္စည်းများအဖြစ် ပြန်လည်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ Recycle လုပ်ဖို့ အလွန်ခက်ခဲတဲ့ ပလတ်စတစ်​တွေကို Recycle လုပ်ဖို့ နည်းလမ်းတစ်ခုပါပဲ။

3. Biodegradable Plastics: သဘာဝပတ်ဝန်းကျင်မှာ ပိုမိုပြီးလွယ်လွယ်ကူကူ ဆွေး​မြေ့နိုင်တဲ့ ပလတ်စတစ် တီထွင်ဖန်တီးခြင်းကလည်း ပလတ်စတစ်အမှိုက်ရဲ့ ရေရှည်အကျိုးသက်ရောက်မှုကို လျှော့ချ​ပေးပါတယ်။

4. Nanotechnology: ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်​တွေရဲ့ အရည်အသွေးကို နာနိုအမှုန်များအသုံးပြု၍ မြှင့်တင်ပေးပြီး မူရင်း ပလတ်စတစ်များနည်းတူ အရည်အသွေးကောင်းမွန်​အောင် ပြုလုပ်​ပေးတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။

AIနဲ့ အဆင့်မြင့်နည်းပညာ​တွေကို Waste Management နဲ့ Recycling ပိုင်းမှာ အသုံးပြုပြီး ထိထိ​ရောက်​ရောက်လုပ်​ဆောင်​နေ​ပေမယ့်လည်း ​နေ့စဥ်ပလတ်စတစ်အသုံးပြုမှုကို ​လျှော့ချဖို့ရန်အတွက် ပလတ်စတစ်ရေသန့်ဗူးများနဲ့ အခြားအသုံးများသော ပလတ်စတစ် ထုတ်ကုန်များအစား ​အောက်မှာဖော်ပြထားတဲ့

ပလတ်စတစ်လည်းမဟုတ် ပတ်၀န်းကျင်နဲ့လည်း Eco-friendly ဖြစ်တဲ့ ပလတ်စတစ်အစားထိုးပစ္စည်းများကို စတင်အသုံးပြုကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

1. Water Bottles (ရေသန့်ဘူးများ)

Stainless Steel : ခိုင်ခံ့ပြီး ပြန်လည်အသုံးပြုနိုင်သည့်အပြင် အပူဓာတ်နှင့် အအေးဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

Glass Bottles: အဆိပ်အတောက်မဖြစ်ပဲ ပြန်လည်အသုံးပြုနိုင်ပါတယ်။

Bamboo: ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး အလွယ်တကူ ဆွေးမြေ့နိုင်ပါတယ်။

2. Reusable Bags (ပြန်လည်အသုံးချနိုင်သောအိတ်များ)

Cotton and Canvas Bags: ခိုင်ခံ့၍ ​လျှော်၍ပြန်လည်အသုံးပြုနိုင်ပြီး စျေးဝယ်ရန်နှင့် နေ့စဉ်အသုံးပြုရန်အတွက် အထူးသင့်လျော်လှပါတယ်။

Jute Bags: ခိုင်ခံ့၍ အလွယ်တကူဆွေးမြေ့နိုင်ပြီး လေးလံတဲ့ပစ္စည်း​တွေထည့်ဖို့ အတွက် ​အ​ကောင်းဆုံး​ရွေးချယ်စရာ​တွေထဲက တစ်ခုဖြစ်ပါတယ်။

Reusable Nylon Bags: ပေါ့ပါး၍ အလွယ်တကူ ခေါက်ထားနိုင်ပြီး ပြန်လည်အသုံးပြုဖ်ို့လည်း လွယ်ကူပါတယ်။

3. Drinking Straws (သောက်သုံးရန်ပိုက်များ)

Stainless Steel: ဆေးကြောရန်လွယ်ကူပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။

Bamboo: ပေါ့ပါး၍ အလွယ်တကူ ဆွေးမြေ့ပျက်စီးနိုင်ပါတယ်။

Glass: ရှင်းလင်းလှပ၍ ပြန်လည်အသုံးပြုနိုင်ပါတယ်။

4. Food Storage and Wrapping ( အစားအသောက်များသိုလှောင်ခြင်းနှင့် ဖုံးအုပ်ခြင်း)

Beeswax Wraps: ပြန်လည်အသုံးပြုနိုင်ပြီး ပလတ်စတစ် ထုတ်ပိုးပစ္စည်းများအစား အသုံးပြုနိုင်ပါတယ်။

Silicon Food Storage: လေလုံ၍ ပြန်လည်အသုံးပြုနိုင်ပါတယ်။

Glass Container: အစားအစာများကို သိုလှောင်ရန်နှင့် အပူပေးရန် အထူးသင့်တော်ပါတယ်။

5. Coffee Cups and Mugs (ကော်ဖီခွက်များနှင့် မတ်ခွက်များ)

Travel Mugs: Stainless Steel သို့မဟုတ် ဖန်ဖြင့်ပြုလုပ်ထားသဖြင့် ပြန်လည်အသုံးပြုနိုင်ပြီး အပူ၊အအေး ထိန်းပေးနိုင်တဲ့အတွက် Travel Mugs​ လေး​တွေ အသုံးပြုကြည့်ကြပါ​နော်။

Collapsible Silicon Cups: ခရီးသွားတဲ့အခါ အသုံးပြုလို့အဆင်ပြေပြီး အသုံးမပြုတဲ့အခါမှာလည်း ခေါက်ထားလို့ရပါ​သေးတယ်။

Ceramic Mugs: ခိုင်ခံ့ပြီး အိမ်မှာတင်မကပဲ ရုံး​တွေမှာပါ အသုံးပြုလေ့ရှိတဲ့အတွက် တစ်ခါသုံးခွက်​တွေအစား အသုံးပြုလို့ရပါတယ်။

အခုဆိုရင်​တော့ ပလတ်စတစ်ဟာ ​နေ့စဥ်ဘ၀မှာ အသုံးများလာပြီး မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာတဲ့အပြင် လူသား​တွေအ​ပေါ်မှာတင်မကပဲ ကုန်း​နေ​၊ ရေ​နေသတ္တဝါ​​တွေပါ ဘယ်လိုမျိုးထိခိုက်ရတယ်ဆိုတာရယ်၊ ပလတ်စတစ် Waste Managementနဲ့ Recycling လုပ်ဖို့ ထိ​ရောက်​တဲ့နည်းလမ်း​တွေနဲ့ ပလတ်စတစ်အစား အသုံးပြုလို့ရမယ့်ပစ္စည်း​တွေ အ​ကြောင်းကိုပါ ​သေ​သေချာ​ချာလေး သိသွားလိမ့်မယ်လို့​မျှော်လင့်ပါတယ်။

ကိုယ်တိုင်လည်း ပလတ်စတစ်အစား အခြား​သောပစ္စည်း​လေး​တွေ နည်းနည်းချင်းကြိုးစားပြီး အစားထိုးအသုံးပြုကြည့်ပါ။ ကိုယ့်ရဲ့သူငယ်ချင်း၊ မိတ်​​ဆွေ​တွေ ပလတ်စတစ်အသုံးအ​ဆောင်ပစ္စည်း​တွေ သုံး​နေတာ​တွေ့ရင်လည်း အ​ပေါ်မှာ​​ဖော်ပြခဲ့တဲ့ အစားထ်ိုးပစ္စည်း​လေး​တွေ အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါဦး​​နော်။

[English Version]

Hello Youths! As we have already shared the "Origin Of Plastic" and "Impacts On Environment & Humans" in "Microplastics" Part-1 and Part-2, you all might be wondering what we will be sharing in the final part. In this final part, we will be sharing solutions to handle and manage plastic wastes effectively and products that can be used instead of plastic in order to reduce the use of plastic. Then, let's read together till the end!

Solutions & Innovations

Did you know that the cost of managing plastic waste is rising every year? Experts have estimated that global waste management costs could reach as high as US$252 billion by 2020. When considering environmental pollution, health problems, and climate change impacts, these costs could rise to $361 billion. Without significant improvements in waste management, these costs are projected to nearly double to $640 billion annually by 2050.

To mitigate these costs, public cooperation and environmental protection organizations can work together to implement new recycling technologies. Currently, several prominent organizations are leading the way with innovative methods for plastic use and waste management. These organizations include:

1. Plastic Bank: Promotes pollution reduction and poverty alleviation in developing countries by exchanging digital tokens for plastic and other goods.

2. Precious Plastic: Establishes recycling workshops and provides open-source designs for low-cost recycling machines to produce new products from plastic waste.

3. EcoBricks: Fills non-recyclable plastic waste into plastic bottles to create construction materials, a method adopted by organizations worldwide.

Advanced technologies, such as AI, are increasingly being used in most areas as well as in waste management. Some notable applications include:

1. Advanced Sorting Technologies: AI and machine learning technologies are used to sort recyclable materials efficiently, improving the recycling process.

2. Chemical Recycling: Converts plastic waste back into raw materials, enabling the recycling of difficult-to-recycle plastics.

3. Biodegradable Plastics: Developing more biodegradable plastics reduces the long-term impact of plastic waste.

5. Nanotechnology: Use nanoparticles to improve the quality of recycled plastics, making them as good as original plastics.

Although AI and advanced technologies are effectively used in waste management and recycling, reducing daily plastic use is also crucial. Instead of plastic water bottles and other common plastic products, consider using

eco-friendly alternatives:

1. Water Bottles

• Stainless Steel: Strong, reusable, retains heat and cold.

• Glass Bottles: Non-toxic and reusable.

• Bamboo: Environmentally friendly and biodegradable.

2. Reusable Bags

• Cotton and Canvas Bags: Strong, washable, reusable, ideal for shopping.

• Jute Bags: Strong, biodegradable, great for heavy items.

• Reusable Nylon Bags: Lightweight, foldable, recyclable.

3. Drinking Straws

• Stainless Steel: Easy to wash, reusable.

• Bamboo: Light, biodegradable.

• Glass: Clear, beautiful, reusable.

4. Food Storage and Wrapping

• Beeswax Wraps: Reusable, an alternative to plastic wraps.

• Silicon Food Storage: Airtight, reusable.

• Glass Containers: Ideal for storing and heating food.

5. Coffee Cups and Mugs

• Travel Mugs: Opt for stainless steel or glass travel mugs, which are reusable and can handle both hot and cold beverages.

• Collapsible Silicone Cups: These are convenient for travel and can be easily folded when not in use.

• Ceramic Mugs: Durable and suitable for both home and office, ceramic mugs are a great alternative to disposable cups.

Now, Plastic has become increasingly prevalent in daily life, turning into an essential item. I hope you gain a thorough understanding of the effects on humans and other animals, effective plastic waste management and recycling methods, along with viable alternatives to plastic.

Try to replace plastic with other materials little by little. Encourage your friends to adopt the alternatives mentioned above whenever you notice them using plastic utensils.

#Sources: Harper's Magazine, Science History.org, The NewYork Times, BBC News Magazine, Plastic Oceans International Organization, The Container Recycling Institute