GED Math Prepartion

Shoes
avatar
Pa Pa GED Instructor
2024-08-19
GED Math Prepartion - 3 months

အခုလက်ရှိ လူငယ်တွေကြားရေပန်းအစားဆုံးဖြစ်နေတဲ့ ပညာ‌ရပ်တစ်ခုကိုသိကြပြီးပြီလား။လူငယ်ဆယ်ကျော်သက်တွေကြားထဲမှာတော့ ဖြေဆိုပြီးသူတွေရော၊ဖြေဆိုသင်ယူနေဆဲသူတွေပါ အများကြီးမှအများကြီးရှိနေတဲ့ အမေရိကန် (၁၂)တန်းပညာရပ် GED ကိုတော့ မသိတဲ့သူရှိမှာကို မဟုတ်လောက်ဘူးနော်။ ဒီကနေ့မှာတော့ The Blossoms ကနေ GED ကို လေ့လာချင်နေတဲ့လူငယ်ကျောင်းသား၊ကျောင်းသူတွေအတွက် သတင်းကောင်းတစ်ခုကိုယူဆောင်လာပြီပဲဖြစ်ပါတယ်။ 🪸💜🫧

GED ဆိုတာကတော့ General Educational Development ဖြစ်ပြီး American Grade 12 နဲ့ညီမျှတာမို့ ဖြေဆိုအောင်မြင်ပြီးသူတွေအနေနဲ့ University တန်းလျှောက်ပြီးတက်ရောက်နိုင်ပြီပဲဖြစ်ပါတယ်။ GED မှာဆိုရင် ဘာသာရပ်တွေအနေနဲ့ Reasoning Through Language Arts (RLA), Social studies, Science နဲ့ Mathematics ဆိုပြီး ဘာသာရပ်လေးခုပါဝင်ပါတယ်။ ဘာသာရပ်တစ်ခုချင်းစီအလိုက် ဖြေဆိုအောင်မြင်ပြီးမှ GED ကို ပြီးဆုံးမှာဖြစ်ပါတယ်။ဒါ့ကြောင့် ဘာသာရပ်တစ်ခုချင်းစီအလိုက် သေသေချာချာ‌လေ့လာသင်ယူပိုင်နိုင်မှဖြစ်ပါလိမ့်မယ်နော်။ အဲ့ဒီလိုအရေးပါလှတဲ့ ဘာသာရပ်တွေထဲက တစ်ခုဖြစ်တဲ့ Mathematics ဘာသာရပ်ကို Preparation အတန်းလေးအနေနဲ့ The Blossoms ကနေ လူကြီးမင်းတို့ရှေ့ကို ယူ‌ ဆောင်လာပြီး စီစဉ်ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ 🌟❤️

အတန်းရဲ့အသေးစိတ်အချက်အလက်အနေနဲ့
Tr Antonella က ဦးဏီးပို့ချမှာဖြစ်ပြီး
Level - GED math preparation
Time-Mon,Tue (10:00-11:30am)
Book- Mc GrawHill, Kaplan
Student limit -10
(Education level -At least old education system Grade-9 & new system Grade-11)
Duration -3months
Platform -Zoom တို့မှာ Tr.နဲ့ face to face သင်ကြားရမှာဖြစ်ပြီး Start date အနေနဲ့ 15.7.2024 မှာစတင်သွားတော့မှာမို့ ဒီလိုရှားပါးတဲ့အခွင့်အရေးကောင်းကြီးကို လက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 🎀💗

ကျောင်းသားလူဦးရေလေးကလည်း ကန့်သတ်ထားတာမို့ လက်နှေးနေလို့မဖြစ်ဘူးနော် 🥝🪄

ယနေ့လိုအရာရာတိုးတက်ပြောင်းလဲနေကြတဲ့ခေတ်ကြီးထဲမှာ ပညာရေးကိုနောက် Level မြှင့်ချင်ပြီး နိုင်ငံရေးမှာပညာသင်ဖို့အတွက်လည်း အတော်လေးကို အရေးပါအရာရောက်နေတဲ့ ပညာရပ်တစ်ခုကို Free of Charge အနေနဲ့သင်ကြားရမှာဆိုတော့ ဒီထပ်ကြီးမားတဲ့အခွင့်ထူးမရှိလောက်တော့ဘူးနော်။ ဒါကြောင့် အခုပဲ The Blossoms ရဲ့ messenger ကိုလာရောက်စုံစမ်းပြီး Google Form လေးထုတ်ယူရင်း သင်တန်းအပ်လိုက်ကြတော့နော်။ 🙌🏻📣

Hi, Admin.