what is adhd

What is ADHD

The Blossoms
The Blossoms 23 Jun 2024

"ငါကHyperလေ 😎 ဘာမှလာမပြောနဲ့ Hyperဆို ကောင်းပြီးသားဘဲ"

ဒါပေမဲ့ ဒီလို Hyper မျိုး ဖြစ်နေပြီဆိုရင်တော့ လူကြီးမင်းတို့ အတွက် ကောင်း မကောင်း ပြန်ဆန်းစစ်ဖို့လိုနေပါပြီ။🤨

ဘာHyperလဲဆိုတော့ Mental ပိုင်းနဲ့ဆိုင်တဲ့ရောဂါဖြစ်တဲ့ Hyperactivity disorder\Attention deficit [ADHD] ပဲဖြစ်ပါတယ်။

📌ADHDဆိုတာဘာလဲ?

ဦးနှောက်နင့်အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်ကြောင့်

မိမိကိုယ်မိမိထိန်းချုပ်မှုစနစ် Self - control အားနည်းလာတဲ့ အာရုံကြော ရောဂါ (Neurodevelopmental Disorder) ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဂနာမငြိမ်ဖြစ်တဲ့ရောဂါ ၊ အာရုံစူးစိုက်မှု အားနည်းတဲ့ရောဂါ၊ အတက်ကြွလွန်ကဲတတ်တဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

📌ကဲ ဒါဆို ADHD ဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ?

အာရုံစူးစိုက်မှုအားနည်းခြင်း၊ အငြိမ်မနေတတ်ဘဲ လှုပ်ရှားမှုလွန်ကဲခြင်း(ဂနာမငြိမ်ဖြစ်ခြင်း)၊ စဉ်းစား‌ တွေးခေါ်ခြင်းမရှိဘဲ စိတ်လိုက်မာန်ပါလုပ်တတ်ခြင်း စသောအခြေအနေတွေဟာ ADHD ကိုညွှန်ပြနေသော အမူအကျင့်များပင်ဖြစ်ပါတယ်။ ဥပမာ-

(၁)စာကျက်နေချိန် (သို့မဟုတ်)အလုပ်လုပ်နေ ချိန်မှာ အမှားတစ်ခုကိုပဲ သတိမထားမိဘဲ ထပ်တလဲလဲ လုပ်မိနေခြင်း

(၂) မိမိလုပ်နေသောအရာအပေါ် အာရုံမစူးစိုက်နိုင်ဘဲ စိတ်အာရုံပျံ့လွင့်ခြင်း

(၃)တစ်နေရာထဲတွင် ငြိမ်ငြိမ်ထိုင်နေဖို့ ခက်ခဲခြင်း

(၄)အဆက်မပြတ်စကားအလွန်ပြောခြင်း

(၅)အခြားသူများ စကားပြောနေရာတွင်သော်လည်းကောင်း၊

အလုပ်လုပ်နေရာတွင်သော်လည်းကောင်း ဝင်ရောက် နှောင့်ယှက်ခြင်း စတဲ့အချက်များပဲဖြစ်ပါတယ်။

📌ဒါဆို ဒီရောဂါ လက္ခဏာတွေထဲက

  • No(1)(2) ခံစားနေရပြီဆို Inattentive Typeရှိသူ

  • No (3)မှ (5)ရှိသူဆိုလျှင် Hyperactive Imlulsive Type

  • No(1)ကနေ(5)အထိရောဂါလက္ခဏာအကုန်ရှိတယ်ဆိုရင်တော့ Combined Hyperactive-impulsive and Inattentive Type ဟုခေါ်ဆိုနိုင်ပါတယ်။

*Type(3)ခုထဲမှာမှ Combined Typeဟာ အတွေ့အများဆုံး ADHD Type ပဲဖြစ်ပါတယ်။

📌ADHDဘာကြောင့်ဖြစ်ရတာလဲ?

1. မျိုးရိုးဗီဇ (မိသားစုမျိုးရိုးထဲမှာ ADHD ရောဂါဖြစ်ဖူးသူ)

2. အာရုံကြောချို့ယွင်းခြင်း

3. သတ်မှတ်ရက်နှင့် ပေါင်မပြည့်ဘဲမွေးဖွားလာခြင်း

4. ဦးနှောက် တည်ဆောက်ပုံ မူမမှန်ခြင်း

5. ဦးနှောက်ထိခိုက်ထားခြင်း(Accident)

6. မူးယစ်ဆေးသုံးစွဲခြင်း

7. Childhood Trauma

8. မိသားစုဖိအားများခြင်း

9. အိပ်မပျော်ခြင်း

10. အာဟာရလိုအပ်ခြင်း စတဲ့ အချက်များကြောင့် ဖြစ်နိုင် ပါတယ်။

📌ADHDရောဂါက ဘယ်သူတွေမှာ တွေ့ရတာလဲ?

ကျောင်းနေကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်မှာ စတင်ဖြစ်ပေါ်နိုင်ပါတယ်။ဖြစ်ပေါ်သူများထဲမှ ၆၀ရာခိုင်နှုန်းဟာ လူကြီးဖြစ်သည်အထိ ရောဂါကျန်ရှိနေခဲ့တတ်ပါတယ်။

📌ADHDကို ဘယ်လိုကာကွယ် ကုသနိုင်မလဲ?

ADHDက ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့်

ကာကွယ်ရန်အာမခံချက်မရှိသော်လည်း ပြင်းထန်မှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းများရှိပါတယ်။

✨ကလေးသူငယ်များအတွက် မိခင်များမှ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အာဟာရပြည့်ဝစွာစားသုံးခြင်း၊

အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲမှုရှောင်ကြဉ်ခြင်း

နှင့် ကလေးများအား နွေးထွေးစွာဆက်ဆံပေးခြင်းတို့ ပါဝင်ပါတယ်။

✨ဒါအပြင် လူကြီး အရွယ်များအတွက်လည်း

  • ဆေးဝါး(Adderal,Ritalin,Strattera)

  • ကုထုံး(counselling)နှင့်

  • လူနေမှုပုံစံပြုပြင်ပြောင်းလဲမှု နည်းလမ်းများလည်း ပါဝင်ပါတယ်။

✨ADHDအတွက် အကောင်းဆုံးနဲ့အသင့်တော်ဆုံးLifestyle Changes ကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ဘဲဖြစ်ပါတယ်။

✨ကိုယ်ကာယလေ့ကျင့်ခန်း များများလုပ်ပေးခြင်းက

အတွေးများခြင်းကို လျှော့ချပေးပြီး ဦးနှောက်ထဲမှာရှိတဲ့ Hormone တွေကိုလည်း မြှင့်တင်ပေးနိုငါတဲ့အတွက်ကြောင့် အာရုံပိုပြီးတော့ စူးစိုက်နိုင်မှာပဲဖြစ်ပါတယ်။

📌ဒါ့အပြင် WHO ကလည်း ADHDရဲ့ ပျံ့နှံ့မှုနှင့် အကျိုးသက်ရောက်မှုကို နားလည်စေရန် နှင့် ADHD ရောဂါရှာဖွေခြင်းနဲ့ ကုသရေး အတွက် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ သုတေသနများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက် ရှိပါတယ်။

ကဲ အားလုံးဘဲ Stress ကင်းဝေးပြီး ADHD မှ ကင်းဝေး နိုင်ကြပါစေ❤️

.............................................................................

I'm Hyper 😎 Don't say anything to me. "Being a hyper is so good"

But if it's like a hyper like this, you need to re-examine whether it's good or not. 🤨

What I actually mean about Hyper on this content is a mental illness called Hyperactivity Disorder\Attention Deficit [ADHD].

📌What is ADHD?

Due to brain and neurodevelopmental defacts, self-controlled becomes weak.In other words, a restless disease,attention deficit disorder and a disease that tends to be overly active.

📌 Now, how would you know whether you have ADHD or not?

lack of concentration; excessive activity (restlessness)and acting impulsively without thinking are behaviours that indicate ADHD. For example:

(1) Repeating mistakes while studying (or working) without realizing it

(2) Being unable to concentrate on what you are doing and being distracted

(3) Difficulty sitting still in one place

(4) Constantly talking too much

(5) Either when others are talking or working,can't concentrate and just keep disturbing.

📌 So, one of the symptoms of this disease

  • If you have No (1) and (2) you are suffering from Inattentive Type

  • If you have No (3) to (5), Hyperactive Immulsive Type and

  • If you have all the symptoms from No (1) to (5), it can be called Combined Hyperactive-impulsive and Inattentive Type.

*Among them,Combined Type is the most common ADHD Type.

📌Why does ADHD happen?

1. Genetics (who has ADHD in the family)

2. Nervous disorders

3. Due date and preterm birth

4. Brain structural abnormalities

5. Brain damage (Accident)

6. Drug use

7. Childhood Trauma

8. Family pressure

9. Insomnia

10. It may be due to factors such as the need for nutrition.

📌 Who is diagnosed with ADHD?

It can start in school children and teenagers. 60 percent of those who develop the disease remain until they are adults.

📌 How can ADHD be prevented and treated?

Because ADHD is a complex disorder

There is no guarantee of protection, but there are ways to reduce the severity.

✨For children, mothers should eat nutritious food during pregnancy.

Avoiding the use of alcohol and drugs

and treating children warmly.

✨In addition to this, it is also for adults

  • Medicines (Adderal, Ritalin, Strattera)

  • Therapy (counseling) and

  • Lifestyle modification methods are also included.

✨The best and most suitable lifestyle changes for ADHD is doing exercise regularly.

✨Doing more physical exercises

It can reduce thoughts and increase the hormones in the brain, so that you can focus more.

📌In addition, WHO is also continuously conducting global research to understand the prevalence and impact of ADHD and to develop more effective methods for ADHD diagnosis and treatment.

We sincerely hope everyone can be free from stress and also from ADHD ❤️


Prevention: https://www.nimh.nih.gov/.../attention-deficit...

WHO Activities: https://www.who.int/.../detail/adolescent-mental-health

Symptoms: https://www.nhs.uk/.../attention-deficit-hyperactivity... adhd/symptoms/

Treatment: https://www.google.com/url?q=https://www.mayoclinic.org/diseases-conditions/adult-adhd/symptoms-causes/syc-20350878&sa=U&ved=2ahUKEwjzk9Xgie2FAxWRsFYBHY9zA6sQFnoECBUQAQ&usg=AOvVaw2KmVgq3x6CAOc3fRjnV3Ay