ပုံဆွဲရတာ ဝါသနာပါပေမဲ့ ဘယ်ကဘယ်လိုစဆွဲရမှန်းမသိဖြစ်နေတဲ့သူတွေရှိလား ?? 💭
video တွေလိုက်ရှာကြည့်ပြီး သူတို့ဆွဲတော့လွယ်လွယ်လေး ငါဆွဲရင်ကျ အဲ့လိုထွက်မလာဘူးဆိုပြီး ငြီးနေကြတဲ့သူတွေရောရှိလား ?? 😿
သေချာစိတ်နှစ်ပြီးဆွဲနေပေမဲ့ ကြိုးစားနေပေမဲ့ ရလဒ်ကထင်သလောက်မလှဘူးဆိုပြီး စိတ်ညစ်နေတဲ့သူတွေရော ရှိကြတယ်ဟုတ် ?? 👀
ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့ပုံဆွဲတဲ့နည်းလမ်းကို စနစ်တကျမှန်မှန်ကန်ကန်နဲ့ အခြေခံအချက်အလက်တွေနားလည်ပိုင်နိုင်ပြီး ဘယ်ပုံမဆို မကြောက်မလန့်ဘဲဆွဲနိုင်အောင် The Blossoms ကနေ Basic Pencil Drawing အတန်းလေးကို အားလုံးအတွက် ရိုးရာမပြတ် Free of Charge အနေနဲ့ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လက်နဲ့ဆွဲလိုက်သမျှ ပုံလေးတွေလှပသပ်ရပ်နေစေဖို့ အတန်းလေးလာအပ်မှဖြစ်တော့မယ်နော်။ 🪄🖼️
အတန်းအကြောင်းအရာအသေးစိတ်လေးကတော့
Tr.Panthar က သင်ကြားပို့ချပေးမှာဖြစ်ပြီး
Level- Basic pencil drawing (still life )
Start date-26.8.2024 (Monday)
Time - Mon-Tue ( 6pm- 7:30pm)
Student limit-30
Duration - 2 months around
Platform - Google meet or vd class
မှတ်ချက်- အိမ်စာများများပေးမှာ ဖြစ်လို့ အိမ်စာလုပ်နိုင်မယ့်သူဖြစ်ရပါမည်။
ဆရာမပြရင် ငပိဖုတ်တောင်နည်းမကျဘူးဆိုသလို ဒီလို စာအုပ်တစ်အုပ်နဲ့ခဲတံနဲ့ရှိရင်ဆွဲလို့ရတာပဲလို့ထင်ကောင်းထင်နိုင်တဲ့ ခဲပန်းချီဆိုတဲ့ အနုပညာတစ်ရပ်ဟာလည်း အင်မတန်ခက်ခဲလှပြီးပါရမီကြီးမားတာမို့ သေချာအချိန်ယူလေ့လာမှ အဆင်ပြေနိုင်ပါမယ်နော်။ ကိုယ်တိုင်ဆွဲထားတဲ့ပန်းချီလေးတွေ လှပသေသပ်နေရင် ဘယ်သူဆီကမှမကြားရရင်တောင် ကိုယ်တိုင်တအားဂုဏ်ယူမိပြီးပီတိဖြစ်ရတာကြုံဖူးသူတိုင်းသိပါလိမ့်မယ်နော်။ 🎊🥇
ဒါကြောင့် အခြေခံအုတ်မြစ်ကိုသေချယဆောက်ပြီး အမြင့်ထိတက်လှမ်းနိုင်ဖို့ ဒီ Basic Pencil Drawing class လေးကို တက်ရောက်ဖို့ The Blossoms ရဲ့ messenger မှာ Google form လေးလာရောက်ထုတ်ယူပြီး အပ်နှံနိုင်ပါပြီရှင်။ ☘️❤️