ဘာသာစကားတွေတစ်မျိုးပြီးတစ်မျိုးပြောကြတာရော၊ သင်ယူလေ့လာကြတာရောက ခုခေတ်ရဲ့ trend တစ်ခုလိုတောင်ဖြစ်လာပါပြီ။ လူငယ်တွေအများစုရဲ့ကြားမှာတော့ မိခင်ဘာသာစကားအပြင် တခြားဘာသာစကားတစ်ခုကိုပါလေ့လာသင်ယူပြီး communication လုပ်လာကြတာက တကယ်ကို ရေပန်းစားလျက်ရှိပါတယ်။ ခေတ်မှီ modern ဆန်ဆန်နေထိုင်ခြင်းတစ်ခုလို့ဆိုလိုလို့ရသလို တကယ်ကိုမှ ကောင်းကျိုးဖြစ်စေတဲ့ပညာတစ်ရပ်လို့လည်း ဆိုရမှာပါနော်။ 🌱🙌🏻
ဒီကနေ့မှာတော့ မြန်မာနိုင်ငံအတွင်းသင်ယူလေ့လာမှုအများဆုံးနဲ့ ကလေးကအစလူကြီးအဆုံး မသိတဲ့သူမရှိသလောက်ရှားပါးတဲ့ Language တစ်ခုကိုပြောပြရင်း အဲ့ဘာသာစကားနဲ့ပတ်သက်တဲ့ အတန်းတစ်တန်းကိုလည်း Blossoms လေးတို့အတွက် Free of Charge အနေနဲ့ ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ 💌💭
အဲ့ဒီ့ဘာသာစကားလေးက ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ရအောင်။ အဲ့ဒီ့ဘာသာစကားလေးက လူတော်တော်များများလေ့လာနေကြပြီး ခက်ခဲတယ်လို့နာမည်ကြီးပါတယ်။ အဲ့ဒီ့ဘာသာစကားရဲ့မိခင်နိုင်ငံမှာလည်း မြန်မာတွေအများစု သွားရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ ပြီးတော့ နိုင်ငံရဲ့ရာသီဥတုက အတော်လေးကို အေးတဲ့အထဲပါပြီးတော့ အဲ့နိုင်ငံမှာရှိတဲ့သူတွေကလည်း တကယ့်ကိုစည်းကမ်းကြီးမားပြီး Life standard အတော်လေးမြင့်ကြပါတယ်။ ဒီလောက်ဆိုရင်တော့ Blossoms လေးတို့ ခန့်မှန်းမိသလောက်ရှိသွားပြီလို့ ထင်ပါတယ်။ ဟုတ်ပါတယ် ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်ဘာသာစကားသင်ယူဖို့ အခွင့်အရေးကို မျက်စိရှေ့မှောက်ယူဆောင်ပေးလာတာပဲဖြစ်ပါတယ်ရှင်။ 🎀❤️
အတန်းလေးရဲ့ အသေးစိတ်အချက်အလက်တွေကတော့
Japanese Class ( N3 )
Start Date - 24th July
Duration - 12 weeks
Monday/Tuesday - 3:30pm to 5:00pm ( Tr @Keelips15 )
- Vocabulary and Grammar
__
Wednesday/Thursday - 3:30pm to 5:00pm ( Tr @htooaung115 )
- Kanji and speaking
တို့ဖြစ်ကြပြီး ဆရာနှစ်ယောက်က တာဝန်ကိုယ်စီခွဲယူပြီး ပို့ချပေးသွားမှာဖြစ်ပါတယ်။ 💫💕
ဒါကြောင့် ကိုယ်တိုင်ကစိတ်ဝင်စားလို့ဖြစ်စေ၊ကိုယ့်အသ်မိတ်ဆွေအတွက် အကျိုးရှိစေလို့ဖြစ်စေ အခွင့်အရေးမဆုံးရှုံးသွားခင် အမြန်ဆုံးစာရင်းသွင်းရင်း အတန်းတက်ဖို့အတွက် The Blossoms ရဲ့ messenger မှာ Google form ထုတ်ယူရင်း opportunity ကို အမိအရဆုပ်ကိုင်လိုက်ရအောင်နော်။ 📢🔮