Vaping pod

Smoking and Vaping

The differences between smoking and vaping, their related health issues and how to reduce its effects on human health.

The Blossoms
The Blossoms 04 Jul 2024

Smoking & Vaping Among Youth

ဆေးလိပ်နဲ့ vape သုံးစွဲတဲ့ အကျိုးဆက်ကဆယ်ကျော်သက်တွေအတွက်သာမက သုံးစွဲသူအားလုံးရဲ့ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်လာခဲ့ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိကြပေမဲ့ ဆယ်ကျော်သက်တွေက ဆေးလိပ်နဲ့ vape ကို စွဲလမ်းစွာဖြင့် ဆက်လက်သုံးစွဲနေကြဆဲဖြစ်ပါတယ်။၂၀၂၅ တွင် မြန်မာနိုင်ငံတွင်း ၁၅နှစ်နဲ့အထက် ဆေးလိပ်သောက်သုံးသူ ၅.၇ သန်းထိ ရှိလာနိုင်မယ်လို့ WHO က ခန့်မှန်းထားပြီး ၅.၇သန်းထဲတွင်မှ vape သုံးစွဲသူများ မပါဝင်သေးပါ။ အဲ့ဒါကြောင့် ဒီပြဿနာရဲ့ နောက်ကွယ်က အကြောင်းအရင်းများကို ဆောင်းပါးကနေတစ်ဆင့်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Smoking and vaping among teenagers has become a significant public health concern. Despite widespread knowledge of dangers associated with this habit, many adolescents continue to smoke or vape and it often leads to addiction. By 2025, WHO estimated that there will be over 5.7 million cigarette smokers aged 15 or older in Myanmar alone and mind you that still doesn't include people who vapes. In this article, we will be exploring the reasons behind this "trend".

reasons for smoking or vaping

"လူတွေဘာကြောင့်ဆေးလိပ်သောက်ကြတာလဲ။"

လူတွေဆေးလိပ်သောက်ရတဲ့ အကြောင်းရင်းတွေအများကြီးရှိတဲ့အနက်အကြီးမားဆုံးအကြောင်းအရင်းကတော့ (ရွယ်တူများကြားဖိအား) Peer pressure ကြောင့်ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာကျွန်‌တော်တို့က ဘေးပတ်၀န်းကျင်က သူငယ်ချင်းအသိုင်းအဝိုင်းတွေထဲ လိုက်လျောညီထွေဖြစ်ချင်သော ဆန္ဒရှိကြပါတယ်။ သူငယ်ချင်းများ၏ သွေးဆောင်ဖြားယောင်းခြင်း၊ အတင်းအကြပ်‌ တိုက်တွန်းခြင်းတို့ကြောင့် ဆေးလိပ် စ သောက်တတ်ကြတယ်။ သူများတွေရှေ့ လန်း‌တဲ့ပုံစံ (မိမိုက်တဲ့ပုံစံ) လုပ်ပြချင်တာကြောင့်လည်း‌ သောက်တတ်ကြပါတယ်။

Social media တွင်ဆေးလိပ်သုံးစွဲခြင်းနှင့် Vape ရှူခြင်းကို မိမိုက်ပြီးခေတ်မှီတယ်လို့ကြော်ငြာတာလည်း လူငယ်‌တွေကိုဆွယ်တဲ့နေရာမှာအရေးပါ ပါတယ်။ လေ့လာတွေ့ရှိမှုများအရ vape ရဲ့ အမျိုးအစား စုံလင်စွာ ရွေးချယ်လို့ရတဲ့ အနံ့အရသာကဆယ်ကျော်သက်များကို vape စမ်းသုံးကြည့်ဖို့ ထည့်စဉ်းစား‌စေတဲ့ အဓိကအချက်တစ်ခုဖြစ်ပြီး မျက်စိကျစေတဲ့ရောင်စုံ ထုပ်ပိုးမှုပုံစံ တွေကလည်း စမ်းသုံးကြည့်ဖို့ ဆွဲဆောင်‌နေတယ်လို့ သိရပါတယ်။

စီးကရက် မီးခိုးတွင်ပါ၀င်တဲ့ နီကိုတင်းက ဦးနှောက်ကို adrenaline နှင့် dopamine ဓာတ်တို့ထုတ်လွှတ်စေပြီး ခဏတာပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သောကြောင့် နေ့စဥ်ကြုံရတဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်ရန်ဆေးလိပ်သောက်တတ်ကြပါတယ်။ တစ်ချို့ကတော့ လူမှုဆက်ဆံရေးအရ သောက်သုံးကြတယ်။ စိတ်မူမမှန်သောသူများမှာလည်း ဆေးလိပ်စွဲလမ်းဖို့ပိုလွယ်ကူကြောင်းတွေ့ရပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် စီးကရက်ကို ထပ်ခါတလဲလဲ သောက်သုံးခြင်းက တစ်သက်တာလုံး ဆေးလိပ်သောက်ခြင်းကို အစပြု‌‌စေပါတယ်။ နောက်လေ့လာချက်များအရ လူအများအပြားက ဆေးလိပ်ဖြတ်တဲ့အခါမှာ အစားထိုးအနေနဲ့ အဆိပ်အတောက်နည်းပြီး ထိရောက်သော vaping ကို အသုံးပြုလာကြပါတယ်။ သို့သော် Vape သည်လည်း လူ့ကျန်းမာရေး(အထူးသဖြင့်အဆုတ်ရောဂါများ)တွင် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ပါတယ်။

"Why people smoke?"

There are many reasons why people smoke, the most significant being peer pressure. As adolescents we have this urge to fit in with our social circles. Young people may start smoking because they are persuaded or forced by their friends. Or they may do it for the sole reason of wanting to look cool and attractive.

But of course social media and advertising plays a big role in glamorizing smoking and vaping as "cool" or "trendy". Additionally, the range of flavors makes it appealing to younger audiences, masking the harshness of nicotine with fun flavors. Studies have shown that flavor is one of the key factors adolescents consider in trying vapes and the additional fun packaging also supports it as well.

For the adults, they may smoke to cope with their daily stresses because Cigarette smoke contains "Nicotine'' which can cause the brain to signal the release of adrenaline and dopamine, creating a short-term feeling of energy and pleasure, thereby reducing stress and anxiety. Some may consume cigarette as a social act or some may do it as a routine. Moreover, people with psychosis are also found out to be addicted to smoking.

Anyhow repeated consumption of cigarette leads to the addiction which leads to the lifelong Cigarette smoking. According to some research, many people started out vaping as an alternative to cigarette smoking because it is said to be an effective tool in quitting smoking because of its lesser toxic chemical ingredients. But it also has a negative impact on human health especially in pulmonary diseases.

"ဆေးလိပ်နဲ့ vape တို့၏ ingredients ကွာခြားချက်များ"

စီးကရက်မီးခိုးသည် ဒြပ်ပေါင်း ၄၈၀၀ ခန့်ပါ၀င်သည့် အလွန်ရှုပ်ထွေးသောအရောအနှောတစ်ခုဖြစ်ပါတယ်။ ဆေးရွက်ကြီး (tobacco) လောင်ကျွမ်းသောအခါ ဓာတုပစ္စည်း 7,000 ကျော်ပါဝင်သော မီးခိုးများထွက်လာပြီး အများစုမှာ နီကိုတင်း၊ Tar (ကတ္တရာစေး) ၊ Carbon monoxide (ကာဗွန်မိုနောက်ဆိုဒ်)၊ Formaldehyde ၊ Benzene ၊ Arsenic နှင့် Hydrogen cyanide စသကဲ့သို့ စွဲလမ်းစေသော၊ အဆိပ်ရှိ၍ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများကို ထုတ်လွှတ်ပါတယ်။ လူတစ်ဦးရှူထုတ်လိုက်သောဆေးလိပ်ငွေ့ ၁ မီလီမီတာစီတွင် အန္တရာယ်ဖြစ်စေသောဓာတ်ငွေ့အမျိုးအစားပေါင်း ၁၀၁၀ ခန့်ပါဝင်ပါတယ်။ ဆေးရွက်ကြီး (tobacco) ပါ၀င်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများစွာကို ဖြစ်စေနိုင်ပြီး အထင်ရှားဆုံးသော‌ရောဂါများမှာ ကင်ဆာနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပါတယ်။ တစ်ဆင့်ခံ‌ ဆေးလိပ်ငွေ့ (secondhand smoking) က အသက် ၁၅ နှစ်မှ ၆၅ နှစ်ကြား လူတစ်ဦးချင်းစီမှာ သွေးကြောကျဉ်းရောဂါ တိုးလာမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။

"Difference in ingredients between cigarette and vape"

Cigarette smoke is a highly complex mixture that contains approximately 4800 different compounds.When tobacco burns, it produces smoke that contains over 7,000 chemicals, many of which are addictive,toxic and carcinogenic like nicotine,tar

carbon monoxide,Formaldehyde, benzene, arsenic, and hydrogen cyanide etc. The complex mixture also contains very harmful gases about 1010 particles of different sizes in each mL of mainstream smoke. The strong association of tobacco causes multiple health effects,with the most prominent ones being cancer and cardiovascular diseases. It is also found that secondhand smoking is also implicated in increasing atherosclerosis in individuals 15 to 65 years of age.

"Smoking နဲ့ Vaping ကြားက တူညီမှုနဲ့ ကွဲပြားချက်များ"

ဆေးလိပ်သောက်ခြင်းနဲ့ Vape ရှုခြင်းနှစ်မျိုးလုံးတွင် စွဲလန်းစေသော Nicotine(နီကိုတင်း) ဓာတ်ငွေ့ရှူရှိုက်မှုပါဝင်ပါတယ်။ နီကိုတင်းက ဦးနှောက်ထဲက dopamine (ဒိုပါမင်း) ကို ထွက်စေပြီး စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့အတွက်ကြောင့် ဆေးလိပ် နဲ့ vape ကို ထပ်ခါထပ်ခါ သုံးစွဲချင်ကြခြင်း ဖြစ်ပါတယ်။ ခြားနားချက်များထဲမှ တစ်ခုဟာ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ စီးကရက်မှာက အရသာနဲ့ နီကိုတင်း ရောက်ရှိမှု တိုးမြှင့်ဖို့ အဓိက ဦးစားပေးထားခြင်း ဖြစ်ပါတယ်။

Vaping E-liquid တွင်လည်း ပါဝင်ပစ္စည်း များကြပေမဲ့ လိုလားသောအရသာ ရဖို့နဲ့ အငွေ့ထုတ် ဖို့ကိုပဲ ရည်ရွယ်ထားကြခြင်းဖြစ်ပါတယ်။ ကွာခြားချက် အများကြီးထဲမှ အဓိက ကွာခြားချက်ကတော့ နီကိုတင်း ပေးပို့ပုံဖြစ်တယ်။ ဆေးလိပ်သောက်ခြင်းတွင် ဆေးရွက်ကြီးသည် မီးခိုးဖြစ်အောင် လောင်ကျွမ်းသွားပြီး အဲ့အငွေ့ထဲမှာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ဓာတုဓာတ်များစွာပါဝင်တယ်။ vaping ကတော့ E-liquids အရည်တွေကို ငွေ့ရည်အဖြစ် ပြောင်းစေပြီး အဲ့ငွေ့ရည်ကိုယ်တိုင်ကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

"Similarities and differences between smoking and vaping"

Smoking and vaping both commonly involve the intake of nicotine, a highly addictive substance that often leads to addiction. Nicotine stimulates the release of dopamine in the brain creating pleasurable sensations, leading to reinforcing the habit over and over again. One of the differences is additives, cigarettes often contain numerous additives designed to enhance the flavor and nicotine delivery.

For vaping, e-liquids still contain tons of additives but those are usually aimed at creating the desired flavor and vapor consistency. One of the main differences lies in the way how nicotine is delivered.In smoking, the tobacco combust into a smoke, and that smoke contains thousands of chemicals which are harmful. Vaping involves the e-liquids being vaporized which produces vapor which still pose health risks.

လူတွေကဆေးလိပ်ထက် vape ကို ပိုသဘောကျခြင်းက မတူညီတဲ့အကြောင်းရင်းများစွာကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် အနံ့ထွက်နည်းတာ ၊ ကျန်းမာရေးအတွက် ဆေးလိပ်လောက်မဆိုးဝါးဘူးလို့ယူဆကြတာ ၊ ဆွဲဆောင်မှုရှိတဲ့ထုတ်ပိုးမှုပုံစံ နဲ့ ရွေးချယ်စရာ အရသာမျိုးစုံ ရှိတာတွေ အစရှိသည့် အကြောင်းအရင်း မျိုးစုံကြောင့် ဖြစ်ပါတယ်။ တချို့သောသူများက စိတ်ပျော်ရွှင်မှုဖြစ်စေပြီး အရှိန်တက်မှုမြန်သော နီကိုတင်းကြောင့် ဆေးလိပ်သောက်ခြင်း ကို ပိုသဘောကျ ကြပါတယ်။ ရင့်ကျက်ပြီး မိမိုက်တဲ့ ပုံစံပေါက်စေလို့ vaping ထက် smoking ကို ပိုကြိုက်ပါတယ်ဆိုတဲ့ လူတွေလည်း များစွာရှိကြပါတယ်။

"Why People Would Prefer Vaping Over Smoking Or Smoking Over Vaping"

People might prefer vaping over smoking for various reasons such as the reduced odor, the perception of being a healthier alternative, the attractive packaging, the range of flavors and much more. Individuals may also prefer smoking due to the quick and intense nicotine hit that would satisfy them. They may also prefer it because it makes them look "older" or "cooler".

"ဆေးလိပ် နှင့် Vape သောက်ခြင်း နှင့်ဆက်စပ်သောကျန်းမာရေးဆိုးကျိူးများ"

ဆေးလိပ်သောက်ခြင်းက ပြင်းထန်သော ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်စေကြောင်း အကျယ်တ၀င့် မှတ်တမ်းတင်ထားကြပါတယ်။ စီးကရက်မှာ ပါရှိတဲ့ ဓာတုပစ္စည်းများက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ (heart attack၊ နှလုံးသွေးကြောကျဉ်းခြင်း)၊ လေဖြတ်ခြင်း၊ သွားဖုံးကင်ဆာ၊ ဦီးနှောက်သွေးကြောပေါက်ခြင်း၊ အူလမ်းကြောင်းရောင်ရမ်းခြင်း၊ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) နှင့် အခြား‌ရောဂါများစွာကို ဖြစ်စေပါတယ်။

ဆေးလိပ်သောက်ခြင်းက ပန်းနာရင်ကျပ်ကို ပိုမိုဆိုးရွားစေပြီး တီဘီ (TB) ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ၎င်းက ဆီးချို (အမျိုးအစား၂) ၊ သွေးလေးဖက်နာ၊ နေရာလွဲမှား သန္ဓေသားရောဂါ နှင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ချေကိုလည်း တိုးစေပါတယ်။ မိခင်ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသားအပေါ် သက်ရောက်မှု (ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံဆေးလိပ်‌ငွေ့ရှူမိခြင်း နှစ်မျိုးလုံး) က လမစေ့ဘဲမွေးဖွားခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ ကိုယ်၀န်ပျက်ကျခြင်းနှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလျက်‌ မွေးဖွားလာခြင်းများကို ဖြစ်ပေါ်စေပါတယ်။ Vaping သည် ပိုမိုဘေးကင်းသောရွေးချယ်စရာအဖြစ် အချို့ကယူဆသော်လည်း ကျန်းမာရေး ဆိုးကျိုးများစွာဖြစ်ပွားလျက်ရှိပါတယ်။

ရောင်ရမ်းခြင်း၊ ဆဲလ်သေခြင်း၊ အဆုတ်ပျက်စီးခြင်း၊ အသက်ရှူမဝခြင်းစသည့် ဆိုးကျိုးများက vape သုံးခြင်းနှင့် ဘက်ထရီ၊ဓာတုပစ္စည်းအပူလွန်ကဲခြင်ကြောင့် ဖြစ်တတ်ပါသည်။ အဲ့တာပြင် E-cigarette သို့မဟုတ် vaping အသုံးပြုမှုနှင့်ဆက်စပ်သော အဆုတ်ဒဏ်ရာ (EVALI) က vaping ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အသစ်တစ်ခုဖြစ်ပါတယ်။ vaping နှင့်ဆက်စပ်တဲ့ လတ်တလော ဖြစ်နေတဲ့အဆုတ်ဒဏ်ရာဖြစ်ပွားမှုများက အလားအလာရှိတဲ့အန္တရာယ်များကို ပိုမိုသိသာ‌စေခဲ့ပါတယ်။

"Smoking and Vaping related health issues"

Smoking is well-documented to cause a range of severe health issues.Chemicals contained in cigarettes cause cancer, lung cancer, cardiovascular diseases(MI,atherosclerosis), stroke, gum cancer, aneurysm, inflammatory bowel disease, chronic obstructive pulmonary disease(COPD) and much more.

Smoking exacerbates asthma and increases risk for pulmonary tuberculosis (TB). It also increases risk of type 2 DM, Rheumatoid arthritis (RA) , ectopic pregnancy and erectile dysfunction. Effect on the fetus due to maternal smoking(both active smoking and passive smoking) contributes to preterm birth, low birth weight, still birth and orofacial clefts. Vaping also causes various health issues although considered by some as a safer alternative.

Inflammation, cell death, lung damage, being breathless are also some consequences of vaping and because of the overheating battery and chemicals. In addition to that, E-cigarette or vaping product use-associated lung injury (EVALI) is a new phenomenon that occurs as a result of vaping. The recent cases of vaping-related lung injuries have further highlighted the potential dangers of this practice.

ဆေးလိပ် သို့မဟုတ် vape ဖြတ်မယ်ဆိုရင် ဘက်စုံကိုင်တွယ်ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေ လိုအပ်ပါတယ်။ ရေရှည်ဆေးလိပ်သောက်သူတွေအတွက်တော့ ရုတ်တရက် ဖြတ်လိုက်လျှင် ပြန်သောက်ချင်‌တဲ့စိတ်ပေါက်ဖို့ သေချာသ‌လောက်ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ကြိုတင်စီစဉ်ထားပါ။ ဆေးလိပ်သောက်ဖို့စိတ်ကို ဆွဲဆောင်တဲ့အရာများကိုအလွယ်တကူမ‌‌တွေ့မြင်နိုင်အောင် သင့်ထံမှ ဝေးဝေးတွင်ထားရန် ကြိုးစားပါ။

ဖြည်းဖြည်းချင်းဖြတ်ပါ- ဒီနည်းလမ်းက သင်လုံးဝဆေးလိပ်ပြတ်သွားသည်အထိ စီးကရက်အရေအတွက် သို့မဟုတ် vapeသောက်တဲ့ပမာဏကို ဖြည်းဖြည်းချင်း လျှော့ချတာပါ။ ဒါဟာ ချက်ချင်းဖြတ်ခြင်းလောက် ထိရောက်မှုမရှိနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်‌သေးပါက အစပျိူးရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

Behavioral therapy (အမူအကျင့်ဆိုင်ရာကုထုံး)- ဒီနည်းလမ်းက ဆေးလိပ်သောက်ချင်စိတ်ဖြစ်စေသော အရာ‌တွေကို ဖော်ထုတ်ရန်နှင့် စွဲလမ်းခြင်းနှင့် စိတ်ဖိစီးမှုကို နီကိုတင်းကို မသုံးဘဲ ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းများကို ဆောင်ရွက်ရန် counselor သို့မဟုတ် therapist နှင့်တိုင်ပင်ဆွေးနွေးခြင်းဖြစ်ပါတယ်။

Nicotine Replacement Therapy (NRT) က တခြားဆေးခြောက်ပစ္စည်းအမျိုးအစား တွေမှာ ပါ၀င်‌တတ်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းများမပါ၀င်သော နီကိုတင်းကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းက ယင်းထလက္ခဏာများနှင့် ဆေးလိပ်ဆာလောင်ငတ်မွတ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ရွေးချယ်စရာများတွင် နီကိုတင်းပါသောအရေပြားကပ်ပလာစတာများ၊ နီကိုတင်းပီကေ သို့မဟုတ် ငုံဆေးများ၊ နီကိုတင်းရှူဆေးများနှင့် နီကိုတင်းနှာခေါင်းဖြန်း‌ဆေးများပါ၀င်ပါတယ်။ သတိထားစရာတစ်ခုက အဲ့တာတွေကိုဘဲ သုံးစွဲမယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းများကို ပညာရေးဖြင့် အစပျိုးရပါမယ်။ ကျောင်းများနှင့် ရပ်ရွာများမှာ ဆေးလိပ်သောက်ခြင်းနှင့် vaping အန္တရာယ်များအကြောင်း လူငယ် များအား အသိပညာ‌ပေး ဟောပြောတဲ့ အစီအစဉ်များ ပြုလုပ်သင့်ပါတယ်။ စံနမူနာကောင်း တစ်ယောက်နှင့် ကျန်းမာ‌ဖွံဖြိုးသော သူတစ်ယောက်ဖြစ်ရန် ဖြစ်လာနိုင်သော အကျိုးဆက် အန္တရာယ်များကို မိဘများ နှင့် အုပ်ထိန်းသူများက သေချာဆွေးနွေး ပူးပေါင်းတိုင်ပင်ဖို့ရန် တာဝန် ရှိပါတယ်။ အရွယ်မရောက်သေး သူများထံ ဆေးလိပ်နှင့် vaping ထုတ်ကုန်များ ဈေးကွက်ချဲ့ထွင် ရောင်းချခြင်းတို့ကို ကန့်သတ် ခြင်းသည် လက်လှမ်းမီရရှိမှုနှင့် ဆွဲဆောင်မှုတို့ကို လျှော့ချရန် အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စီးကရက်၊ vape သို့မဟုတ် ဆေးရွက်ကြီးထွက်ပစ္စည်း တစ်ခုခုကို ဝယ်ပေးဖို့ တောင်း ဆိုတဲ့ ဆယ်ကျော်သက်တွေကို လည်း လူကြီးတွေက ငြင်းပယ်ပြီး ဆိုဆုံးမရန်တာဝန်ရှိပါတယ်။

"Cutting down and Preventing smoking & vaping"

Quitting smoking or vaping requires a multifaceted approach. Long-term smokers will definitely be tempted to smoke if they cut it off. So, you have a plan ahead of how you will do if you are longing for it. Try to keep the smoking triggers away from you and make sure you don't have easy access to them and they are out of your reach or sight.

Gradually cutting down-this method involves slowly reducing the number of cigarettes or the amount you vape, until you've quit completely.It may not be as effective as quitting straight away, but it's a good place to start if you're not mentally prepared.

Behavioral therapy-this involves working with a counselor or therapist to identify triggers and develop coping mechanisms to handle craving and stress without relying on nicotine.

Nicotine Replacement Therapy (NRT)-NRT provides the nicotine without the other harmful chemicals you get when using other forms of tobacco.It can help reduce withdraw symptoms and cravings. Options include: nicotine patches, nicotine gum or lozenges, nicotine inhalers and nicotine nasal spray.But of course there are several possible side effects if you use these.

"Prevention"

Prevention efforts must start with education.Schools and communities should implement comprehensive programs that inform young people about the risks of smoking and vaping. Parents and guardians play a critical role by discussing these dangers and setting a good example. Limiting the marketing and sale of tobacco and vaping products to minors are also essential in reducing access and appeal. Adults must also decline and educate the adolescents who asked them to help them buy cigarettes, vape or any tobacco products.

လူငယ်များကြားတွင် ဆေးလိပ် နှင့် vape စွဲလမ်းခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် မိသားစုဝင် တစ်ဦးတစ်ယောက်ချင်းစီ နှင့် လူမှု အသိုင်းအဝိုင်းများ၏ စုပေါင်း အားထုတ်မှု များစွာလိုအပ်ပါတယ်။ လူငယ်တွေ ဒီအလေ့အကျင့်ကို အလွန်အမင်း စွဲလမ်းရတဲ့ အကြောင်းရင်းများကို နားလည်ခြင်းနှင့် ကျန်းမာရေးအန္တရာယ်များ ကို သတိပြုမိခြင်းကလည်း ဒီကိစ္စကိုဖြေ ရှင်းနိုင်တဲ့ အရေးကြီးသောကဏ္ဍတစ်ရပ်အဖြစ် တည်ရှိပါတယ်။ ပညာပေးခြင်းနှင့် ပံ့ပိုးကူညီမှုတို့ဖြင့် နီကိုတင်းစွဲလမ်းမှု သားကောင်ဖြစ်ရတဲ့ လူငယ် များနည်းပါးသော အနာဂတ်ရပ်ဝန်းဆီသို့ ကျွန်တော်တို့အားလုံး အတူတကွ လက်တွဲလုပ်ဆောင်သွားကြပါစို့.....

Addressing the addiction to smoking and vaping among teenagers requires a concerted effort from individuals, families and communities. Understanding why youth are so drawn to these habits and recognizing the health risks involved are crucial points to stop youths from the addiction. Through education and support, we all can work together towards a future where fewer young people fall victim to nicotine addiction.

Sources

https://www.heart.org/.../is-vaping-safer-than-smoking

https://www.medicalnewstoday.com/

https://www.ncbi.nlm.nih.gov/pmc/articles/PMC2733016/

https://www.fda.gov/.../products-ingredients.../cigarettes

https://www.medicalnewstoday.com/articles/vaping-vs-smoking

https://www.ncbi.nlm.nih.gov/books/NBK53014/

https://www.lung.org/.../e-cigare.../whats-in-an-e-cigarette

https://www.ncbi.nlm.nih.gov/books/NBK507184/