Planting trees

Towards a healthier and greener world

The Blossoms
The Blossoms 09 Jul 2024

🌲ကျန်းမာပြီးစိမ်းလန်းစို‌‌ပြေသည့်ကမ္ဘာသစ်ဆီသို့🌲

ကမ္ဘာ့ဒေသအသီးသီးမှာ ရာသီဥတုကြောင့် အပူအအေး မမျှတမှု နှင့် မြန်မာနိုင်ငံတွင်လည်း မိုးခေါင်ခြင်း၊ရေကြီးခြင်း၊ အပူချိန်မြင့်မားလာနေခြင်း စတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုများ ဖြစ်ပေါ်လျှက်ရှိပါတယ်။

ဘယ်လိုကိစ္စမျိုးတွေကြောင့်ဖြစ်တာလဲ❔

မလိုအပ်ဘဲ အပင်များစွာခုတ်ထွင်မှု၊စက်ရုံ၊အလုပ်ရုံမှ စွန့်ပစ်ပစ္စည်းတွေနဲ့ သစ်တောပြုန်းတီးမှု စတာတွေကြောင့် ပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ တောင်သူလယ်သမားတွေအပါအဝင် လူတော်တော်များများက ရာသီဥတုဖောက်ပြန်မှု နှင့် သဘာဝလေကောင်းလေသန့်ရရှိစေရန်အတွက်ပါ ရည်ရွယ်၍ နှစ်ရှည်ခံသီးပင်၊စားပင်တွေကို ပိုပြီးစိုက်ပျိုးလာကြပါပြီ။

နှစ်ရှည်ခံသီးပင်၊စားပင်တွေကိုစိုက်ပျိုးခြင်းက ကမ္ဘာမြေကြီးရဲ့မြေဆီလွှာကိုကောင်းမွန်လာစေပြီး လူသားများအတွက်လည်း နောင်နှစ်ပေါင်းများစွာထိ အကျိုးပြုမှာပဲဖြစ်ပါတယ်။

မြေကွက်တစ်ခုထဲမှာ သီးနှံအမျိုးမျိုးပြောင်းလဲစိုက်ခြင်း(polyculture)က မြေဆီလွှာအရည်အသွေးကိုပိုကောင်းလာစေပါတယ်။

ကောင်းမွန်ပြည့်စုံတဲ့မြေဆီလွှာရှိမှသာ အပင်များစွာကဖြစ်ထွန်းအောင်မြင်မှာပါ။

နှစ်ရှည်သီးပင်တွေနဲ့ကောက်ပဲသီးနှံတွေစိုက်ဖို့ရာမြေနေရာအများကြီးလိုပါသလား⁉

ကောက်ပဲသီးနှံစိုက်ရန်ဆိုလျှင်မြေအလွတ် (မြေဧက)အများအပြားလိုပါတယ်။

နှစ်ရှည်သီးပင်တွေကတော့ မြေရွေးစရာလိုအပ်ခြင်းမရှိပါဘူး။ မြေဟောင်း၊ မြေဆွေးမရွေးဘဲ အပင်သန်ပါတယ်။

အခြားသောသီးနှံစိုက်ပျိုးပြီးသည့်မြေတွင် စိုက်လျှင် ပိုမိုကောင်းမွန်ပြီး မြေဆီလွှာ ထိခိုက်မှုနည်းနိုင်ပါတယ်။

နှစ်ရှည်သီးပင်၊စားပင်တွေစိုက်ခြင်း၏ကောင်းကျိုး(၆)ချက်📌

🔹မြေသြဇာအဖြစ် သဘာဝစွန့်ပစ်ပစ္စည်းများ

သုံး၍ရခြင်း (eg..နွားချေး၊ မန်ကျည်းမှိုက်)

🔹မြေဆီလွှာတိုက်စားမှုမှကာကွယ်ခြင်း

🔹အရိပ်အာဝါသကောင်းခြင်းနှင့်လေကောင်း

လေသန့်ရခြင်း

🔹ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြု၍ရခြင်း

🔹မိုးရေနှင့်မြေအောက်ရေတို့ကို ထိန်းသိမ်းနိုင်

ခြင်း

🔹ပတ်ဝန်းကျင်ကို အပူ လျှော့ပေးနိုင်ခြင်း

နှစ်ရှည်ပင်တွေက ရေသွင်းစိုက်ပျိုးရာတွင်လည်း

အထူးဂရုစိုက်စရာမလိုအပ်ပါဘူး။နှစ်ရှည်ပင်တွေကို များသောအားဖြင့်မိုးရာသီ (June, July) မှာ စိုက်ပျိုးလေ့ရှိကြပါတယ်။

ထို့ပြင် သစ်ပင်များသည် မြို့ရွာများ၏ အလှ ကျက်သရေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းသိမ်းပေးသည့် သဘာဝ၏ အဖိုးတန်ရတနာ များလည်းဖြစ်ပါတယ်။

သီးပင်၊ စားပင်၊ အရိပ်ရပင်၊ ပန်းပင် စသည်ဖြင့် မြို့ရွာများကို အလှတန်ဆာဆင်၍ လမ်းဘေးဝဲယာ၊ ရုံးဝင်း၊ ကျောင်းဝင်း၊ အိမ်ဝင်းတို့တွင် တစ်ပင်ချင်းစိုက်ပျိုးကြသလို စိမ်းလန်းစိုပြည်ရေးဧရိယာများ၊ သစ်တောဥယျာဉ်ငယ်များအဖြစ် တစ်အုပ်တစ်မစီ ချိတ်ဆက်စိုက်ပျိုးတာတွေစသဖြင့်လုပ်ဆောင်လေ့ရှိကြပါတယ်။

ကမ္ဘာကြီးရဲ့ဖောက်ပြန်တဲ့ရာသီဥတုကိုအံတုဖို့

ကျွန်တော်တို့အားလုံးလည်း နှစ်ရှည်ခံသီးပင်၊စားပင်တွေစိုက်ကြရအောင်လား🤍

(English version)

🌲 Towards a healthier and greener world 🌲

Climate change is causing temperature and weather disparities across different regions of the world. In Myanmar, this has resulted in phenomena such as droughts, floods, and rising temperatures.

What are the causes of it?

It is caused by deforestation, disposal of waste from factories, and the wasteful cutting down of thousands of trees.

In an effort to reduce climate change and produce clean air, many people—including farmers—have recently produced more varieties of food plants and perennial plants.

The earth's soil will be improved and people will benefit for many years due to planting of perennial crops for food.

Polyculture, farming different crops on one plot, increases the quality of the soil.

A lot of plants can only grow in high quality soil/ the soil that is perfect for them.

Is an extensive area of land needed for growing crops and perennials?

Perennial fruit trees do not need soil selection, and plants are strong without selecting old soil compost.

If you plant it in the land that has been planted with other crops, it can be better and less damaging to the soil.

Benefits of growing edible plants and perennial fruit trees (6) 📌

  1. Natural waste as fertilizer Reason for use (eg cow dung)

  1. Protection against soil erosion

  2. Good shade and fresh air

  3. Used as a medicinal plant

  4. Can maintain rain water and underground water

  5. Can reduce the heat of the environment

Perennial plants also in irrigated cultivation

No special care is needed. Perennial plants are usually planted in the rainy season (June, July).

In addition, trees are the beauty of cities and villages and are precious treasures of nature that preserve the environment and climate change.

In towns and villages, various types of trees such as fruit trees, ornamental trees, shade trees, and flowering plants are often planted individually along roadsides, in office compounds, school grounds, and home gardens to enhance the beauty of these areas. Additionally, they are commonly planted in groups to create green spaces and small forests, contributing to lush, vibrant environments.

To defy the changing climate of the world.

Let's all plant perennial fruit trees and edible plants.