Dengue Fever

Types of Dengue Fever and How To Get Rid of Them

Make a Difference and stop Malaria

The Blossoms
The Blossoms 07 Jul 2024

သွေးလွန်တုပ်ကွေးရောဂါ: ခြုံငုံသုံးသပ်ချက်နှင့် မြန်မာနိုင်ငံအ‌ေပါ်၎င်း၏သက်ရောက်မှူ

💉 Dengue Fever ဆိုတာဘာလဲ။ ဖြစ်ပွား‌ စေတယ့်အကြောင်းရင်းကဘာလဲ။

Dengue fever ဆိုတာဟာ Flavivirus genus မှ  သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် (DENV) ကြောင့် ဖြစ်ပွားသော ခြင်မှ ပေါက်ဖွားလာသည့် ဗိုင်းရပ်စ်ရောဂါပိုးမျိုးပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်၏ သီးခြား sero type အမျိုးအစား လေးမျိုးဖြစ်သည့် (DENV-1၊ DENV-2၊ DENV-3 နှင့် DENV-4) ဆိုသည်မှာ လူတစ်ဦးကို လေးကြိမ်ကူးစက်နိုင်သည့်အတွက်ပဲဖြစ်ပါတယ်။ ဒီVirus ရဲ့ symptom က တုပ်ကွေးရဲ့ symptoms တွေနဲ့ဆင်တူပြီး သူ့ရဲ့ effect ကပြင်းထန်တဲ့အတွက် နောက်ဆက်တွဲထိခိုက်မှုတွေအနေနဲ့ သွေးနှင့် ပြန်ရည်ကြောစနစ်ထိခိုက်မှု( Dengue Hemorrhagic Fever) နှင့် သွေးထွက်လွန်မှုတွေကြောင့် shock ရခြင်း (Dengue shock syndrome) အစရှိတာတွေက အသက်ဆုံးရှုံးသည်အထိဖြစ်စေနိုင်ပါတယ်။

💉 သွေးလွန်တုတ်ကွေးရောဂါ ဘယ်အချိန်နဲ့ ဘယ်မှာ စတင်ခဲ့သလဲ

သွေးလွန်တုပ်ကွေးရောဂါသည် ရာစုနှစ်များစွာကြာအောင် လူသိများခဲ့သော်လည်း ၎င်း၏ကမ္ဘာ့ရောဂါဖြစ်ပွားမှုနှုန်းသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်းမှသာ သိသိသာသာ ကြီးထွားလာခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းသွေးလွန်တုတ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရှိနိုင်ငံအ‌ေတာ်များများတွင် ၁၉၅၀ ခုနှစ်များ၌ ပထမဆုံးအဖြစ်များသည့် စံချိန်တင်ရောဂါဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံပေါင်း 100 ကျော်သို့ ပျံ့နှံ့သွားခဲ့ပြီး ၎င်းသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက စိုးရိမ်စရာဖြစ်လာခဲ့သည်။

💉 ရာသီဥတုပြောင်းလဲမှုနှင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားခြင်းအ‌ေပါ်လွှမ်းမိုးမှု

ရာသီဥတုပြောင်းလဲမှုဟာဆိုရင်လဲ သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှုကို သိသိသာသာ လွှမ်းမိုးနိုင်ခြင်းရှိပါတယ်။ အပူချိန်မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှုများပြားခြင်းနှင့် မိုးရာသီကာလများ ကြာမြင့်လာခြင်းတို့က သွေးလွန်တုပ်ကွေးရောဂါဖြစ်‌ေစသည့် ခြင်အမျိုးအစား Aedes ခြင်များအတွက် မျိုးပွားမှုနှုန်းကိုတိုးမြင့်စေတဲ့ အခြေအနေများဖြစ်ပါတယ်။

💉 Dengue Virus သည် လူကို မည်သို့ ကူးစက်နိုင်သလဲ။

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်သည် အဓိကအားဖြင့် Aedes aegypti နှင့် Aedes albopictus ရောဂါပိုးရှိသော Aedes ခြင်အမများ ကိုက်ခံရခြင်းကတစ်ဆင့် လူ‌ေတွကို ကူးစက်နိုင်ပါတယ်။ ထို့အပြင်ရောဂါရှိသူထံက သွေးကိုစုပ်ယူပြီး အခြားတစ်ယောက်ကို ထပ်ကိုက်ရာမှလည်း ကူးစက်စေနိုင်ပါတယ်။ ၎င်း‌ေရာဂါဖြစ်‌ေစသည့်ခြင်များသည် လူတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ပေါက်ပွားကြပြီး ရေပုံး‌ေတွ၊ ရေမြောင်း‌ေတွ၊ ကျဉ်းမြောင်းသောရေသေ၊ ရေအိုင်‌ေတွနဲ့၊ ပန်းအိုး‌ေတွထဲမှာ ပေါက်ဖွားကြပါတယ်။

💉 ရောဂါရှာဖွေရေးနည်းလမ်းတွေကဘာတွေလဲ။

သွေးလွန်တုပ်ကွေးရောဂါရှာဖွေရေးတွင် ဆေးခန်းမှဆရာဝန်၏အကဲဖြတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်း(သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း) တို့ ပါဝင်ပါတယ်။ အသုံးအများဆုံး ဓာတ်ခွဲစမ်းသပ်မှုတွေကတော့

NS1 antigen စမ်းသပ်ခြင်း- ရောဂါပိုးကူးစက်ခြင်း၏အစောပိုင်းအဆင့်များတွင် သွေးထဲရှိ ဗိုင်းရပ်စ်ကို စစ်ဆေးခြင်း။

PCR (Polymerase Chain Reaction) - ဗိုင်းရပ်စ် RNA ကို ခွဲခြားသတ်မှတ်ကာ‌ေဆးကုသမှုအတွက်‌ စစ်‌ေဆးခြင်း။

IgM နှင့် IgG ပဋိပစ္စည်းစစ်ဆေးမှုများ- ရောဂါပိုးကို တုံ့ပြန်ရာတွင် ထုတ်လုပ်သည့် ပဋိပစ္စည်းများ ပါဝင်မှုကိုစစ်ဆေးကာ ထိရောက်သောဆေးကုသမှုအတွက် ဆုံးဖြတ်ခြင်း စသည့်နညး်လမ်းတို့ဖြင့် သွေးလွန်တုတ်ကွေးရောဂါကိုအတည်ပြုကြရပါတယ်။

💉 ရောဂါအဆင့်များနှင့် ရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေးရောဂါသည် အဓိက ပုံစံသုံးမျိုးနဲ့ ဖြစ်ပွားပါတယ်။

1. Dengue Fever (DF):

ရောဂါလက္ခဏာများ- အဖျားကြီးခြင်း(105°F)၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်ဘက် နာကျင်ခြင်း၊ အဆစ်နှင့် ကြွက်သားများ နာကျင်ခြင်း၊ အနီကွက်ထခြင်း(အနီကွက်တွေဟာ စဖျားပြီး ၃ ရက်ကနေ ၄ရက်အတွင်းမှာ ကိုယ်ခန္ဓာ အနှံ့အပြား၌ ပေါ်လာနိုင်ပါတယ်။)၊ သွေးအနည်းငယ်ထွက်ခြင်း။

2. Dengue Hemorrhagic Fever (DHF):

ရောဂါလက္ခဏာများ- ပြင်းထန်သောဝမ်းဗိုက်နာခြင်း၊ ဆက်တိုက်အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အသက်ရှူမြန်ခြင်း။

3. Dengue Shock Syndrome (DSS)-

ရောဂါလက္ခဏာများ- ပြင်းထန်သောဝမ်းဗိုက်နာခြင်း၊ သွေးပေါင်ကျခြင်း (သွေးပေါင်ကျခြင်း)၊ ဂနာမငြိမ်ခြင်း၊ ကိုယ်တွင်းအင်္ဂါချို့ယွင်းခြင်း၊ ရှော့ခ်ရကာ သတိလစ်ခြင်း။ ဒီ‌ နောက်ဆုံးအမျိုးအစားဟာ အများအားဖြင့် ကလေးသူငယ်‌ေတွမှာဖြစ်ပွားတတ်ပြီး အသက်ဆုံးရှုံးနိုင်ခြေပိုများပါတယ်။

💉 Dengue Fever ပိုဆိုးစေသည့် အခြေအနေများ

သွေးလွန်တုပ်ကွေးကို ပိုဆိုးစေနိုင်သော အခြေအနေများတွင် မတူညီသော sero type အမျိုးအစားဖြင့် ဒုတိယအကြိမ်ကူးစက်မှုခံရခြင်း၊ ဆေးကုသမှု နှောင့်နှေးခြင်း၊ ဆီးချို သို့မဟုတ် နှလုံးရောဂါကဲ့သို့သော နောက်ခံကျန်းမာရေးပြဿနာများရှိနေခြင်း။ ဤအချက်များသည် ပိုမိုပြင်းထန်သော သွေးလွန်တုပ်ကွေး (DHF သို့မဟုတ် DSS) ဖြစ်ပွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။

💉 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ

အကယ်၍ လူနာဟာ အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်တွင် နာကျင်ခြင်း၊ အဆစ်နှင့် ကြွက်သားများ နာကျင်ခြင်း၊သွေးအနည်းငယ်ထွက်ခြင်းစသည့် လက္ခဏာများခံစားလာရပါက ဆရာဝန် နှင့် အမြန်ဆုံးပြသသင့်ပါတယ်။ ပြင်းထန်စွာဝမ်းဗိုက်နာခြင်း၊ အဆက်မပြတ်အန်ခြင်း စသည့် ပိုမိုပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံတက်ကာ ဆေးကုသမှုကိုချက်ချင်း ခံယူရန် အရေးကြီးပါတယ်။

💉 ကုထုံးများနှင့် ကုသမှု

သွေးလွန်တုပ်ကွေးအတွက် သီးသန့် ကုသနိုင်တဲ့ဆေး မရှိေသးပါဘူး။ သာမန်အခြေအနေမှာဆိုရင်တော့ အများစုဟာ နှစ်ပတ်အတွင်း ပြန်ကောင်းတတ်ကြပါတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အကျိုးဆက်တွေထပ်ဖြစ်မလာစေဖို့ ဂရုတစိုက် ကုသဖို့ လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန်‌ေရများများသောက်ပါ။

အဖျားနှင့် နာကျင်ကိုက်ခဲမှုကို သက်သာစေရန် acetaminophen (ပါရာစီတမော) သောက်နိုင်ပါတယ်။

(အက်စပရင်(Aspirin)နှင့် စတီးရွိုက်မဟုတ်ပဲ ရောင်ရမ်းမှု သက်သာစေသော (NSAID) ဆေးများဖြစ်သည့် Ibuprofen, Naproxen စသည်တို့ကိုအထူးသတိပြု ရှောင်ကြဉ်ရပါမယ်)။

ပိုမိုပြင်းထန်ဆိုးရွားသည့်လက္ခဏာများခံစားလာရပြီဆိုပါက ဆေးရုံနှင့်‌ေဆးခန်းတွင် သွေးကြောထဲသို့ (IV) အရည် သွင်းကုသခြင်း၊ သွေးသွင်းခြင်းနှင့် အနီးကပ်စောင့်ကြည့်ခြင်းတို့က သွေးလွန်တုတ်ကွေးရောဂါကို ကုသနိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

💉 သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးခြင်းများ တိုးတက်မှုနှင့် စိန်ခေါ်မှုများ

ပထမဆုံး သွေးလွန်တုပ်ကွေးကာကွယ်ဆေး Dengvaxia (CYD- TDV) ကို နိုင်ငံအချို့တွင် အတည်ပြုထားပြီးဖြစ်သည်။ သို့သော်လည်း ၎င်း၏ ဘေးထွက်ဆိုးကျိုးများနှင့် ထိရောက်မှုဆိုင်ရာ စိုးရိမ်မှုများကြောင့်  ယခင်ကရောဂါမကူးစက်ဖူးသူများတွင်တော့ ကာကွယ်ဆေး အသုံးပြုမှုကို ကန့်သတ်ထားပါတယ်။  ပိုမိုဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးကိုတီထွင်နိုင်ဖို့က‌

‌ေတာ့ ဗိုင်းရပ်စ်ရဲ့ရှုပ်ထွေးသော သဘောသဘာဝကြောင့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

💉 သွေးလွန်တုပ်ကွေးရောဂါ လျှော့ချနိုင်ရန် ပြည်သူ့ကျန်းမာရေး ပညာပေး

ခြင်ဥများကပ်တင်ကျန်လေ့ရှိတဲ့ ဘုရားပန်းအိုး၊ ရေအိုးများနဲ့ ရေလှောင်ကန်များ၏အတွင်းပိုင်းနံရံများကို တိုက်ချွတ်ဆေးကြောခြင်း။

ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများကို ရေမတင်စေရန် စနစ်တကျစွန့်ပစ်ခြင်း။

ရေစည်၊ ရေကန်များကို တစ်ပတ်လျှင် အနည်းဆုံး(၁)ကြိမ်ရေလဲလှယ်ခြင်း။ (သို့မဟုတ်) ရေစစ်ခြင်းများကို ဆောင်ရွက်ပါ။

မလှယ်၊ မသွန်၊ မစစ်နိုင်သော ရေစည်နှင့်ရေအိုးများကို ခြင်ကျားပိုးလောက်လန်းသေဆေး ခတ်ရန် နီးစပ်ရာကျန်းမာရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းပါ။

အိမ်တွင်း/အိမ်ပြင် ခို‌ေအာင်း‌ေနတတ်‌ေသာခြင်များ ဖယ်ရှား ရှင်းလင်းပါ။  ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ခြင်း။ ကလေး၊ လူကြီးအားလုံး နေ့ခင်းဖြစ်စေ/ ညဖြစ်စေ ခြင်ထောင်ဖြင့် အိပ်ပါ။

💉 ခေတ်မီနည်းပညာဖြင့် ခြင်ဦးရေကို လျှော့ချခြင်း

ခေတ်မီနည်းပညာဖြင့် ခြင်အရေအတွက်ကို လျှော့ချနိုင်ရန် ဆန်းသစ်တဲ့နည်းလမ်းများစွာရှိပါတယ်။

1. Insecticides

  ဒါလေးကတော့ အားလုံးနဲ့လဲ ရင်းနှီးပြီးသားဖြစ်မယ့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့လဲ ရောဂါဖြစ်စေနိုင်သည့် အရွယ်ရောက်ပြီးသားခြင်တွေကို‌ေရာ သားလောင်းအရွယ်ရှိသည့် ခြင်တွေကိုပါ လျှော့ချပစ်နိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ပိုးသတ်ဆေးရဲ့ ပြင်းထန်တဲ့ အန္တရာယ်ကြောင့် အတိုင်းတာတစ်ခုထိပဲ အသုံးပြုကြဖို့ အကြံပြုချင်ပါတယ်။

2 . Sterile insect technique (SIT)

     ဒီ technique ဟာဆိုရင် insect အလွန်အင်မတန်ပေါသည့် တောကဲ့သို့နေရာတွေကို မျိုးပွားနိုင်ခြင်းမရှိတဲ့ sterile mosquitoes တွေလွှတ်ပေးခြင်းဖြစ်ပါတယ်။ ထိုသို့လွှတ်လိုက်သော ခြင်များသည် ခြင်ထီးများ ဖြစ်ရန်လိုအပ်သည်။ ၎င်း sterile mosquitoes များသည် မျိုးပွားနိုင်စွမ်းရှိသည့် ခြင်ထီးများနှင့်ပြိုင်ဆိုင်၍ ခြင်မများနှင့် mate လုပ်နိုင်ရန်ကျိုးပန်းကြသည်။ ထိုသို့ ပြိုင်ဆိုင်ကြခြင်းဖြင့် အချင်းချင်းတိုက်ခိုက်မှုများကြောင့် သေဆုံးရခြင်းကြောင့်သော်လည်းကောင်း၊ female mosquitoes သည် sterile male mosquitoes များနှင့် mate လုပ်မိ၍ မျိုးမအောင်သောကြောင့်သော်လည်းကောင်း ခြင်မျိုးဆက်ကိုလျှော့ချနိုင်သည်။

 

3 . Wolbachia Bacteria

    Wolbachia Bacteria ဟာဆိုရင် သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဘတ်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ယင်း ဘတ်တီးရီးယားကို ထိုးသွင်းထားသောခြင်များသည် သွေးလွန်တုတ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထို့သို့ Wolbachia Bacteria ထိုးသွင်းထားသောခြင်များကို ထိုးသွင်းထားခြင်းမရှိသေးသည့် သဘာဝခြင်များနှင့် mate လုပ်စေခြင်းအားဖြင့် wolbachia Bacteria များသည် ခြင်မျိုးဆက်များစွာစီသို့ ရောက်ရှိသွားပြီး သွေးလွန်တုတ်ကွေးဖြစ်မှုနှုန်းကိုလဲ သိသိသာသာ လျော့ကျသွားစေနိုင်ပါသည်။

SOURCES:

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) - သွေးလွန်တုပ်ကွေးနှင့် ပြင်းထန်သော သွေးလွန်တုပ်ကွေး။

https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) - သွေးလွန်တုပ်ကွေး။

https://www.cdc.gov/dengue/index.html

အမျိုးသားကျန်းမာရေးသိပ္ပံ (NIH) - သွေးလွန်တုပ်ကွေး။

https://www.niaid.nih.gov/diseases-conditions/dengue-fever

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန- သွေးလွန်တုပ်‌ေကွးရောဂါကာကွယ်မှုအသိပညာပေး။

http://www.mohs.gov.mm/

#theblossoms