What is Tachycardia?

What is Tachycardia?

The Blossoms
The Blossoms 21 Jul 2024

Hello..Hello... Blossoms လေးတို့ရေ

မေးစရာလေးရှိလို့ 👀

Tachycardia (တိုက်ခီကားဒီးယား) ဆိုတာ ဘာလဲ သိပြီးပြီလား...သူက ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ‌ဖြစ်တဲ့ ရောဂါလဲ??

သီချင်းလေး တစ်ပုဒ်ရှိတယ်လေ 👀

🎵🎶 ရင်မှာခံစားရတဲ့အဖြစ်ကိုမင်းကနားမလည်ဘူး

ရင်မှာခံစားရတဲ့အဖြစ်က သူ့ကြောင့်လား tachycardia ကြောင့်လား 😢

အဲ့နှစ်ခုကို ခွဲခွဲ ခြားခြား သိချင်တယ်ဆိုရင် ဒီစာ‌လေးကိုဖတ်ရင်းအဖြေရှာကြည့်ကြတာပေါ့ 🤓

~တိုက်ခီကားဒီးယား သို့မဟုတ် နှလုံးခုန်မြန်ခြင်း~

Tachycardia ဆိုတာ နှလုံးခုန်နှုန်း ပုံမှန်ထက် မြန်တာကို ဆိုလိုတာပါ။ ဆိုတော့ နှလုံးခုန်နှုန်းမြန်ခြင်းရဲ့ဆေးပညာ အခေါ်အဝေါ်တစ်ခုပေါ့။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား လူတွေမှာ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ်ရေ ၁၀၀ ထက်များနေရင် နှလုံးခုန်နှုန်းမြန်တယ်လို့ ခေါ်ပါတယ်။ နှလုံးခုန်နှုန်းမြန်တာက ပုံမှန်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြောချင်တဲ့သဘောက ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းကြောင့် နှလုံးခုန်နှုန်းမြန်နိုင်သလို များပြားလှတဲ့ နှလုံးစည်းချက်မူမမှန်ရောဂါတွေကြောင့်လည်း နှလုံးခုန်နှုန်းမြန်တတ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒါတွေကို ခုန်နှုန်းမြန်နှလုံးစည်းချက်မူမမှန်ခြင်း (တိုက်ခီအရီသမီးယား သို့မဟုတ် Tachyarrhythmia) လို့လည်းခေါ်ပါတယ်။

Hello.. Hello.. Blossoms 👋

I have a question for you 👀

Do you know what Tachycardia is?... And, which part of the body does it affect??

Haven’t you heard of a song that goes,

"🎵🎶 ရင်မှာခံစားရတဲ့အဖြစ်ကိုမင်းကနားမလည်ဘူး "

Is it because of “him/her” or because of tachycardia? 😢

If you want to know the difference between the two, please read this article till the end.😉

What's Tachycardia?

Tachycardia is a heart rate that exceeds the normal resting rate. It is the medical term for a fast heart beat. In general, a heart rate over 100 beats per minute is considered tachycardia in adults. A rapid heartbeat can be normal or abnormal. For instance, tachycardia is usually caused by a strenuous exercise while the heart rate also rises due to many types of heart rhythms. So it is also called tachyarrhythmia.

🎵 🎶 “အဘယ်ကြောင့်ဆိုသောအားကြီးလွန်းတဲ့သက်ရောက်မှုတခုကြောင့်”

Tachycardia ရဲ့ အဘယ်ကြောင့်ဆို‌သော (causes) လေးတွေလေ့လာကြတာပေါ့

နှလုံးနှင့်ပတ်သက်သောရောဂါမှ Tachycardia ဖြစ်ခြင်း

Tachycardia ဖြစ်ရတဲ့ အဓိကအ ကြောင်းအရင်းကတော့ နှလုံးရောဂါတွေ ဖြစ်ကြပါတယ်။ နှလုံးသွေးကြောကျဥ်းရောဂါ၊ နှလုံး‌ဖောက်ခြင်းနှင့် နှလုံးပျက်စီးခြင်း များက နှလုံးခုန်မြန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ arrhythmias (ဥပမာ atrial fibrillation) နှင့် Wolff-Parkinson-White syndrome ကဲ့သို့သော လျှပ်စီးကြောင်းစနစ်မူမမှန်မှုများက ပုံမှန်နှလုံးခုန်ခြင်းကို နှောင့်ယှက်ကာ နှလုံးခုန်မြန်စေပါတယ်။

နှလုံးရောဂါနဲ့ ဆက်စပ်မှုမရှိဘဲဖြစ်သော Tachycardia

နှလုံးရောဂါနဲ့ ဆက်စပ်မှုမရှိဘဲဖြစ်သော Tachycardia လည်း အလွန်အရေးပါပါတယ်။ ဖျားနာခြင်း၊ သွေးအားနည်းခြင်းနှင့် ခန္ဓာကိုယ်တွင်း‌ အောက်ဆီဂျင်ကျခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာအခြေအနေများက နှလုံးခုန်နှုန်းမြှင့်တင်စေပါတယ်။ အကျင့်စာရိတ္တဆိုင်ရာ အကြောင်းအရင်းများတွင် ကော်ဖီနှင့်အရက်အလွန်အကျွံသောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတို့သည် နှလုံးကို အလွယ်တကူထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှားမှုများက ရင်ခုန်မြန်တက်စေပါတယ်။ ထို့အပြင် အချို့သောဆေးများ (ဥပမာ decongestants နှင့် asthma ဆေးများ) သည်လည်း နှလုံးခုန်နှုန်းတက်စေနိုင်ပါတယ်။

Cardiac-Related Causes

Heart conditions are a primary cause of tachycardia. Coronary artery disease, heart attacks, and congestive heart failure can all prompt the heart to beat faster to maintain adequate circulation. Electrical system abnormalities, such as arrhythmias (e.g., atrial fibrillation) and Wolff-Parkinson-White syndrome, disrupt normal heart rhythms and cause rapid heartbeats.

Non-Cardiac Causes

Non-cardiac factors also contribute significantly. Physiological conditions like fever, anemia, and hypoxia elevate the heart rate. Lifestyle factors, including excessive caffeine or alcohol intake, tobacco use, and drug abuse, can stimulate the heart. Stress and anxiety, through the body’s "fight or flight" response, also cause tachycardia. Additionally, certain medications, such as decongestants and asthma drugs, have side effects that increase heart rate.

Tachycardia အမျိုးအစားများ 📒

မျက်နှာများတဲ့တိုက်ခီလို့ခေါ်ရမလားပဲ 😬အမျိုးအစားလေးတွေကများတော့ ပေါက်ပေါက်စုပ်လေး စားရင်းဖတ်ပေးနော်😘🍿

❗️Atrial Fibrillation (AFib):

အများဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးခုန်မြန်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်ခြင်းမျိုးဖြစ်တယ်။ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်ခြင်းမျိုး စဖြစ်လာပြီး အချိန်ကြာလာတာတဲ့အမျှ ဖြစ်တဲ့အချိန်က ပိုပိုတိုးလာမှာဖြစ်တယ်။ ပုံမှန်မကုသပါက သွေးခဲခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးပျက်စီးခြင်း စတဲ့ ရောဂါအခြေအနေတွေ အထိဖြစ်လာနိုင်ပါတယ်။

❗️Atrial Flutter:

နှလုံးရဲ့ အပေါ်ဘက် အခန်းတွေမှာ သွေးလည်ပတ်မှုမြန်တာကြောင့် ဖြစ်လာတဲ့ မြန်ပေမဲ့ ပုံမှန်ဖြစ်နေတဲ့ နှလုံးခုန်နှုန်း ဖြစ်ပါတယ်။

❗️Supraventricular Tachycardia (SVT):

နှလုံးရဲ့အပေါ်ခန်းမှာဖြစ်ပေါ်တဲ့ အရမ်းမြန်တဲ့ နှလုံးခုန်နှုန်း ဖြစ်တယ်။ ဖြစ်ရတဲ့အကြောင်းအရင်းက များသောအားဖြင့် နှလုံးထဲမှာလမ်းကြောင်းများနေလို့ ဖြစ်တယ်။

❗️Ventricular Tachycardia (VT):

နှလုံးရဲ့အောက်ခန်းမှာ စတင်ဖြစ်လာတဲ့ အရမ်းမြန်တဲ့ နှလုံးခုန်နှုန်း ဖြစ်တယ်။ ပုံမှန်ဆေးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိသည်အထိ ဖြစ်လာနိုင်ပါတယ်။

❗️Sinus Tachycardia

လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း (သို့) stress များနေချိန် ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးခုန်မြန်ခြင်းဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်လဲ ဖြစ်နေနိုင်ပါတယ်။

-----------------------------------------------------------------------------

Types of tachycardia 📒

There are a lot of types of tachycardia, so enjoy your popcorn along the journey 😘🍿

❗️Atrial Fibrillation (AFib):

This is a common type where the heart beats fast and irregularly.It often begins as short periods of abnormal beating,which become longer or continuous over time.It can cause serious issues like blood clots,stroke, and heart failure if not treated.

❗️ Atrial Flutter:

A fast but regular heart rhythm due to a quick circuit in the upper chambers of the heart.

❗️Supraventricular Tachycardia (SVT)-SVT:

Includes a variety of conditions where the rapid heartbeat starts above the ventricles.It can cause symptoms like palpitations,dizziness, and chest pain.

❗️Ventricular Tachycardia (VT):

A very fast heart rate that starts in the lower chambers of the heart, which can be dangerous if not treated.

❗️Sinus Tachycardia:

A fast heart rate that starts from the heart’s natural pacemaker, which can be normal during exercise or stress but might also indicate a health issue.

ကဲ Tachycardia ရဲ့ ရောဂါလက္ခဏာလေးတွေကို အတူတူကြည့်ကြရအောင်🤗

📍ရင်တုန်ပန်းတုန်ဖြစ်ခြင်း

📍ရင်ဘက်အောင့်ခြင်း

📍အသက်ရှူမြန်ခြင်း

📍ပင်ပန်းနွမ်းနယ်ခြင်း

📍ခေါင်းကိုက် မူးဝေခြင်း

📍အမြင်အာရုံမကြည်လင်ခြင်း

📍ချွေးထွက်လွန်ခြင်း

📍အပင်ပန်းမခံနိုင်ခြင်း

📍ရုတ်တရက်မူးမေ့လဲခြင်း

ဟီဟီး၊ မူးသွားပြီမလား😵‍💫 ဟောဒီမှာ လိမ္မော်ရည်လေး🧃 ၁ငုံလောက် သောက်လိုက်ပါဦး😉

Let's check the signs and symptoms of tachycardia together 🤗

📍palpitations

📍chest pain

📍shortness of breath

📍fatigue

📍lightheadedness

📍blurred vision

📍excessive sweating

📍exercise intolerance

📍postural hypotension(syncope)

Hehe, are you dizzy now?😵‍💫 Here's some orange juice🧃 Come and take a sip 😉

သင့်နှလုံးမှာ မူမမှန်တဲ့ ပြဿနာတခုခုဖြစ်နေပြီဆိုရင် သူ့ကိုမပိုင်ဆိုင်ရလို့လား ဒါမှမဟုတ် Tachycardia ကြောင့်လား။ အဖြေရှာကြည့်ကြတာပေါ့။

တိုက်ခီကားဒီးယား သို့မဟုတ် နှလုံးခုန်မြန်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများ

💔နှလုံးရောဂါ

💔လေဖြတ်ခြင်း

💔နှလုံးရပ်ခြင်း

💔ခန္ဓာကိုယ်အစိတ်အပိုင်းများပျက်စီးခြင်း

💔နေ့စဉ်ဘ၀နေထိုင်မှုပုံစံအဆင်မပြေခြင်း

💔အိပ်ရေးပျက်ခြင်း

💔ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းများ အကန့်အသတ်ဖြင့်သာ လုပ်နိုင်ခြင်း

💔နှလုံးထိခိုက်ပျက်စီးခြင်း

👉 နှလုံးရောဂါ

-အချိန်ကြာရှည်စွာခံစားနေရသော နှလုံးခုန် မူမမှန်ခြင်းသည် နှလုံးကို သွေးအလုံ‌အလောက် မထုတ်နိုင်အောင် နှလုံး ကြွက်သားများကို အားနည်းစေပါတယ်။Ventricular ထဲမှာ ဖိအားတွေများပြားလာခြင်းက right and left ventricular နံရံတွေကိုထူလာစေပြီး နောက်ဆုံးမှာတော့ နှလုံးရောဂါ( heart failure)ကို ဖြစ်စေပါတယ်။

👉 လေဖြတ်ခြင်း

-တိုက်ခီကားဒီးယားသည်သွေးတွေကို စုပုံသွားစေပြီး သွေးကိုခဲစေပါတယ်။ ခဲသွားတဲ့သွေးတွေက နှလုံးကနေ ဦးနှောက်ကိုရောက်သွားပီး လေဖြတ်သွားနိုင်ပါတယ်။

👉 နှလုံးရပ်ခြင်း

- စက္ကန့်အနည်းငယ်ထက်ပိုကြာတဲ့ Ventricular tachycardia ကတခါတရံ နှလုံးရဲ့လုပ်ဆောင်ချက်တွေကိုရပ်တန့်သွားစေပါတယ်။ ရလဒ်အနေနဲ့တော့ အသက်အန္တရာယ်ရှိတဲ့ နှလုံးရပ်ခြင်းကို ဖြစ်‌စေနိုင်ပါတယ်။

👉 ခန္ဓာကိုယ်အစိတ်အပိုင်းများပျက်စီးခြင်း

- နှလုံးခုန်နှုန်းမြန်ခြင်းဟာ နှလုံးအခန်း(heart chambers) တွေကို နှလုံးခုန်ချက် တချက်နဲ့တချက်အကြား‌မှာ သွေးလုံလောက်စွာ မဖြည့်ပေးတဲ့အတွက် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးအလုံအလောက် မရောက်နိုင်တော့ဘဲ ထိုအစိတ်အပိုင်းတွေရဲ့လုပ်ဆောင်စွမ်းရည်တွေကို သက်ရောက်‌စေပါတယ်။

👉 နေ့စဉ်ဘ၀နေထိုင်မှုပုံစံအဆင်မပြေခြင်း

- တိုက်ခီကားဒီးယားရှိတဲ့လူတွေဟာ မူးဝေခြင်း၊ အသက်ရှူမ၀ဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်း၊ လေ့ကျင့်ခန်းအကန့်အသတ်ဖြင့်သာလုပ်ဆောင်ခြင်းတို့ဖြစ်တတ်ပါတယ်။ ထိုခံစားမှုတွေက သူတို့ရဲ့နေ့စဉ်ဘ၀မှာ နေထိုင်မကောင်း၊မအီမသာ၊သက်တောင့်သက်သာမရှိဖြစ်စေပါတယ်။ ကျန်းမာရေးမကောင်းတဲ့အတွက် နေ့စဉ်လုပ်ဆောင်ရမဲ့ တချို့အလုပ်တွေကို မလုပ်နိုင်၍ နေ့စဉ်ဘ၀နေထိုင်မှုပုံစံ အဆင်မပြေ ဖြစ်လာရပါတယ်။

👉 အိပ်ရေးပျက်ခြင်း

- တိုက်ခီကားဒီးယားရဲ့ရောဂါလက္ခဏာဖြစ်တဲ့ ရင်တုန်ပန်းတုန်ဖြစ်ခြင်းဟာ အိပ်ရာ၀င်ချိန် ၊ အိပ်ရာထချိန် ၊ တရေးအိပ်ချိန် စတဲ့ အိပ်စက်ချိန်ဇယားတွေကိုနှောင့်ယှက်ပြီး အိပ်ရေးပျက်ခြင်းကို ဖြစ်စေပါတယ်။

👉 ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းများအကန့်အသတ်ဖြင့်သာလုပ်နိုင်ခြင်း

- တိုက်ခီကားဒီးယားရဲ့လက္ခဏာတွေဖြစ်တဲ့ အသက်ရှူမ၀ဖြစ်ခြင်းနဲ့ မောပန်းခြင်းတို့ဟာ လူတယောက်ရဲ့ကိုယ်လက်လှုပ်ရှားလုပ်ငန်းတွေကို ကန့်သတ်လိုက်ပီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘ၀နေထိုင်မှုပုံစံသို့ တွန်းပို့ပေးလိုက်ပါတယ်။ အဲ့လိုဘ၀နေထိုင်မှုပုံစံက တခြားကျန်းမာရေး ပြဿနာများကိုတောင် ဖြစ်စေပါတယ်။

👉 နှလုံးထိခိုက်ပျက်စီးခြင်း

- ကြာရှည်စွာဖြစ်နေတဲ့နှလုံးစည်းချက်မူမမှန်တာဟာ နှလုံးရဲ့တည်ဆောက်ပုံကိုပြောင်းလဲစေပီးထိခိုက်ပျက်စီးစေ နိုင်ပါတယ်။ အဲ့လိုကနေ နှလုံးကြီးလာပြီး သွေးအလုံအလောက် မထုတ်ပေးနိုင်တဲ့ dilated cardiomyopathy ဆိုတဲ့ ရောဂါအခြေအနေကို ဖြစ်စေနိုင်ပါတယ်။

If you have permanent heart damage, is it because "he/she" can't be yours 😢 or because of tachycardia? Let's find out 🤓

Consequences of tachycardia:

💔Heart failure

💔Stroke

💔Cardiac arrest

💔Organ damage

💔Reduced quality of life

💔Sleep deprivation

💔Limited capabilities of physical activity

💔Permanent heart damage

👉 Heart failure ❤️‍🩹

Prolonged tachycardia can make decreased contractility of heart muscles weakening them so that the heart can't pump blood effectively. Elevated ventricular filling pressures can cause right and left ventricular wall thickening, eventually leading to heart failure.

👉 Stroke 💔

Tachycardia causes blood pooling which allows blood to clot.These clots can travel from the heart to the brain causing a stroke.

👉 Cardiac arrest ❤️‍🩹

Ventricular tachycardia episodes lasting more than a few seconds can sometimes cause all heart activities to stop resulting in cardiac arrest which is life-threatening.

👉 Organ damage 💔

The rapid beating of heart prevents the heart chambers from filling with blood between beats leading to insufficient blood supply to other organs affecting their ability to function.

👉 Reduced quality of life 🤕🤒

People with tachycardia may experience dizziness, breathlessness, fatigue, fainting, exercise intolerance in their day to day functions which makes them feel sick and uncomfortable most of the times.Their poor health conditions may also prevent them from certain daily activities and having quality life.

👉 Sleep deprivation 😴 💤

Symptoms of tachycardia such as palpitations can disrupt sleep patterns, causing sleep deprivation.

👉 Limited capabilities of physical activity 🥈🏃‍♀️

Tachycardia symptoms like breathlessness and fatigue limit person's ability to perform physical activities which can lead to sedentary lifestyle. This kind of lifestyle even drive them to other associated health issues.

👉 Permanent heart damage ❤️‍🩹

Sustained tachycardia can change the structure of heart muscles and damage them leading to conditions like dilated cardiomyopathy in which heart becomes enlarged and can't pump blood effectively.

ဆေး🎼အသဲကွဲတာပျောက်တာဆိုတဲ့ဆေး...🎼 ကမ္ဘာအခုထိရှာလို့မတွေ့"

လ်ို့ကော်နီကဆိုခဲ့ပေမဲ့ နှလုံးခုန်နှုန်းမြန်တဲ့ tachycardia ကတော့ကုလို့ရပါပြီနော်

ကုသမှု🏥

Tachycardia ကုသမှုရဲ့ရည်ရွယ်ချက်ကတော့ နှလုံးခုန်နှုန်းကို နှေးစေဖို့ နှင့် နောက်အခါမှာလည်း နှလုံးခုန်နှုန်း မမြန်အောင် ကာကွယ်ဖို့ဘဲ ဖြစ်ပါတယ်။👩‍⚕️🩺

"နှလုံးခုန်နှုန်းကို ကျစေတဲ့ နည်းလမ်းတွေကတော့"

- Vagal maneuvers -> ရိုးရှင်းတဲ့အပြုအမူလေး‌တွေဖြစ်ပါတယ်။ ချောင်းဆိုးထုတ်လိုက်ခြင်း၊ နှာခေါင်းပိတ်၍ ပါးစပ်ဖြင့် အသက်ရှူထုတ်ခြင်း ၊ မျက်နှာပေါ်ကို ရေခဲထုပ်တင်ခြင်း စသဖြင့်တို့ပေါ့။ ဒီအလေ့အကျင့်တွေဟာ နှလုံးခုန်နှုန်း ထိန်းရန် ထောက်ကူပေးတဲ့ vagus အာရုံကြောပေါ်ကို သက်ရောက်ပါတယ်။ 🧘‍♀️

- medicine (ဆေးဝါး) -> အပေါ်က vagal maneuvers လေ့ကျင့်ခန်း‌တွေနဲ့အဆင်မပြေပါက နှလုံးခုန်စည်းချက်ကို ထောက်ကူရန် ဆေး၀ါးပေးရပါတယ်။ 💊

- cardioversion -> နှလုံးကို လျှပ်စစ်ဖြင့် တုန်ခါစေပြီး နှလုံးခုန်နှုန်းကို မှန်ကန်စေဖို့

ရင်ဘတ်ပေါ် ကပ်ခွာကပ်တာပါ။ vagal maneuvers နဲ့ ဆေးဝါးတွေနဲ့တင်မလုံလောက်တဲ့အခါ သုံးပါတယ်။ ⚡️

နှလုံးခုန်နှုန်းမြန်ခြင်း ကာကွယ်ရန်နည်းလမ်းများမှာ ⚠️

- ဆေးဝါးအထောက်အကူ 💊 -> သုံးစွဲလို့ရတဲ့ဆေးတွေထဲမှာ beta-blockers၊ calcium channel blockers၊ potassium channel blockers၊ digoxin နှင့် adenosine တို့ပါဝင်ပါတယ်။

- Catheter Ablation -> နှလုံးထဲက သေးငယ်တဲ့ အမာရွတ်တွေကို အပူအအေးစွမ်းအင်နဲ့ ဖန်တီးဖို့ သုံးတဲ့ catheter လို့ခေါ်တဲ့ ပြွန်ကို သွေးကြောထဲ ထိုးသွင်းတာကိုခေါ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်အချက်ပြမှုတွေကို တားဆီးတာပေါ့။

- Pacemaker 📈 -> နှလုံးခုန်နှုန်း မှန်အောင် ထောက်ကူပေးဖို့ ရင်ဘတ်အရေပြားအောက်မှာ ခွဲစိတ်ထည့်သွင်းထားတဲ့ လျှပ်စစ်လမ်း‌ကြောင်းပို့ ကိရိယာဖြစ်ပါတယ်။

- Implantable Cardioverter-Defibrillator (ICD) ⚡️-> နှလုံးခုန်နှုန်း ထိန်းညှိပေးဖို့ရန် ညှပ်ရိုးနားက အရေပြားအောက်မှာ ရှော့ ရိုက်ဖို့

ခွဲစိတ်ထည့်ထားတဲ့ ကိရိယာဖြစ်ပါတယ်။

- Maze Procedure -> ခန္ဓာကိုယ်တွင်း တစ်ရှူးသားပေါ် အမာရွတ်‌ကြောင်းတွေ ဖန်တီးဖို့ နှလုံးအပေါ်ပိုင်းကို သေးငယ်သောဖြတ်တောက်မှုတွေလုပ်တဲ့ ခွဲစိတ်မှူအသေးစားလေးပါ။

- ခွဲစိတ်မှု 🏥⚕️-> နှလုံးဖွင့် ခွဲစိတ်ခြင်းဟာ tachycardia ဖြစ်စေသော အပိုနှလုံးခုန်လမ်းကြောင်းကို ဖျက်စီးတာပါ ။ ကုသမှုနည်းတွေ ကုန်သွားရင် ဒါမဟုတ် တခြားနှလုံးရောဂါတွေမှာ လိုအပ်ရင် ခွဲစိတ်ပါတယ်။

ကြည့်ပါဦး၊ ဖတ်ရတာ ဗိုက်တောင်ဆာကုန်ပြီ😞 စိတ်မပူနဲ့စတော်ဘယ်ရီသီးလေးလာပါပြီ 🍓 ခွံကျွေးမှာမလို့ "အာ" ဆိုပြီးပါးစပ်လေးသာ ဟထား🤭

-----------------------------------------------------------------------------

Treatment 🏥

Even if there is no cure for heartbreak, tachycardia can be successfully treated.

The aims of tachycardia treatment are to slow a fast heart rate and to prevent future incidents of a fast heart rate. 👩‍⚕️🩺

The ways to slow down a fast heart rate include:

- Vagal maneuvers -> these are simple and specific actions such as coughing, pushing air out with your mouth while mouth is closed or applying a pack of ice on your face. These actions affect the vagus nerve which helps control the heartbeat. 🧘‍♀️

- medicine -> if vagal maneuvers don't work, medication is given to correct the heartbeat rhythm. 💊

- cardioversion -> putting patches on the chest to electrically shock the heart and correct the heartbeat. It's used when vagal maneuvers and medicine don't work. ⚡️

Ways to prevent future episodes of a fast heart rate:

- Medicine 💊 -> examples include beta-blockers, calcium channel blockers, potassium channel blockers, digoxin and adenosine

- Catheter Ablation -> inserting through a blood vessel, thin flexible tubes called catheters that use heat or cold energy to make tiny scars in the heart. The scars block irregular electrical signals.

- Pacemaker 📈 -> a device surgically placed under chest skin to send electrical impulses that help correct the heart rhythm .

- Implantable Cardioverter-defibrillator (ICD) 🫀⚡️ -> device placed under skin, near the collarbone, to send low or high energy shocks to reset the heart rhythm.

- Maze Procedure -> a minimally invasive surgery, making tiny cuts in the upper chambers of the heart to create a pattern of scar tissue, blocking irregular heart signals.

အခုဆိုရင်တော့နှလုံးခုန်မြန်ရတာ tachycardia ကြောင့်လား ခရှက်ရှ်ကြောင့်လားဆိုတာ ခွဲခြားနိုင်ပြီပေါ့😶 နောက်ထွက်မဲ့ဆောင်းပါးလေးတွေကို စောင့်မျှော်ရင်း like & follow လေးတွေ လုပ်ပေးခဲ့ကြပါဦးနော်။ဒီ ဆောင်းပါးလေးကနေ အကျိုးရှိမှတ်သားဖွယ်လေးတွေကို ရရှိအသုံးချနိုင်မယ်လို့မျှော်လင့်ပါတယ်။ Blossoms လေးတို့ကို ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလျက်...

Now, you can discern whether your heart is racing due to your crush or tachycardia😶 Stay tuned for more upcoming articles, and be sure to like and follow our page. We hope this article has provided valuable insights for you to utilize effectively, and we wish health and fortune to our Blossoms.