the effect of industries on marine life

The Effect of Industrial Growth on Marine Life

The Blossoms
The Blossoms 29 Jun 2024

ဖွံ့ဖြိုးလာတဲ့ စက်မှုကဏ္ဍနဲ့အတူ ရေနေသတ္တဝါလေးများရဲ့ စိုးရိမ်ဖွယ်အခြေအနေ

🏭 နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် စက်မှုကဏ္ဍကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ဘာလို့ဆို ယနေ့ခေတ်ဖွံ့ဖြိုးနေတဲ့နိုင်ငံတိုင်းကိုကြည့်လိုက်ရင် စက်မှုလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာဖြစ်သလို အဲဒါတွေကြောင့်ပဲ နိုင်ငံကတိုးတက်လျက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့အခြားတစ်ဖက်မှာတော့ နိုင်ငံဖွံ့ဖြိုးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ကမ္ဘာမြေဟာ တစ်ဖြေးဖြေးအခြေအနေဆိုးရွားလာနေပြီး အဲဒီထဲကမှ ရေထုညစ်ညမ်းမှုကြောင့် ရေနေသတ္တဝါလေးတွေရဲ့ အသက်အန္တရာယ်ဟာလည်း စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပါပြီ။ 🛑

ရေထုညစ်ညမ်းမှုဆိုတာဘာလဲ? 🌊

ရေထုညစ်ညမ်းခြင်းဆိုတာက မြစ်ချောင်း ၊ အင်းအိုင် ၊ ပင်လယ် ၊ သမုဒ္ဒရာထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ၊ ပလတ်စတစ် စတဲ့အရာတွေဝင်ရောက်လာတဲ့အခါမှာတော့ ရေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး အဲ့လိုမျိုး ညစ်ညမ်းမှုတွေကနေ ရေအောက်သတ္တဝါလေးတွေကို သေကြေပျက်စီးစေနိုင်သလို Ecosystem ကိုလည်း ပျက်စီးစေပါတယ်။

🕵️‍♀️ ရေထုညစ်ညမ်းမှု ဖြစ်ရခြင်းရဲ့အဓိကတရားခံကဘယ်သူလဲ ?

ရေထုညစ်ညမ်းမှုကို အဓိကဖြစ်ပေါ်စေတဲ့အရာတွေကတော့ မီးတောင်ပေါက်ကွဲခြင်း ၊ တိရစ္ဆာန်တွေရဲ့အညစ်အကြေးများ ၊ မုန်တိုင်းဖြစ်ပေါ်ခြင်းနဲ့ ရေကြီးခြင်းစတဲ့ သဘာဝတရားကြီးကြောင့်ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုတွေလည်းရှိသလို လူသားတို့ရဲ့လုပ်ဆောင်မှုတွေဖြစ်တဲ့ မြစ်ချောင်း ၊ အင်းအိုင် ၊ ပင်လယ် ၊ သမုဒ္ဒရာထဲကို စည်းကမ်းမဲ့ ပလတ်စတစ်တွေ အမှိုက်တွေစွန့်ပစ်ခြင်း ၊ မိလ္လာအညစ်အကြေးတွေကို မြစ်ချောင်းအတွင်းသို့စွန့်ထုတ်ခြင်း ၊ ပင်လယ် သမုဒ္ဒရာ အနီးမှာ စက်ရုံအလုပ်ရုံများတည်ဆောက်ခြင်းနဲ့ စက်ရုံအလုပ်ရုံကထွက်ရှိတဲ့ ဓာတုပစ္စည်းတွေကို ပယ်လယ် သမုဒ္ဒရာ ထဲသိုလွှင့်ထုတ်ခြင်း စတဲ့လူသားတို့ရဲ့ လုပ်ဆောင်မှုကြောင့်ရေထုညစ်ညမ်းခြင်း ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဲဒီထဲကမှ ရေထုညစ်ညမ်းမှုကိုပိုပြီးဆိုးရွားစေတဲ့အဓိကတရားခံက လူသားတွေဖြစ်တယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ 🐙

ရေထုညစ်ညမ်းမှုနှင့် ရေနေသတ္တဝါလေးများရဲ့အခြေအနေ 🐳

ရေ ဆိုတဲ့အရာကကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ရေထုညစ်ညမ်းမှုတွေဖြစ်ပေါ်လာတဲ့အခါမှာ ကျွန်မတို့လူသားတွေအပေါ်လည်းအကျိုးသက်ရောက်မှုရှိနိုင်ပေမယ့် ရေနေသတ္တဝါလေးတွေအပေါ်မှာ ပိုပြီးဆိုးကျိုးသက်ရောက်မှုများစွာကြုံတွေ့နေရပါတယ်။ ပင်လယ်ထဲကို ပလတ်စတစ်တွေ စည်းကမ်းမဲ့စွန့်ပစ်ခြင်းက ပင်လယ်ပြင်ရဲ့လှပမှုကို ပျက်စီးစေသလို အဲဒီပလတ်စတစ်တွေကို မသိဘဲစားသုံးမိတဲ့ တိရစ္ဆာန်လေးတွေဟာလည်း သေကြေပျက်စီးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ဓာတုပစ္စည်းတွေ ပင်လယ်ထဲကိုရောက်လာခြင်းကလည်း ရေအောက်ရဲ့ ရှားပါးမျိုးစိတ်တွေကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ 🐠❌

♻️💧 ရေထုညစ်ညမ်းမှုအခြေအနေကို ဘယ်လိုမျိုးဖြေရှင်းနိုင်မလဲ?

ရေထုညစ်ညမ်းမှုကိုအဓိကဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းဖြစ်တဲ့ စက်မှုကဏ္ဍကို အခုလက်ရှိအခြေအနေမှာ လျှော့ချဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရေထုညစ်ညမ်းမှုကိုကာကွယ်တားဆီးဖို့အတွက် ကျွန်မတို့ဟာ ကိုယ်တတ်နိုင်တဲ့အနေအထားနဲ့ ပါ၀င်လုပ်ဆောင်ပေးဖို့လည်းလိုအပ်ပါတယ်။ မုန်တိုင်းကြောင့် ကမ်းစပ်မှာ သောင်တင်နေတဲ့ ကြယ်ငါးလေးတွေအကြောင်းကြားဖူးကြလား။ လူတစ်ယောက်က ကြယ်ငါးအများကြီးကို ပင်လယ်ထဲပြန်ရောက်အောင် မစွမ်းဆောင်နိုင်ပေမယ့် သူတတ်နိုင်သလောက်တော့ ကြယ်ငါးလေးတွေကို ပင်လယ်ထဲပြန်ပို့ပေးခဲ့တယ် ။ အနည်းဆုံးတော့ ပင်လယ်ထဲမှာကြယ်ငါးတွေ မျိုးမတုံးတော့ဘူးပေါ့ ။ အဲလိုမျိုးပဲ ကျွန်မတို့ကလည်း ဒီရေထုညစ်ညမ်းမှုကို အလုံးစုံ လျှော့ချနိုင်ဖို့ခက်ခဲရင်တောင်မှ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ရေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပါတယ်။ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကလည်း မလုပ်ဆောင်နိုင်လောက်အောင် ခက်ခဲနေတာမဟုတ်နေတဲ့အတွက် အားလုံးပါ၀င်လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ 👊

ကျွန်မတို့လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကတော့ 👇

  • ရေများကိုသန့်စင်ခြင်း

  • ပလတ်စတစ်လိုအမှိုက်မျိုးကို စည်းကမ်းမဲ့ မစွန့်ပစ်ခြင်း

  • သန့်စင်သောရေများကိုထိန်းသိမ်းထားခြင်း

  • မိလ္လာကန်များကိုစနစ်တကျလည်းလှယ်ပြီး အညစ်အကြေးမျာကို ရေထဲသို့မစွန့်ပစ်ခြင်း

  • သစ်ပင်ပန်းမန်များပိုမိုစိုက်ပျိုးပေးခြင်း စတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို တစ်ယောက်ချင်းစီက သေချာလုပ်ဆောင်သွားမယ်ဆိုရင် ရေထုညစ်ညမ်းမှုကို အများကြီးမဟုတ်ရင်တောင် အနည်းငယ်မျှတော့ လျှော့ချပေးနိုင်ပါလိမ့်မယ်။ 💦

ပြိုင်တူတွန်းမှရွေ့မယ်ဆိုတဲ့စကားလေးအတိုင်း ဒီနည်းလမ်းတွေကို အာလုံးပါ၀င်လုပ်ဆောင်မှသာလျှင် ရေထုညစ်ညမ်းမှုတွေကို လျှော့ချနိုင်ပြီး ပင်လယ်ပြင်ရဲ့အလှ ရေနေသတ္တ၀ါလေးတွေရဲ့ အလှတရားတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ကျွန်မတို့ကိုကောင်းမွန်စွာရှင်သန်ခွင့်ပေးထားသလို ကမ္ဘာကြီးကိုစောင့်ရှောက်ရမှာကလည်း ကျွန်တော် ကျွန်မတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ 🌧

Let's Save The World Together 🤝

#contentbynannsu

#graphicbywintwah