Wind energy

Renewable Energy

Definition, Advantages, and Disadvantages of Renewable Energy

The Blossoms
The Blossoms 23 Jun 2024

Hello guys 🙋🏻‍♀️, ဒီရက်ပိုင်းအပူချိန်တွေမြင့်တက်လာတာကိုအားလုံးပဲသိထားကြပြီးဖြစ်မှာပါ🌡️

ဒီလိုပူလာရတာဟာလေထုထဲမှာရှိတဲ့ greenhouse gases တွေမြင့်တက်လာတာကြောင့်ဆိုတာလဲငြင်းလို့မရတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်နော်။ဒါဆို ဒီလို greenhouse gases တွေမြင့်တက်လာတာကိုဘယ်လိုလျော့ချနိုင်မလဲ??နည်းလမ်းလေးကတော့ renewable energy လို့ခေါ်တဲ့စွမ်းအင်အရင်းအမြစ်တွေကိုအသုံးပြုခြင်းဖြင့်သဘာဝပတ်ဝန်းကျင်ကိုပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။ကဲဒါဆိုအားလုံးကို renewable energy အကြောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🙆🏻‍♀️✨

ပထမဆုံးအနေနဲ့ renewable energy ဆိုတာဘာလဲ???🤔

Renewable energy ဆိုတာက ကုန်ခမ်းမသွားနိုင်ပဲပြန်လည်ပြည့်ဝနိုင်တဲ့သဘာဝအရင်းအမြစ်တွေဆီကရတဲ့စွမ်းအင်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှာက များသောအားဖြင့် greenhouse gases တွေ အထူးသဖြင့် carbon နဲ့ methane တို့ပါဝင်တဲ့ carbon footprint တွေပါဝင်နှုန်းနည်းတာ သို့မဟုတ် လုံးဝမပါတင်တာမျိုးဖြစ်နိုင်ပါတယ်။

💁🏻‍♀️ စွမ်းအင်အမျိုးအစားဥပမာတစ်ချို့အနေနဲ့ဖော်ပြရမယ်ဆိုရင်တော့ -

ဆိုလာစွမ်းအင်၊ လေစွမ်းအင်၊ ရေအားလျှပ်စစ်စွမ်းအင်၊ ဇီဝလောင်စာ၊ ဘူမိအပူစွမ်းအင် နဲ့ ဒီရေစွမ်းအင်တို့ပဲ ဖြစ်ကြပါတယ်။

Renewable energy တွေကိုဘယ်လိုအသုံးပြုကြသလဲ။👩🏻‍🏫

Renewable energy တွေကို လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့၊ ရေပူရေအေးပြုလုပ်နိုင်ဖို့ နဲ့ သယ်ယူပို့ဆောင်ရေး စတဲ့နေရာတွေမှာအသုံးပြုနိုင်ပါတယ်။ ဒါဆို စွမ်းအင်အသုံးပြုပုံကိုရှင်းရှင်းလင်းလင်းနားလည်သွားနိုင်စေဖို့အတွက် စွမ်းအင်အရင်းအမြစ်အချို့ရဲ့လုပ်ဆောင်အသုံးပြုပုံတွေကို ဥပမာအနေနဲ့ဝေမျှပေးချင်ပါတယ်။

ဆိုလာစွမ်းအင် ☀️ - ဆိုလာစွမ်းအင်မှာဆိုရင် photovoltaic လို့ခေါ်တဲ့ ဆဲလ်လေးတွေကိုအသုံးပြုပြီးနေရောင်ခြည်ကလာတဲ့အလင်းတန်းလေးတွေကိုစုပ်ယူကာလျှပ်စစ်စွမ်းအင်အဖြစ်သို့ပြောင်းလဲအသုံးပြုတာဖြစ်ပါတယ်။

လေစွမ်းအင် 🌬️ - လေစွမ်းအင်ကိုတော့ လေရဟတ်တွေကနေတစ်ဆင့် လေရဲ့ရွေ့လျားမှုစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်းအသုံးပြုနိုင်ပါတယ်။

ရေအားလျှပ်စစ်စွမ်းအင် 💧 - ဒီစွမ်းအင်မှာတော့ မြစ်တွေဆည်တွေဆီက ရေစီးဆင်းမှုအားကို လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်ဖို့အသုံးပြုတာပဲဖြစ်ပါတယ်။

Renewable energy ကိုအသုံးပြုရမှာဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ။🫂

  1. သဘာဝအရင်းအမြစ်တွေကရရှိတာဖြစ်လိုစွမ်းအင်ကုန်ခမ်းမသွားနိုင်ပါဘူး။

  2. စိတ်ချယုံကြည်ထားပြီးအသုံးပြုလိုရပါတယ်။

  3. လေထုညစ်ညမ်းမှုနဲ့ greenhouse gases ထုတ်လုပ်မှုတွေကိုလျော့ချပေးနိုင်တာကြောင့် eco-friendly ဖြစ်စေပါတယ်။

ဒါကြောင့်မို renewable energy ကိုအသုံးပြုခြင်းဟာပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းကိုကာကွယ်ဖိုအသန့်ရှင်းဆုံးနဲ့အလားအလာအကောင်းဆုံးဖြေရှင်းချက်တစ်ခုပဲဖြစ်ပါတယ်။🙌🏻

ကောင်းကျိုးတွေကိုပြောပြီးပြီဆိုတော့ဆိုးကျိူးတွေရောရှိနိုင်လား။ဘယ်လိုဆိုးကျိုးတွေဖြစ်မလဲ။🤷🏻‍♀️

အရာရာတိုင်းဟာပြည့်စုံနေတာမဟုတ်တော့ကောင်းကျိုးရှိသလိုဆိုးကျိုးလဲရှိနိုင်ပါတယ်။ renewable energy ရဲ့ဆိုးကျိုးတွေကတော့ -

  1. ကုန်ကျစရိတ်များနိုင်ပါတယ်။

  2. စွမ်းအင်ကိုလုံလောက်စွာတစ်ပြိုင်နက်တည်းမထုတ်လုပ်နိုင်သေးတာမိုစွမ်းအင်ပြတ်တောင်းတာမျိုးဖြစ်နိုင်ပါတယ်။

  3. စွမ်းအင်သိုလှောင်နိုင်မှုပမာဏအကန့်အသတ်ရှိပါတယ်။

  4. ပထဝီဝင်အနေအထားကိုလိုက်ပြီးစွမ်းအင်မရနိုင်တဲ့နေရာမျိုးတွေလဲရှိနိုင်ပါတယ်နော်။

ကဲ ဒီလောက်ဆို renewable energy ရဲ့အကြောင်းကိုသိသင့်သလောက်သိသွားကြပြီလိုထင်ပါတယ်နော်😻။ ဒါဆိုသဘာဝပတ်ဝန်းကျင်ကြီးပိုမိုကောင်းမွန်လာစေဖို renewable energy တွေကိုပိုမိုအသုံးပြုကြပြီး greenhouse gases level မြင့်စေမဲ့လုပ်ဆောင်ချက်တွေကိုအတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို နှိးဆော်ရင်းနဲ့ ဒီနေ့အကြောင်းအရာလေးကိုဒီမှာပဲအဆုံးသတ်ပါရစေ။အားလုံးပဲသာယာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။🙆🏻‍♀️🙆🏻‍♀️

(English version)

Hello guys, I think you all already know that the temperature is rising these days. It is because of rising greenhouse gases at atmosphere and can't be denied. So, how can we reduce those rising greenhouse gases? The method is the use of renewable that comes from natural resources for better environment. So, let me introduce you about " renewable energy".

Firstly, the question is "What is renewable energy? "

Renewable energy is an energy which comes from natural resources that can replenish and can't run out. It usually has a low or zero-carbon footprint which is with greenhouse gases especially carbon and methane.

To express some examples ; Solar energy, Wind energy, Hydroelectric power, Biomass, Geothermal energy, and Tidal energy.

How can we use renewable energy?

Renewable energy can be used for electricity generation, water heating and cooling, and transportation. Next, I would like to explain you the using method of some energy sources to be clarified.

Solar energy - Here, photovoltaic cells are used to capture the sun's rays and convert them into electricity.

Wind energy - Wind energy is formed by transforming the kinetic energy of wind into electricity by using wind turbines.

Hydroelectric power - To generate electricity, it uses the flow of water from rivers and dams.

What kinds of advantages can we get from using renewable energy?

Advantages

  1. Sources won't run out,

  2. Reliable, and

  3. Eco-friendly since it generates energy that doesn't produce any greenhouse gases emissions and reduces air pollution.

So, using renewable energy is the cleanest and most viable solution to prevent environmental degradation.

Can it also have disadvantages? What are they?

As nothing is perfect, both advantages and disadvantages can exist on everything.The disadvantages are

  1. High front costs,

  2. It can be intermittent as the energy can't produce enough simultaneously,

  3. Limited stroage capabilities, and

  4. Geographic limitations.

Now, I hope you all will know about renewable energy much better. So, let me stop here with horation to use more renewable energy and avoid actions that can raise greenhouse gases as much as we can for better environment. Wish you all to have a delightful day, thank you🫶🏻☘️