what is leukemia

What is Leukemia?

The Blossoms
The Blossoms 05 Jul 2024

ကမ္ဘာပေါ်မှာ ကင်ဆာများစွာထဲမှ Leukemia ဆိုတဲ့ သွေးကင်ဆာဟာလဲ ဒုတိယအဖြစ်အများဆုံး ကင်ဆာတစ်ခုအ‌နေ နဲ့ပါဝင်နေပါတယ်။ Leukemia အမည်ရတဲ့ ဒီသွေးကင်ဆာကိုဆိုရင် ‌China , the United States, India, Russia နဲ့ Germany နိုင်ငံတို့မှာ အဖြစ်များ‌တာကို တွေ့ရပါတယ်။ နောက်ပြီး K-drama fanတွေနဲ့ တော်တော်‌လေးရင်းနှီးတဲ့ ရောဂါတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ ဇာတ်ကားတွေထဲမှာ မင်းသား သို့မဟုတ် မင်းသမီးတစ်ယောက်ယောက်က မကြာမကြာ နှာခေါင်းသွေးလျှံလာပြီဆိုရင် ဒါဟာသွေးကင်ဆာဖြစ်နေပြီလို့ ပြောတတ်ကြပါတယ်။

Among the many types of cancer in the world, leukemia is the second most common form of blood cancer. This leukemia is prevalent in countries like China, the United States, India, Russia, and Germany. Moreover, it is a disease that K-drama fans might be quite familiar with. In many dramas, whenever the leading actor or actress frequently has nosebleeds, it is often indicated that they have leukemia.

📌 ဒါဆိုရင် သွေးကင်ဆာဆိုတာက ဘာကြီးလဲ?

What is Leukemia ?

သွေးကင်ဆာဆိုတာဟာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ လျင်မြန်စွာကြီးထွားလာပြီး ကင်ဆာဆဲလ်တွေအဖြစ်ပြောင်းလဲဖြစ်ပေါ်လာတာကိုခေါ်တာပဲဖြစ်ပါတယ်။ များသောအားဖြင့် သွေးကင်ဆာဟာ သွေးဖြူဥဆဲလ်တွေ နဲ့ ပိုပြီးဆက်နွယ်မှုရှိပါတယ်။ သွေးဖြူဥဟာဆိုရင် မိမိတို့ဆီကို ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေကိုတိုက်ထုတ်ပေးနိုင်တဲ့ကောင်လေးဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်က လိုအပ်ရင်လိုအပ်သလို သွေးဖြူဥလေးတွေက grow and divide ဖြစ်ကြပါတယ်။ ဒါပေမယ့် သွေးကင်ဆာရောဂါခံစား‌နေရတဲ့ ဝေဒနာရှင်တစ်ဦးမှာဆိုရင် သူ့ရဲ့ ရိုး‌တွင်းခြင်ဆီ‌ကနေ လိုအပ်တဲ့ပမာဏထက် ပိုပြီး သွေးဖြူဥတွေကိုထုတ်လိုက်တဲ့အခါ ပုံမှန်တိုင်း divide ဖြစ်နေတဲ့ သွေးဖြူဥလေးတွေက ကမောက်က‌မတွေဖြစ်ကုန်ပါတယ်။ အခုလိုမျိုး သွေးဆဲလ်ထုတ်လုပ်မှုနဲ့ သွေးဆဲလ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တဲ့ သွေးကင်ဆာရောဂါဟာဆိုရင် ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။

Leukemia is a condition where cells in the bone marrow and lymphatic system, responsible for producing blood cells, start to grow rapidly and abnormally, transforming into cancer cells. Leukemia is often more closely associated with white blood cells. White blood cells are essential for fighting off external pathogens that enter our bodies, growing and dividing as needed. However, in a person suffering from leukemia, the bone marrow produces an excessive amount of white blood cells. These white blood cells, which normally divide properly, become dysfunctional. This disruption in blood cell production and function caused by leukemia is more commonly observed in children and teenagers.

📌 ဒီလိုကြောက်စရာကောင်းလှတဲ့သွေးကင်ဆာမှာဆိုရင် အမျိုးအစားကရော ဘယ်နှစ်မျိုးလောက်ရှိနိုင်မလဲ?

How many types of Leukemia are there?

သွေးနီဥ၊သွေးဖြူဥနဲ့ သွေးဥမွှားဆိုပြီးတော့ သွေးဆဲလ်သုံးမျိုးရှိပါတယ်။ သွေးဆဲလ်အမျိုးအစားပေါ်မူတည်ပြီးတော့ သွေးကင်ဆာရဲ့အမျိုးအစားတွေကလဲကွဲပြားသွားပါတယ်။ myeloid leukemia ဟာဆိုရင်myeloid cell မှာဖြစ်ပေါ်တာဖြစ်ပြီး ပုံမှန်ဖြစ်တဲ့ myeloid cell တွေဟာဆိုရင် သွေးဖြူဥ၊ သွေးနီဥ နဲ့ သွေးဥမွှားတို့မှာ develope ဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးဖြစ်တဲ့ lymphocytic leukemia ဟာဆိုရင်တော့ lymphoid cell မှာဖြစ်တာဖြစ်ပြီး ပုံမှန်အနေထားရှိတဲ့ lymphoid cell တွေကတော့ ခန္ဓာကိုယ် ကိုယ်ခံအားကိုဖြစ်စေတဲ့ white blood cells တွေမှာ develope ဖြစ်တာဖြစ်ပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားနဲ့ နှုန်းကိုကြည့်ပြီးတော့လဲ သွေးကင်ဆာအမျိုးစားကိုခွဲခြားသတ်မှတ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေ မြန်ဆန်စွာပေါ်လာတာကို acute leukemia လို့သတ်မှတ်ပြီး ရေရှည်ဖြည်းဖြည်းချင်း ပေါ်လာမယ်ဆိုရင်တော့ chronic leukemiaလို့ သတ်မှတ်ပါတယ်။

အထပ်မှာဖော်ပြခဲ့တဲ့ အချက်အားလုံးကိုခြုံပြီး ပြန်ကြည်လိုက်မယ်ဆိုရင်တော့ Leukemia ကို အဓိက အမျိုးစား ၄ မျိုးခွဲခြားနိုင်ပါတယ်။

- Acute lymphocytic leukemia (ALL)

- Acute Myeloid Leukemia (AML)

- Chronic Lymphocytic Leukemia (CLL)နဲ့

- Chronic Myeloid Leukemia (CML) တို့ပဲဖြစ်ပါတယ်။

ALL အမျိုးစားက ကလေးနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာအဖြစ်များတာကိုတွေ့ရပြီး၊ AML နဲ့ CML ကိုတော့ အရွယ်ရောက်ပြီးသူတေွ နဲ့ အသက် ၃၉ နှစ်အရွယ် လူလတ်ပိုင်းတွေအထိအဖြစ်များပါတယ်။ CLL ကတော့ သက်ကြီးရွယ်အိုပိုင်းတွေမှာ ပိုအဖြစ်များကြောင်း သုသေသနပြုချက်တွေကနေတစ်ဆင့် သိရှိရပါတယ်။

There are three types of blood cells: red blood cells, white blood cells, and platelets. Depending on the type of blood cell affected, the types of leukemia vary. Myeloid leukemia originates in myeloid cells, which normally develop into red blood cells, white blood cells, and platelets. Lymphocytic leukemia, on the other hand, originates in lymphoid cells, which develop into white blood cells that contribute to the body's immune system.

Leukemia can also be categorized based on the rate at which the disease progresses. Acute leukemia is characterized by a rapid onset of symptoms, whereas chronic leukemia progresses more slowly over time.

Taking into account all the above factors, leukemia can be primarily classified into four main types:

- Acute Lymphocytic Leukemia (ALL)

- Acute Myeloid Leukemia (AML)

- Chronic Lymphocytic Leukemia (CLL)

- Chronic Myeloid Leukemia (CML)

ALL is more common in children and teenagers, while AML and CML are more prevalent in adults, particularly those in their middle ages up to around 39 years old. CLL is most frequently found in the elderly, according to research findings.

📌 အခုလို အသက်ရွယ်မရွေးအန္တရာယ်ဖြစ်စေနိုင်တဲ့ Leukemia ကိုဘာကဖြစ်စေတာလဲ?

What are the causes of Leukemia?

leukemia ဘာလို့ဖြစ်လဲဆိုရင်တော့ သူဟာလည်း cancer အမျိုးအစားတွေထဲကတစ်ခုဖြစ်တာကြောင့် cell ရဲ့ mutation ကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ bone marrow ထဲက produce လုပ်ပေးတဲ့ red blood cellတွေဟာ genetic အရ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး result အနေနဲ့ mutation ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ leukemia ဟာ ပျော့ပျောင်းတဲ့ bone marrow ရဲ့ အတွင်းပိုင်းကနေ စတင်တယ်လို့ဆိုနိုင်ပါတယ်။ဒီရောဂါဟာ အသက်အရွယ်ကြောင့်လည်းဖြစ်နိုင်သလို မျိုးရိုးဗီဇ၊ blood disorder ၊ ဆေးလိပ်သောက်ခြင်း၊ radiation တွေနဲ့ထိတွေ့မှုများခြင်း အစရှိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

Leukemia occurs due to mutations in cells, much like other types of cancer. Specifically, genetic mutations occur in the cells produced by the bone marrow, leading to the development of cancerous cells. Consequently, leukemia starts in the soft interior of the bone marrow.

This disease can arise from various factors, including age, genetic predispositions, blood disorders, smoking, and exposure to radiation. These factors can contribute to the genetic changes that lead to leukemia.

📌 Leukemia ရဲ့ အဓိက ရောဂါလက္ခဏာတွေကဘာ‌ေတွဖြစ်နိုင်မလဲ?

What are the main symptoms of Leukemia?

slow-growing type ဖြစ်တဲ့ chronic leukemia မှာဆိုရင် ထူးထူးခြားခြား symptoms ရယ်လို့မရှိတတ်ပါဘူး။rapid growing type ဖြစ်တဲ့ acute leukemia မှာဆိုရင်တော့ အဖြစ်များတဲ့ symptoms လေးတွေရှိပါတယ်။ leukemia ရဲ့ first sign & main symptom ကတော့ anaemia လို့ခေါ်တဲ့ သွေးအားနည်းတာပဲဖြစ်ပါတယ်။အဲ့ဒီ သွေးအားနည်းခြင်းကနေမှတစ်ဆင့်-

1. Fever

2. ခဏခဏမေ့လဲတတ်ခြင်း၊အားနည်းခြင်း။

3. အမြဲလိုလို infection ဝင်ခြင်း။

4. Weight loss လွယ်ခြင်း။

5. lymph nodes ရောင်ယမ်းခြင်း။

6. Liver/ spleen ကြီးခြင်း။

7. သွေးထွက်/ထိရှလွယ်ခြင်း။

8. Skinပေါ်မှာ အနီစက်သေးသေးလေးများထွက်ခြင်း။

9. ချွေးထွက်များခြင်း(အထူးသဖြင့် ညခင်းဘက်)

10. အရိုး နာကျင်မှုများခံစားရခြင်း အစရှိတာတွေကို စတင်ခံစားလာရပါတယ်။

In chronic leukemia, there are typically no distinct symptoms. However, in acute leukemia, which is a rapidly growing type, there are several common symptoms. The first sign and main symptom of leukemia is usually anemia. From this anemia, other symptoms can develop, including:

1. Fever

2. Frequent fainting or weakness

3. Persistent infections

4. Easy weight loss

5. Swelling of the lymph nodes

6. Enlargement of the liver or spleen

7. Easy bleeding or bruising

8. Small red spots on the skin

9. Excessive sweating (especially at night)

10. Bone pain

📌 ဒီလိုကြောက်စရာကောင်းတဲ့ရောဂါလက္ခဏာတွေရှိတဲ့ Leukemia ကို ဘလိုနည်းတွေနဲ့ ကုသနိုင်မလဲ?

How can we treat Leukemia?

ဆရာဝန်အများစုဟာဆိုရင် သွေးကင်ဆာဝေဒနာ‌ခံစားနေရတဲ့ သူရဲ့အသက်နဲ့ health condition ကိုကြည့်ပြီး ဘလိုမျိုး treatment လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ကြပါတယ်။ ခုလိုခေတ်မှီတိုးတက်နေတဲ့ခေတ်ကြီးမှာ ကင်ဆာ‌တွေ ကို နည်းလမ်းအများပြားနဲ့ treatment လုပ်လို့ရနေပါပြီ။ အဲ့ဒီအများအပြားထဲကမှ ယနေ့ခေတ်မှာ သွေးကင်ဆာအပါအဝင် အခြားသောကင်ဆာမျိုးစုံကိုကုသနိုင်ဖို့ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ treatment တွေကတော့ Chemotherapy, Immunotherapy, Targeted Therapy, Radiation Therapy နဲ့ Hematopoietic cell transplant တို့ပဲဖြစ်ပါတယ်။

Most doctors determine the type of treatment a patient with blood cancer needs based on their life expectancy and health condition. In this modern and advanced era, there are numerous methods available for treating cancer. Among these, the treatments widely used today for various types of cancer, including blood cancer, are Chemotherapy, Immunotherapy, Targeted Therapy, Radiation Therapy, and Hematopoietic Cell Transplant.

- ပထမဆုံးတစ်ခုဖြစ်တဲ့ Chemotherapy ဆိုတာက သွေးကင်ဆာကို ကုသတဲ့နေရာမှာအဓိကအသုံးပြုတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။ ဒီကုထုံးဟာဆိုရင် သွေးကင်ဆာဖြစ်စေတဲ့ Leukemia cells တွေကိုသတ်လိုက်ခြင်း သို့မဟုတ် ထပ်ထပ်ပြီးမပွားအောင် တားမြစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဝေဒသနာရှင်ရဲ့ ရောဂါအနေထားပေါ်အခြေခံပြီးတော့ single drug နဲ့ပဲကုသနိုင်သလို ပြင်းထန်ရင်တော့ အခြားသော တွဲဖက်ကုထုံးတွေနဲ့ပါ တွဲပြီးကုသရပါတယ်။ ဒီ Chemotherapy မှာဆိုရင် ဆေး‌ေတွက pill အနေနဲ့လဲလာသလို အကြောထဲ ထိုးသွင်းရတဲ့ဆေးတွေလဲရှိပါတယ်။

In Chemotherapy, which is one of the first-line treatments, various drugs are used at different stages to effectively target and eliminate leukemia cells, or to prevent their further growth. This treatment is particularly effective in attacking rapidly dividing cancer cells, thereby helping to control and reduce the spread of the disease. Typically, chemotherapy drugs can be administered orally in pill form or intravenously depending on the specific type and stage of leukemia being treated.

- နောက်တစ်ခုကတော့ Immunotherapy ပဲဖြစ်ပါတယ်။ Immunotherapy က ဇီဝဆိုင်ရာကုထုံးတစ်မျိုးဖြစ်ပြီး ဒီကုထုံးဟာဆိုရင် လူနာရဲ့ ကိုယ်ခံအားစနစ်ကို တိုးမြင့်စေခြင်းဖြင့် ကင်ဆာဆဲလ်‌တွေကို destroy လုပ်ပစ်တာပဲဖြစ်ပါတယ်။ Immunotherapy မှာဆိုရင် လူနာရဲ့ ကိုယ်ခံအားကို တိုးမြင့်ဖို့ရန်လုပ်ဆောင်တဲ့နည်းလမ်းတွေက အမျိုးစားအများပြားရှိပါသေး တယ်။ ဥပမာအနေနဲ့ပြောရမယ်ဆို လူနာရဲ့ immune cells ကို ထုတ်ယူပြီး ကင်ဆာဆဲလ်တွေကို ပိုပြီးခုခံနိုင်အောင် modify လုပ်တယ်၊ ပြီးတော့မှ အဲ့ဒီ modify လုပ်ထားတဲ့ immune cells ကို လူနာထဲ ပြန်ထည့်ပေးတယ်။ ဒါမျိုးလုပ်ဆောင်တာကို CAR-T Cell Therapy လို့ခေါ်ပါတယ်။

Immunotherapy is another approach used in treating cancer. This therapy utilizes the body's immune system to recognize and attack cancer cells. Unlike chemotherapy, which directly kills cancer cells, immunotherapy boosts the body's natural defenses against cancer. One method involves modifying immune cells extracted from the patient, enhancing their ability to recognize and destroy cancer cells when reintroduced into the body. This modified immune response can specifically target cancer cells while sparing healthy tissues. This kind of method is called CAR-T Cell Therapy.

- နောက်ထပ် နည်းလမ်းတစ်မျိုးကတော့ Targeted Therapy ပဲဖြစ်ပါတယ်။ သူ့ကို ဘာလို့ Targeted Therapy လို့ခေါ်ရလဲဆိုတော့ ဒီကုထုံးမှာဆိုရင် အခြားသော normal cells တွေကို သက်ရောက်မှုမရှိဘဲ cancer cells တွေကိုပဲ target ထားပြီး destroy လုပ်ပစ်တာမလို့ပါ။ ဒီ Targeted Therapy မှာအသုံးပြုတဲ့ ဆေးဝါးတွေရဲ့ လုပ်ဆောင်ချက်တွေဟာဆိုရင် ကင်ဆာဆဲလ်တွေကို ပိုကြီးထွားစေပြီး spread ပိုဖြစ်အောင်လို့ လှုံ့ဆော်ပေးတဲ့ ခန္ဓာကိုယ်ထဲက chemical တွေကို block လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်ဖို့ ကိုယ်ခံအားကို မြှင့်‌တင်ပေးတာတွေနဲ့ ကင်ဆာဆဲလ်တွေကိုသာ သေစေနိုင်တဲ့ toxins တွေသယ်ဆောင်ပေးခြင်းတို့ကလဲ Targeted Therapy မှာအသုံးပြုတဲ့ drug တွေရဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

In recent years, targeted therapy has become a popular treatment method. This therapy specifically targets cancer cells without harming other normal cells. By targeting cancer cells, it aims to destroy them selectively while sparing healthy cells. The mechanism of targeted therapy involves blocking chemicals within cancer cells that promote their growth and spread. Additionally, it interferes with signals that support the survival and growth of cancer cells, effectively inhibiting their ability to produce toxins that can harm healthy tissues. This approach utilizes drugs tailored to target specific characteristics of cancer cells.

- အခုရှင်းပြမှာကတော့ Radiation Therapy သို့မဟုတ် Radiotherapy လို့ခေါ်ပါတယ်။ ဒီကုထုံးဟာဆိုရင် ပြင်းထန်နဲ့ စွမ်းအင်ရောင်ခြည်တွေကိုအသုံးပြုပြီး ကင်ဆာဆဲလ်တွေကိုသတ်ပစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ရောင်ခြည်ဟာဆိုရင် X-ray ကိုလဲအသုံးပြုနိုင်သလို Proton Radiation တွေကိုလဲ အသုံးပြုနိုင်ပါတယ်။ အခုလို နည်းပညာတွေတိုးတက်နေတဲ့ခေတ်မှာ ဒီလို ဓာတ်ရောင်ခြည်နဲ့ကုသတဲ့နည်းလမ်းဟာလဲ သိပ်ကိုမှ တိကျလာတာကို တွေ့မြင်ရပါတယ်။ ရောင်ခြည်တွေကို အခြားသော ကောင်းမွန်တဲ့ organ တွေရဲ့ tissue တွေကို မထိမိစေပဲ ကင်ဆာဆဲလ်တစ်ခုတည်းကိုသာ ထိစေလောက်တဲ့ထိ တိကျပါတယ်။ Radiation Therapy ကို ခန္ဓာကိုယ်ရဲ့ အထဲကနေမှသော်လည်းကောင်း အပြင်ကနေမှသော်လည်း ကုသမှုခံယူနိုင်ပါတယ်။ အများအားဖြင့် အသုံးပြုကျတဲ့ နည်းလမ်းကတော့ external beam radiation therapy ( ခန္ဓာကိုယ်အပြင်မှ ဓာတ်ရောင်ခြည်ပေး၍ကုသခြင်း) နည်းလမ်းပဲဖြစ်ပါတယ်။

Here, we are discussing Radiation Therapy, also known as Radiotherapy. This treatment method utilizes X-rays or, alternatively, Proton Radiation to target and destroy cancer cells while minimizing damage to surrounding healthy tissues. X-ray Radiation Therapy has been widely used, while Proton Radiation Therapy is also employed for its precision in targeting tumors. In terms of scientific knowledge, this method effectively directs the beam to precisely hit the cancerous tissue, minimizing damage to nearby vital organs. Radiation Therapy plays a crucial role in the treatment of various cancers, ensuring targeted treatment and minimizing side effects on healthy tissues. Depending on the specific needs, techniques such as external beam radiation therapy (using X-rays to precisely target cancerous tissues) are also utilized.

- ဒီတစ်ခါရှင်းပြ‌ေပးမယ့်ကုထုံးကတော့ Hematopoietic cell transplant လို့ခေါ်ပါတယ်။ အရင်ဆုံး Hematopoietic cell ဆိုတာကိုလေ့လာကြည့်ရအောင်ပါ။ Hematopoietic cell ဆိုတာ immature cell လေးဖြစ်ပြီးတော့ သွေးဖြူဥ၊ သွေးနီဥ စတဲ့ သွေးပုံစံတွေအဖြစ် develope ဖြစ်နိုင်တဲ့ cell လေးပဲဖြစ်ပါတယ်။ အခုလို သွေးအမျိုးအစားမျိုးစုံအဖြစ်ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ Hematopoietic cell တွေကို ရိုး‌တွင်းခြင်ဆီ သို့မဟုတ် ခုခံအားပျက်စီးနေတဲ့ ဝေဒနာရှင်တွေရဲ့ သွေးဆဲလ်ထုတ်လုပ်မှုကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် လူနာရဲ့ သွေးကြောထဲ ထိုးသွင်းလိုက်ပါတယ်။ အခုလို ထိုးသွင်းလိုက်ခြင်းဖြင့် လူနာရဲ့ ဆဲလ်တွေပြန်လည်ထူထောင်လာပြီး ကိုယ်ခံအားလဲကောင်းမွန်လာပါတယ်။ အခုလိုမျိုး Hematopoietic cell transplant ကုထုံးကို သွေးနဲ့ဆက်ဆက်တဲ့ ကင်ဆာတွေမှာ အဓိကထားအသုံးပြုကုသကြပါတယ်။

This discusses Hematopoietic Cell Transplant, also known as Hematopoietic Stem Cell Transplantation. Hematopoietic cells are immature cells capable of developing into various blood cell types. This transplant procedure is vital for patients with damaged bone marrow or immune systems, such as those with leukemia, aiming to restore blood cell production and immune function.

📌 ဒီကုထုံးတွေအပြင် အခြားသော ကုထုံးအသစ်တွေရော ရှိနိုင်သေးလား?

So, is there any other types of new treatment for Leukemia?

ကင်ဆာရောဂါကိုကုသနိုင်ဖို့ ပညာရှင်‌တွေတွေ့ရှိထားတဲ့ ကုထုံးအသစ်တွေရှိပါတယ်။ ဒီကုထုံးအသစ်တွေထဲမှာဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ CAR-T Cell Therapy လဲအပါအဝင်ပါပဲ။

ဒါ့အပြင် National Cancer Institute ကနေပြီးတော့ PERCEPTION ဆိုတဲ့ AI tool တစ်ခုကိုလဲ တီထွင်ခဲ့ပါတယ်။ ဒီ tool ဟာဆိုရင် ဆဲလ်တစ်လုံးချင်းစီရဲ့ RNA sequence တွေကို predict လုပ်ပြီး ကင်ဆာဝေဒနာရှင် တစ်ဦးချင်းစီမှာရှိတဲ့ ကင်ဆာဆဲလ်တွေက ဆေးပမာဏ ဘယ်လောက်နဲ့ ဘယ်လိုအတိုင်းတာထိ ပေးပြီးကုသသင့်တယ်ဆိုတာကို ခန့်မှန်းပေးတဲ့ tool လေးပဲဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်ခြင်းကြောင့် ဆေးယဉ်ပါးတာတွေကိုလဲ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

The National Cancer Institute has developed an AI tool called PERCEPTION. This tool predicts RNA sequences from a single cancer cell and identifies mutations in the cancer genome that could affect treatment response and prognosis. By analyzing these mutations and linking them with drug efficacy and resistance profiles, this tool facilitates personalized treatment decisions. It's a promising tool for advancing precision medicine and improving patient outcomes in cancer treatment.

နောက်ထပ်ကုထုံးတစ်ခုကတော့ MIT ကသိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ CRISPR technology ပဲဖြစ်ပါတယ်။ အထပ်မှာ ဖော်ပြခဲ့တဲ့အတိုင်း cancer ဆိုတာဟာ mutation ကနေဖြစ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီ technique မှာဆိုရင် သုတေသီတွေက mutation ရဲ့ effect တွေကိုလေ့လာနိုင်ဖို့ရန်နဲ့၊ အဲ့ဒီလိုလေ့လာခြင်းအားဖြင့်သိရှိလာရတဲ့ ကင်ဆာပုံစံနဲ့ ပိုပြီးကိုက်ညီတဲ့ targeted therapies တွေကို provide လုပ်ပေးနိုင်တဲ့ နည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။

Recently, MIT scientists have pioneered CRISPR technology, which is revolutionizing genetic research. In cancer, mutations play a crucial role, and CRISPR allows scientists to study the effects of these mutations. By understanding these effects, researchers can develop targeted therapies that specifically address the genetic abnormalities contributing to cancer. This technique holds promise in advancing precision medicine approaches for effective cancer treatment.

ဒီကုထုံးတွေအပြင် Pirtobrutinib ဆိုတဲ့ကုထုံးဟာဆိုရင် chronic lymphocytic leukemia ကိုခံစားနေရပြီး အရင်ကဘလိုကုထုံးတွေနဲ့ဘလောက်ကုကု မသက်ဘူးဆိုတဲ့သူတွေ၊ ကင်ဆာဆဲလ်တွေပြန်ပြီးပေါ်ပေါက်လာတဲ့လူနာတွေအတွက် FDA ကနေ approved ပေးခဲ့တဲ့ ကုထုံးတစ်မျိုးပဲဖြစ်ပါတယ်။ ထိုနည်းတူပဲ FLT3-ITD လို့ခေါ်တဲ့ genetic mutation နဲ့ လူနာတွေအတွက်ကိုတော့ Quizartinib ဆိုတဲ့ treatment ကို FDA ကနေ approved ပေးခဲ့ပါတယ်။

These days, a drug called Pirtobrutinib is showing promise in treating chronic lymphocytic leukemia, offering hope for patients who haven't responded well to other treatments. Similarly, Quizartinib has been FDA-approved for treating individuals with FLT3-ITD genetic mutations. These advancements represent significant steps forward in personalized medicine for cancer patients.

အထပ်ပါဖော်ပြထားတဲ့ ကုထုံးတွေက သုတေသီတွေကနေ ပိုပြီးတော့ improve လာအောင် ဆက်တိုက်စူးစမ်း‌လေ့လာနေကြဆဲဖြစ်တဲ့အလျောက် ယင်းကုထုံးတွေဟာလဲ ပြောင်းလဲမှုတွေ ပိုပြီးတိုးတက်လာတာတွေ ဖြစ်နိုင်ပါတယ်။

The advancements in these drugs are leading to significant improvements in treating previously difficult-to-manage conditions among patients. These developments include refining and enhancing therapeutic outcomes, marking substantial progress in medical treatment strategies.

ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးသွားတဲ့ စာဖတ်ပရိတ်သတ်တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်နော်ကထပ် ကျန်းမာရေးဆိုင်ရာဆောင်းပါးတွေမှာ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။🩺💌

Thanks for reading our article and I hope we'll we see again in another article.

SOURCES;

https://www.mayoclinic.org/.../symptoms-causes/syc-20374373

https://www.nhs.uk/condit.../acute-myeloid-leukaemia/causes/

https://www.mayoclinic.org/.../symptoms-causes/syc-20374373

https://my.clevelandclinic.org/health/diseases/4365-leukemia

https://www.mayoclinic.org/.../diagnosis.../drc-20374378

https://www.mayoclinic.org/.../diagnosis.../drc-20374378

https://www.mayoclinic.org/.../radiati.../about/pac-20385162

https://www.mayoclinic.org/.../radiati.../about/pac-20385162

https://emedicine.medscape.com/article/208954-overview...